သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနရပ္ျပန္ေရး မေရရာမႈေတြနဲ႔ ႀကဳံေနရတဲ့ ကခ်င္စစ္ေရွာင္ေတြရဲ႕ဘဝ


ကခ်င္ စစ္ေျပးဒုကၡသည္ မိသားစုမ်ား

တေက်ာ့ျပန္ ကခ်င္စစ္ပြဲေတြၾကား ဆယ္စုႏွွစ္တခုေက်ာ္ IDP ဒုကၡသည္စခန္းေတြထဲ ခိုလႈံေနရဆဲ ကခ်င္စစ္ေျပးေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး လုံၿခဳံေရးအာမခံခ်က္ေပးဖို႔ ခက္ေနတယ္လို႔ ေနရပ္ျပန္ေရး ဦးေဆာင္စီစဥ္ေပးေနတဲ့ ေဒါက္တာခလမ္ဆြမ္ေဆာင္( Dr.Hkalam Samson) က ေျပာပါတယ္။ စစ္ေရးတင္းမာမႈ ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔ သဘာဝေဘး၊ ႂကြက္အႏၲရာယ္ေတြေၾကာင့္ပါ စားနပ္ရိကၡာနဲ႔ အေျခခံေဆးဝါးေစာင့္ေရွာက္မႈေတြ အေရးေပၚ လိုအပ္ခ်က္ေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ကူညီေပးေနသူေတြက ေျပာပါတယ္။ ဂ်ပန္နိပြန္ေဖာင္ေဒးရွင္းရဲ႕အကူအညီနဲ႔ ေနရပ္ျပန္မယ့္စစ္ေရွာင္ေတြအတြက္ အိုးအိမ္ျပန္လည္ထူေထာင္ေရးနဲ႔ အသက္ေမြးေက်ာင္းအတြက္ စီစဥ္ေဆာင္႐ြက္ေနဆဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတဝန္း စစ္ေျပးေရွာင္ဒုကၡသည္ေတြ တိုးလာခ်ိန္ လြန္ခဲ့တဲ့ (၁၁) ႏွစ္ေက်ာ္ကတည္းက အိုးအိမ္စြန႔္ခြာခဲ့ရတဲ့ သိန္းခ်ီတဲ့ ကခ်င္ဒုကၡသည္ေတြ ရင္ဆိုင္ေနရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ မဆုမြန္က ဆက္သြယ္ေမးျမန္း စုစည္းတင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ထဲမွာ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) လက္ေအာက္ခံ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) နဲ႔ ျမန္မာအစိုးရစစ္တပ္တို႔ၾကား ၁၉၉၄ ကေနစလို႔ (၁၇) ႏွစ္တာ အပစ္ရပ္ၿပီးတဲ့အခ်ိန္ ၂၀၁၁ ခုႏွစ္ကစလို႔ တေက်ာ့ျပန္ စစ္ျပန္ျဖစ္ခဲ့တာ ဒီႏွစ္ဆိုရင္ (၁၁) ႏွစ္ျပည့္ပါၿပီ။ အခုအခ်ိန္အထိလည္း ကခ်င္ျပည္နယ္ ဝိုင္းေမာ္ ဆဒုံး၊ ဖားကန႔္ ဆယ္ဇင္း၊ ကာမိုင္းစတဲ့ေဒသေတြမွာ ကခ်င္လက္နက္ကိုင္တပ္ KIA၊ ျပည္သူ႔ကာကြယ္ေရးတပ္ PDF အဖြဲ႕ေတြ နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ေလေၾကာင္းသုံးတိုက္တဲ့အထိ တိုက္ပြဲေတြျပင္းထန္ေနဆဲမို႔ နယ္ေျမမတည္ၿငိမ္ေသးလို႔ ကခ်င္ျပည္နယ္က IDP စစ္ေရွာင္စခန္းေတြမွာ ခိုလႈံေနထိုင္ေနရတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး မေရမရာ ျဖစ္ေနပါတယ္။ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO) ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာ ခိုလႈံေနထိုင္တဲ့ IDP ဒုကၡသည္ေတြနဲ႔ အစိုးရ ထိန္းခ်ဳပ္နယ္ေျမထဲက ဒုကၡသည္စခန္းေတြထဲ ခိုလႈံေနထိုင္သူ၊ တ႐ုတ္နယ္စပ္မွာ ခိုလႈံေနထိုင္သူေတြ စုစုေပါင္း တသိန္းေက်ာ္အထိ ရွိေနခဲ့တာပါ။

KIO ထိန္းခ်ဳပ္နယ္ေျမ အစိုးရထိန္းခ်ဳပ္နယ္ေျမက ကခ်င္စစ္ေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ေရး စီစဥ္ေပးေနတဲ့ ေနာက္ဆုံးအေျခအေနကို ကခ်င္ေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ (The Kachin Humanitarian Concern Committee - KHCC) ရဲ႕ ဥကၠ႒လည္းျဖစ္၊ KBC ကခ်င္ႏွစ္ျခင္း ခရစ္ယန္အဖြဲ႔ခ်ဳပ္ရဲ႕ ဥကၠ႒လည္းျဖစ္တဲ့ ေဒါက္တာ Hkalam Samson က ဗြီအိုေအျမန္မာပိုင္းကို အခုလိုရွင္းျပပါတယ္။

“ျပန္ဖို႔ က်ေနာ္တို႔ ဆုံးျဖတ္ထားတာေတြ ရွိတယ္။ တခ်ိဳ႕ျပန္တဲ့သူေတြကေတာ့ ျပန္သြားၾကၿပီ။ ဒါေပမဲ့ အတည္တက် ေနထိုင္ဖို႔က်ေတာ့ နည္းနည္း စႏိုးစေနာင့္ျဖစ္ေနတယ္။ အေျခအေနက တည္ၿငိမ္မႈ မရွိေတာ့ သူတို႔ျပန္ႏိုင္ေရးက နည္းနည္း လုံၿခဳံမႈမွာ အာမခံခ်က္ေပးဖို႔ ခက္ေနတယ္။

မဆုမြန္ ။ ။ အဲ့ေတာ့ လုံၿခံဳေရး အာမခံခ်က္ေပးႏိုင္ဖို႔နဲ႔ ဆရာတို႔ ေနရပ္ျပန္ဖို႔ကိစၥကို ဘယ္လိုမ်ား ဆက္စီစဥ္ထားပါသလဲရွင္။

ေဒါက္တာ Hkalam Samson ။ ။ က်ေနာ္တို႔ကေတာ့ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာ မူတည္ၿပီး လုပ္ေဆာင္မႈေတြေတာ့ ရွိေနပါတယ္။ ဒါေပမဲ့ သိပ္တြင္တြင္က်ယ္က်ယ္ေတာ့ မလုပ္ႏိုင္ဘူးေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ အခုဒီျပန္မယ့္ ခရီးလမ္းေတြမွာလည္း အစားအေသာက္သယ္ႏိုင္ေရး ျဖတ္သြားျဖတ္လာေတြကလည္း နည္းနည္း အေႏွာင့္အယွက္ေတြကလည္း ျဖစ္ေနတယ္ ဆိုေတာ့ သြားလာမႈေတြမွာလည္း နယ္ေျမလုံၿခဳံေရးဘက္မွာေရာ သိပ္ၿပီးမွ အားရစရာေတာ့ မရွိဘူး။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ကလည္း သိပ္ၿပီးမွတြန္းအားေတာ့ မေပးႏိုင္ဘူးေပါ့။ အဲ့ဒီ့အေျခအေနမွာ ျဖစ္ေနပါတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့ ဆရာ အဲ့သလိုအေျခအေနမွာ ကမ့္ေတြထဲမွာ က်န္ေနရဦးမယ့္ စစ္ေရွာင္ေတြအတြက္ေရာ ဘာေတြ ကူညီေဆာင္႐ြက္ေပးေနတာေတြရွိပါလဲရွင့္။

ေဒါက္တာ Hkalam Samson ။ ။ ဟုတ္ကဲ့ အခု က်ေနာ္တို႔ KBC ဘက္က လူမႈကယ္ဆယ္ေရးေတြ ကလည္း INGO နဲ႔ ရတဲ့အကူအညီေတြနဲ႔ ေပးေနပါတယ္။ အထူးသျဖင့္ေတာ့ ကမာၻ႔စားနပ္ရိကၡာ WFP ရဲ႕ေထာက္ပံ့မႈေတြနဲ႔ေတာ့ ေပးေနပါတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့ ေနရပ္ျပန္မယ့္သူေတြအတြက္ ဂ်ပန္အစိုးရရဲ႕အကူအညီ အထူးသျဖင့္ ဆာဆာကာဝါတို႔ဘက္က ကူညီေပးေနတဲ့ လက္ရွိအေျခအေနကေရာ ဘယ္လိုရွိပါလဲရွင့္ ကခ်င္ဒုကၡသည္ေတြအတြက္။

ေဒါက္တာ Hkalam Samson ။ ။ ဂ်ပန္ရဲ႕ကူညီမႈမွာေတာ့ Construction ပိုင္းကေတာ့ ၿပီးသြားၿပီ။ ေနတဲ့သူေတြကလည္း ေနေနၾကၿပီေပါ့။ ဒါေပမဲ့ ဒီအသက္ေမြးဝမ္းေက်ာင္း Livelihood ဘက္မွာလည္း သူတို႔ျပန္မွပဲ အေကာင္အထည္ေဖာ္လို႔ ရပါမယ္။ ဂ်ပန္နဲ႔ေတာ့ အဲ့ဒီ့အဆင့္ေလာက္မွာပဲ ရွိေသးတာေပါ့။ ဆက္ၿပီး ကူညီမယ့္အပိုင္းမွာေတာ့ ေနာက္ဆက္ၿပီး တာဝန္ယူမယ့္ လူမႈကယ္ဆယ္ေရး ဖြံ႕ၿဖိဳးေရးတာဝန္ခံနဲ႔ KBC ရဲ႕ အတြင္းေရးမႉးတို႔ကပဲ ဆက္ၿပီးေဆာင္႐ြက္ၾကမလားဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြအေပၚ မူတည္ပါတယ္။ အရင္တုန္းက ဂ်ပန္က ကူညီခဲ့တာက တည္ေဆာက္ေရးပိုင္းမွာ ၿပီးသြားၿပီးမွ အသက္ေမြးဝမ္းေက်ာင္းဘက္ကေတာ့ ျပန္သြားခ်ိန္က် လုပ္ဖို႔ စီစဥ္ထားတာ ရွိပါတယ္။

မဆုမြန္ ။ ။ ဟုတ္ကဲ့ ေနာက္ဆုံးအေျခအေန ေျပာျပေပးတာ ေျဖေပးတာ ေက်းဇူးတင္ပါတယ္ ဆရာ ေဒါက္တာ Hkalam Samson ..။

ဒီလို သိန္းနဲ႔ခ်ီတဲ့ ကခ်င္ဒုကၡသည္ေတြ ေနရပ္ကို အခုခ်ိန္အထိ မျပန္ႏိုင္ၾကရေသးဘဲ၊ ဒုကၡသည္စခန္းေတြထဲမွာပဲ ဆယ္စုႏွစ္တခုေက်ာ္ေလာက္ ခိုလႈံေနထိုင္ေနၾကရတဲ့အတြက္ သူတို႔အတြက္ စိန္ေခၚမႈ အခက္အခဲေတြဟာလည္း တေန႔တျခား ပိုမိုႀကီးမားလာေနတယ္လို႔ ကခ်င္စစ္ေရွာင္ေတြ ႀကဳံေနရတဲ့ အေျခအေနကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ တရားခြင္တခုမွာ တရားသူႀကီးကို ခ်ိန္ခြင္ပ်က္ေပးမႈနဲ႔ ေထာင္ခ်ခံရဖူးသူ ကခ်င္အေရးတက္ႂကြလႈပ္ရွားသူ ကိုေပါလုက ဗြီအိုေအျမန္မာပိုင္းကို ေျပာျပပါတယ္။

“ကခ်င္ဒုကၡသည္ေတြမွာ Humanitarian Aid လူသားခ်င္းစာနာမႈ အကူအညီေတြနဲ႔ ပတ္သက္လို႔ လိုအပ္ခ်က္ေတြရွိတဲ့ အေနအထား ရွိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုက ႏိုင္ငံေရးအေျခအေန မေကာင္းေတာ့ လုပ္ကိုင္စားေသာက္ဖို႔လည္း အဆင္မေျပ၊ ေနာက္ကုန္ေစ်းႏႈန္းေတြကလည္း ေစ်းတက္ေတာ့၊ အဓိက ကမ့္ထဲမွာေနတဲ့သူေတြက လိုအပ္တာေတြ အမ်ားႀကီးရွိတယ္ဆိုတာ သိရတာေပါ့။”

မဆုမြန္ ။ ။ အခုဆိုရင္ ကခ်င္စစ္ေျပးဒုကၡသည္ေတြ အိုးအိမ္ကေန စြန႔္ခြာခဲ့ၾကရတာ ႏွစ္က ေတာ္ေတာ္ၾကာလာေနတဲ့ အေနအထားရွိတယ္ ဆယ္ႏွစ္ေက်ာ္သြားၿပီေပါ့ေနာ္။ အခုက ျမန္မာတျပည္လုံးမွာကလည္း လတ္တေလာ စစ္ေျပးဒုကၡသည္ေတြကလည္း အမ်ားႀကီးျဖစ္လာေနတယ္။ ဒါေပမဲ့ ကခ်င္မွာရွိတဲ့ဒုကၡသည္ေတြအတြက္ကလည္း ဆယ္ႏွစ္တခုေတာင္ ေက်ာ္လာၿပီဆိုေတာ့ သူတို႔အတြက္ ဘာေတြမ်ား အခက္အခဲရွိႏိုင္မလဲေပါ့ေနာ္။ ကိုေပါလု သိသေလာက္ ေျပာျပေပးပါ။ ေနာက္ သူတို႔အတြက္ ဘာေတြမ်ား ဝိုင္းၿပီး လုပ္ေပးလို႔ရတာမ်ား ရွိမလဲလို႔။

ကိုေပါလု ။ ။ အဓိက အာဏာမသိမ္းခင္ကေပါ့ေနာ္။ ကခ်င္အဖြဲ႔ေတြကေန ဦးေဆာင္ၿပီး Return and Resettlement ေတြ သူတို႔လုပ္ၾကတယ္ ဒါေပမဲ့ သို႔ေသာ္ျငားလည္းပဲ လက္ေတြ႕ စစ္ေရွာင္ေတြရဲ႕ အသံမပါဘူး။ ၿပီးေတာ့ ထာဝရ ၿငိမ္းခ်မ္းေရးဆိုတာကို မတည္ေဆာက္ႏိုင္ၾကဘူးဆိုရင္ အခ်ိန္မေ႐ြးက စစ္ျပန္ျဖစ္သြားႏိုင္တယ္။ အိမ္ျပန္ရင္ေတာင္ IDP က ျပန္ျဖစ္သြားႏိုင္တယ္။ တခ်ိဳ႕ေနရာေတြမွာဆိုရင္ ပ႐ိုဂ်က္အရ အိမ္ေတြ ေဆာက္ၿပီးမွ ျပန္ခိုင္းေပမဲ့ မေနတာေတြလည္း ရွိတယ္။ တကယ္က စစ္ေရွာင္ေတြအတြက္ Vocational Training ေတြ လုပ္ေပးတာမ်ိဳး ရွိတယ္။ ဒါေတြကို ထိထိေရာက္ေရာက္ လုပ္ေပးႏိုင္ရင္ေတာ့ ပိုၿပီးေတာ့ အဆင္ေျပႏိုင္တဲ့ အေနအထားရွိတယ္လို႔ က်ေနာ္တို႔ကေတာ့ ျမင္တယ္ ဒီကခ်င္ေဒသမွာ။

မဆုမြန္ ။ ။ ဟုတ္ကဲ့။ အရင္တုန္းကဆိုရင္ ကခ်င္ KIA ထိန္းခ်ဳပ္နယ္ေျမ၊ အစိုးရထိန္းခ်ဳပ္နယ္ေျမဆိုၿပီး ရွိတယ္ေပါ့ေနာ္။ အကူအညီေပးေရးကိစၥေတြ သြားၿပီး ပို႔တဲ့အခါမွာ အစိုးရထိန္းခ်ဳပ္နယ္ေျမေတြဆိုရင္ ပိုရ နည္းနည္းလြယ္တာ ရွိတယ္။ ဟိုဘက္ KIO ထိန္းခ်ဳပ္နယ္ေျမမွာဆိုရင္ တိုက္ပြဲေတြေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြ ရွိတယ္။ ဒါေပမဲ့ အခုကေတာ့ ႏွစ္ခုစလုံးမွာ အခက္အခဲ ၿပိဳင္တူျဖစ္ေနတယ္လို႔ ယူဆလို႔ရတာေပါ့။ ဆိုေတာ့ အစာအာဟာရနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏိုင္ဖို႔ဆိုရင္ ဘာေတြမ်ား လုပ္ေပးလို႔ရႏိုင္မလဲရွင့္။ လတ္တေလာ စစ္ေရးအေျခအေနအရေရာ၊ ႏိုင္ငံေရးအေျခအေနအရေရာေပါ့ေနာ္။

ကိုေပါလု ။ ။ အခုက စစ္ေရွာင္အေရးကို အဓိက လုပ္ေဆာင္ေနတဲ့ စစ္ေရွာင္အဖြဲ႕ေတြထဲက ကေလးေတြ အမ်ိဳးသမီးေတြအေရး လုပ္ေနတဲ့ ကခ်င္ CSO ေတြ လြတ္ေျမာက္နယ္ေျမထဲမွာ ရွိတဲ့ CSO ရွိတယ္။ သူတို႔ေတြနဲ႔ အဆက္အသြယ္လုပ္ၿပီးမွ လြတ္ေျမာက္နယ္ေျမမွာ ရွိတဲ့ ကမ့္ေတြထဲက အကူအညီေပးေရး ကိစၥေတြ လုပ္ေဆာင္ႏိုင္မယ္လို႔ က်ေနာ္ ျမင္တယ္။ က်ေနာ္တို႔ဘက္ကေတာ့ လိုအပ္တာေတြကို ဝိုင္းေတာင္းဆိုေပးတယ္ ေထာက္ျပေပးတယ္ စစ္ေရွာင္ေတြအတြက္။ တကယ္ စစ္ေရွာင္ေတြအတြက္ လက္ေတြ႕လုပ္ေဆာင္ေပးတဲ့သူေတြ အဖြဲ႔အစည္းေတြနဲ႔ ဆက္သြယ္ၿပီးမွ သူတို႔အတြက္ အကူအညီေပးႏိုင္တဲ့ လမ္းေၾကာင္းေတြကို ေဖာ္ေဆာင္ေပးႏိုင္ရင္ေတာ့ အေကာင္းဆုံးျဖစ္မယ္လို႔ ထင္တာေပါ့ခင္ဗ်။

မဆုမြန္ ။ ။ ကိုေပါလု အဲ့ေတာ့ က်မ ေမးခ်င္တာက အခုလက္ရွိအေျခအေနအရက သူတို႔ ေနရပ္ျပန္ဖို႔ဆိုတာကလည္း ဘယ္လိုမွ မျဖစ္ႏိုင္ဘူးေပါ့။ ဒီကမ့္ေတြထဲ သူတို႔ ေနလာရတာကလည္း ဆယ္စုႏွစ္တခုေတာင္ ေက်ာ္လာၿပီဆိုေတာ့ သူတို႔အတြက္ အေကာင္းဆုံး ကခ်င္လႈပ္ရွားသူေတြ၊ သက္ဆိုင္တဲ့ တာဝန္ရွိသူေတြ လူငယ္ေတြအပါအဝင္ အမ်ိဳးသမီးေတြအတြက္ ဘာမ်ား လုပ္ေပးႏိုင္တာရွိမလဲ။ ဘာမ်ား လုပ္ေပးေစခ်င္တာမ်ိဳးေရာ ရွိမလဲရွင့္။

ကိုေပါလု ။ ။ အဓိက ကေတာ့ တကယ္ထိေရာက္မႈ ရွိတဲ့။ တကယ့္ ကိုယ့္ရဲ႕ဘဝကို ရပ္တည္ႏိုင္မယ့္ လုပ္ငန္းေတြ၊ အသက္ေမြးဝမ္းေက်ာင္း အလုပ္ေတြကို ဖန္တီးေပးၿပီးမွ သင္ၾကားေပးႏိုင္ရင္ေတာ့ အေကာင္းဆုံးေျဖရွင္းနည္းလို႔ပဲ ျမင္တာေပါ့။ ဘယ္ေလာက္အထိ ဘယ္အခ်ိန္အထိ စစ္ေရွာင္ေတြက ၾကာၾကာေနရဦးမလဲ။ ေနာက္ ေနရပ္ျပန္ႏိုင္ဖို႔အတြက္ကလည္း အမ်ားႀကီး ေဝးေသးတာေပါ့။ အဓိကက ၿမိဳ႕တြင္းမွာ ရွိေနတဲ့သူေတြက အဲ့ေလာက္မဟုတ္ဘူး။ ေတာင္ေပၚေဒသလို ခရီးသြားလာဖို႔ မလြယ္ကူတဲ့ ေဝးတဲ့ေနရာေတြကသူေတြကေတာ့ ဒုကၡေရာက္လိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ မၾကာခင္လည္း ေဆာင္းတြင္းလာေတာ့မယ္ဆိုေတာ့ ေစာင္တို႔ အက်ီ္တို႔ အေႏြးထည္တို႔ က အဓိက လိုအပ္မယ္။

ပိုၿပီးေတာ့ ဆိုးဝါးတာက အဓိက ကခ်င္ေဒသမွာ ဒီႏွစ္မွာ စားဝတ္ေနေရးနဲ႔ပတ္သက္ၿပီးေတာ့မွ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ၾကမယ္လို႔ က်ေနာ္တို႔က ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုတာ့ အင္ဂ်ားယန္ ဆြမ္ဘရာဘြမ္ဘက္မွာ ေတာင္ေပၚမွာ ေတာင္ယာလုပ္စားတဲ့သူေတြရဲ႕ ေတာင္ယာေတြ စိုက္ခင္းေတြကို ကခ်င္ျပည္နယ္မွာ လြန္ခဲ့တဲ့ ႏွစ္ငါးဆယ္ေလာက္တုန္းက ျဖစ္ခဲ့ဖူးသလို စားသုံးသီးႏွံေတြ စပါးပင္ေတြကို ႂကြက္ေတြကကိုက္ၿပီး စပါးပင္ေတြ သီးႏွံပင္ေတြ ေသသြားတာ ဒါမ်ိဳးေတြ အမ်ားႀကီး ျဖစ္ေနတယ္။ ဒါေၾကာင့္ စစ္ေရွာင္ဘက္လည္း ဒုကၡေရာက္ႏိုင္သလို၊ ဒီဘက္မွာ ရွိတဲ့ ျပည္သူေတြအတြက္လည္း စစ္ေဘးတင္မဟုတ္ဘဲ အစာေရစာ ေခါင္းပါးမႈ ေဘးေတြလည္း ကခ်င္ေဒသမွာ အမ်ားႀကီး ႀကဳံေတြ႕ႏိုင္တယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ ျမင္ေနရတာေပါ့။

မဆုမြန္ ။ ။ အဲ့ဒီ့ေတာ့ UN အပါအဝင္ ႏိုင္ငံတကာအဖြဲ႔အစည္းေတြဘက္ကေရာ ကခ်င္ IDP ေတြအတြက္ လုပ္ေပးႏိုင္တာမ်ိဳး ရွိမလဲ။ ဘာမ်ား လုပ္ေပးေစခ်င္တာမ်ိဳးေရာ ရွိမလဲ ကခ်င္ေဒသမွာ အခုလို စစ္ေဘးအျပင္ သဘာဝေဘးနဲ႔လည္း ရင္ဆိုင္ေနၾကရတာဆိုေတာ့။

ကိုေပါလု ။ ။ က်ေနာ္တို႔ဘက္ကေတာ့ အမ်ားႀကီး လုပ္ေပးေစခ်င္တာေပါ့ဗ်ာ။ သူတို႔ဘက္ကလည္း Statements ထုတ္တာမ်ိဳးေလာက္ပဲ လုပ္ေပးႏိုင္တာမ်ိဳး ရွိေနတယ္။ ဒီလို ဒုကၡေရာက္ေနၾကတဲ့အခ်ိန္မွာ ျပည္သူလူထုအတြက္ကို ကူညီပံ့ပိုးတဲ့အပိုင္းမွာေတာ့ ဆက္ၿပီးေတာ့ကို ကူညီပံ့ပိုးေပးႏိုင္ဖို႔ လိုအပ္ေနေသးတယ္လို႔ က်ေနာ္တို႔ျမင္တယ္။ ၿပီးရင္ ကခ်င္ IDP ေတြဘက္က ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီးေတာ့မွ လုပ္ေဆာင္ႏိုင္ေအာင္ လုပ္ၾကရမယ္။ က်ေနာ္တို႔ေတြ ဒုကၡေရာက္ေနၾကေသာ္ျငားလည္းပဲ IDP ျဖစ္ေနေသာ္လည္းပဲ ကိုယ့္ကိုကိုယ္ ရပ္တည္ၿပီးမွ ရွင္သန္ႏိုင္ေအာင္ လိုအပ္တဲ့ နည္းပညာေတြ ပံ့ပိုးကူညီေပးႏိုင္တယ္ဆိုရင္ အေကာင္းဆုံးေျဖရွင္းနည္းျဖစ္မယ္လို႔ က်ေနာ္ကေတာ့ ျမင္ပါတယ္။

မဆုမြန္ ။ ။ ကိုေပါလု အခုလို ေျဖေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းကေတာ့ ကခ်င္စစ္ေရွာင္စခန္းေတြ ပိတ္သိမ္းၿပီး သူတို႔ေနရပ္ေတြမွာ ျပန္လည္ေနရာခ်ထားႏိုင္ေရး ကခ်င္ျပည္နယ္တြင္းက အာဏာပိုင္ေတြ ကခ်င္လူမႈအသိုင္းအဝိုင္းက ေခါင္းေဆာင္ေတြ ကခ်င္ဒုကၡသည္အေရး လႈပ္ရွားသူေတြဘက္က ကြင္းဆင္းေလ့လာၿပီး စီစဥ္ေနေပမဲ့ လတ္တေလာမွာေတာ့ ကခ်င္စစ္ေျပးစစ္ေရွာင္ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာ နယ္ေျမမတည္ၿငိမ္မႈေတြ စစ္ေရးတင္းမာမႈတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြက အဓိကအဟန႔္အတား ျဖစ္ေနတာပါ။ အရင္အုပ္ခ်ဳပ္သူ အစိုးရအဆက္ဆက္က အပစ္ခတ္ရပ္စဲေရး NCA သေဘာတူညီခ်က္ မထိုးထားတဲ့ ကခ်င္လက္နက္ကိုင္အဖြဲ႕ (KIA) နဲ႔ ျမန္မာအာဏာပိုင္ေတြၾကား ေဆြးေႏြးမႈေတြ ရွိခဲ့ေပမယ့္လည္း သေဘာတူညီမႈေတြ မရခဲ့ပါဘူး။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာလည္း အာဏာသိမ္းစစ္ေကာင္စီအဖြဲ႔ဘက္က ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ဘက္က လက္မခံခဲ့သလို အခုအခ်ိန္အထိလည္း ကခ်င္ျပည္နယ္ထဲ KIA ကခ်င္လက္နက္ကိုင္တပ္ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ၾကား မၾကာမၾကာတိုက္ပြဲေတြျဖစ္ေနဆဲမို႔ ကခ်င္ျပည္သူေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရဆဲျဖစ္ပါတယ္။ ဒုကၡသည္ေတြရဲ႕ ေနရပ္ျပန္ေရး ေမွ်ာ္လင့္ခ်က္ေတြက ေမွးမွိန္ေနၿပီး လတ္တေလာ စားဝတ္ေနေရး၊ အေျခခံစားနပ္ရိကၡာနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြက အေရးေပၚ လိုအပ္ေနတယ္လို႔ ကခ်င္ဒုကၡသည္အေရး ကူညီေပးေနသူေတြက ေျပာပါတယ္။

====Unicode ===

တကျော့ပြန် ကချင်စစ်ပွဲတွေကြား ဆယ်စုနှစ်တခုကျော် IDP ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေရဆဲ ကချင်စစ်ပြေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လုံခြုံရေးအာမခံချက်ပေးဖို့ ခက်နေတယ်လို့ နေရပ်ပြန်ရေး ဦးဆောင်စီစဉ်ပေးနေတဲ့ ဒေါက်တာခလမ်ဆွမ်ဆောင်( Dr.Hkalam Samson) က ပြောပါတယ်။ စစ်ရေးတင်းမာမှု နိုင်ငံရေးမတည်ငြိမ်မှုနဲ့ သဘာဝဘေး၊ ကြွက်အန္တရာယ်တွေကြောင့်ပါ စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဂျပန်နိပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ နေရပ်ပြန်မယ့်စစ်ရှောင်တွေအတွက် အိုးအိမ်ပြန်လည်ထူထောင်ရေးနဲ့ အသက်မွေးကျောင်းအတွက် စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်ပြေးရှောင်ဒုက္ခသည်တွေ တိုးလာချိန် လွန်ခဲ့တဲ့ (၁၁) နှစ်ကျော်ကတည်းက အိုးအိမ်စွန့်ခွာခဲ့ရတဲ့ သိန်းချီတဲ့ ကချင်ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ မဆုမွန်က ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ၁၉၉၄ ကနေစလို့ (၁၇) နှစ်တာ အပစ်ရပ်ပြီးတဲ့အချိန် ၂၀၁၁ ခုနှစ်ကစလို့ တကျော့ပြန် စစ်ပြန်ဖြစ်ခဲ့တာ ဒီနှစ်ဆိုရင် (၁၁) နှစ်ပြည့်ပါပြီ။ အခုအချိန်အထိလည်း ကချင်ပြည်နယ် ဝိုင်းမော် ဆဒုံး၊ ဖားကန့် ဆယ်ဇင်း၊ ကာမိုင်းစတဲ့ဒေသတွေမှာ ကချင်လက်နက်ကိုင်တပ် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ကြား လေကြောင်းသုံးတိုက်တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲမို့ နယ်မြေမတည်ငြိမ်သေးလို့ ကချင်ပြည်နယ်က IDP စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မရေမရာ ဖြစ်နေပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းမှာ ခိုလှုံနေထိုင်တဲ့ IDP ဒုက္ခသည်တွေနဲ့ အစိုးရ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေထိုင်သူ၊ တရုတ်နယ်စပ်မှာ ခိုလှုံနေထိုင်သူတွေ စုစုပေါင်း တသိန်းကျော်အထိ ရှိနေခဲ့တာပါ။

KIO ထိန်းချုပ်နယ်မြေ အစိုးရထိန်းချုပ်နယ်မြေက ကချင်စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ပေးနေတဲ့ နောက်ဆုံးအခြေအနေကို ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (The Kachin Humanitarian Concern Committee - KHCC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ KBC ကချင်နှစ်ခြင်း ခရစ်ယန်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ Hkalam Samson က ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

“ပြန်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားတာတွေ ရှိတယ်။ တချို့ပြန်တဲ့သူတွေကတော့ ပြန်သွားကြပြီ။ ဒါပေမဲ့ အတည်တကျ နေထိုင်ဖို့ကျတော့ နည်းနည်း စနိုးစနောင့်ဖြစ်နေတယ်။ အခြေအနေက တည်ငြိမ်မှု မရှိတော့ သူတို့ပြန်နိုင်ရေးက နည်းနည်း လုံခြုံမှုမှာ အာမခံချက်ပေးဖို့ ခက်နေတယ်။

မဆုမွန် ။ ။ အဲ့တော့ လုံခြုံရေး အာမခံချက်ပေးနိုင်ဖို့နဲ့ ဆရာတို့ နေရပ်ပြန်ဖို့ကိစ္စကို ဘယ်လိုများ ဆက်စီစဉ်ထားပါသလဲရှင်။

ဒေါက်တာ Hkalam Samson ။ ။ ကျနော်တို့ကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး လုပ်ဆောင်မှုတွေတော့ ရှိနေပါတယ်။ ဒါပေမဲ့ သိပ်တွင်တွင်ကျယ်ကျယ်တော့ မလုပ်နိုင်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ အခုဒီပြန်မယ့် ခရီးလမ်းတွေမှာလည်း အစားအသောက်သယ်နိုင်ရေး ဖြတ်သွားဖြတ်လာတွေကလည်း နည်းနည်း အနှောင့်အယှက်တွေကလည်း ဖြစ်နေတယ် ဆိုတော့ သွားလာမှုတွေမှာလည်း နယ်မြေလုံခြုံရေးဘက်မှာရော သိပ်ပြီးမှ အားရစရာတော့ မရှိဘူး။ ဒါကြောင့်မို့ ကျနော်တို့ကလည်း သိပ်ပြီးမှတွန်းအားတော့ မပေးနိုင်ဘူးပေါ့။ အဲ့ဒီ့အခြေအနေမှာ ဖြစ်နေပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ ဆရာ အဲ့သလိုအခြေအနေမှာ ကမ့်တွေထဲမှာ ကျန်နေရဦးမယ့် စစ်ရှောင်တွေအတွက်ရော ဘာတွေ ကူညီဆောင်ရွက်ပေးနေတာတွေရှိပါလဲရှင့်။

ဒေါက်တာ Hkalam Samson ။ ။ ဟုတ်ကဲ့ အခု ကျနော်တို့ KBC ဘက်က လူမှုကယ်ဆယ်ရေးတွေ ကလည်း INGO နဲ့ ရတဲ့အကူအညီတွေနဲ့ ပေးနေပါတယ်။ အထူးသဖြင့်တော့ ကမ္ဘာ့စားနပ်ရိက္ခာ WFP ရဲ့ထောက်ပံ့မှုတွေနဲ့တော့ ပေးနေပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ နေရပ်ပြန်မယ့်သူတွေအတွက် ဂျပန်အစိုးရရဲ့အကူအညီ အထူးသဖြင့် ဆာဆာကာဝါတို့ဘက်က ကူညီပေးနေတဲ့ လက်ရှိအခြေအနေကရော ဘယ်လိုရှိပါလဲရှင့် ကချင်ဒုက္ခသည်တွေအတွက်။

ဒေါက်တာ Hkalam Samson ။ ။ ဂျပန်ရဲ့ကူညီမှုမှာတော့ Construction ပိုင်းကတော့ ပြီးသွားပြီ။ နေတဲ့သူတွေကလည်း နေနေကြပြီပေါ့။ ဒါပေမဲ့ ဒီအသက်မွေးဝမ်းကျောင်း Livelihood ဘက်မှာလည်း သူတို့ပြန်မှပဲ အကောင်အထည်ဖော်လို့ ရပါမယ်။ ဂျပန်နဲ့တော့ အဲ့ဒီ့အဆင့်လောက်မှာပဲ ရှိသေးတာပေါ့။ ဆက်ပြီး ကူညီမယ့်အပိုင်းမှာတော့ နောက်ဆက်ပြီး တာဝန်ယူမယ့် လူမှုကယ်ဆယ်ရေး ဖွံ့ဖြိုးရေးတာဝန်ခံနဲ့ KBC ရဲ့ အတွင်းရေးမှူးတို့ကပဲ ဆက်ပြီးဆောင်ရွက်ကြမလားဆိုတဲ့ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပါတယ်။ အရင်တုန်းက ဂျပန်က ကူညီခဲ့တာက တည်ဆောက်ရေးပိုင်းမှာ ပြီးသွားပြီးမှ အသက်မွေးဝမ်းကျောင်းဘက်ကတော့ ပြန်သွားချိန်ကျ လုပ်ဖို့ စီစဉ်ထားတာ ရှိပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ နောက်ဆုံးအခြေအနေ ပြောပြပေးတာ ဖြေပေးတာ ကျေးဇူးတင်ပါတယ် ဆရာ ဒေါက်တာ Hkalam Samson ..။

ဒီလို သိန်းနဲ့ချီတဲ့ ကချင်ဒုက္ခသည်တွေ နေရပ်ကို အခုချိန်အထိ မပြန်နိုင်ကြရသေးဘဲ၊ ဒုက္ခသည်စခန်းတွေထဲမှာပဲ ဆယ်စုနှစ်တခုကျော်လောက် ခိုလှုံနေထိုင်နေကြရတဲ့အတွက် သူတို့အတွက် စိန်ခေါ်မှု အခက်အခဲတွေဟာလည်း တနေ့တခြား ပိုမိုကြီးမားလာနေတယ်လို့ ကချင်စစ်ရှောင်တွေ ကြုံနေရတဲ့ အခြေအနေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တရားခွင်တခုမှာ တရားသူကြီးကို ချိန်ခွင်ပျက်ပေးမှုနဲ့ ထောင်ချခံရဖူးသူ ကချင်အရေးတက်ကြွလှုပ်ရှားသူ ကိုပေါလုက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“ကချင်ဒုက္ခသည်တွေမှာ Humanitarian Aid လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေရှိတဲ့ အနေအထား ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုက နိုင်ငံရေးအခြေအနေ မကောင်းတော့ လုပ်ကိုင်စားသောက်ဖို့လည်း အဆင်မပြေ၊ နောက်ကုန်ဈေးနှုန်းတွေကလည်း ဈေးတက်တော့၊ အဓိက ကမ့်ထဲမှာနေတဲ့သူတွေက လိုအပ်တာတွေ အများကြီးရှိတယ်ဆိုတာ သိရတာပေါ့။”

မဆုမွန် ။ ။ အခုဆိုရင် ကချင်စစ်ပြေးဒုက္ခသည်တွေ အိုးအိမ်ကနေ စွန့်ခွာခဲ့ကြရတာ နှစ်က တော်တော်ကြာလာနေတဲ့ အနေအထားရှိတယ် ဆယ်နှစ်ကျော်သွားပြီပေါ့နော်။ အခုက မြန်မာတပြည်လုံးမှာကလည်း လတ်တလော စစ်ပြေးဒုက္ခသည်တွေကလည်း အများကြီးဖြစ်လာနေတယ်။ ဒါပေမဲ့ ကချင်မှာရှိတဲ့ဒုက္ခသည်တွေအတွက်ကလည်း ဆယ်နှစ်တခုတောင် ကျော်လာပြီဆိုတော့ သူတို့အတွက် ဘာတွေများ အခက်အခဲရှိနိုင်မလဲပေါ့နော်။ ကိုပေါလု သိသလောက် ပြောပြပေးပါ။ နောက် သူတို့အတွက် ဘာတွေများ ဝိုင်းပြီး လုပ်ပေးလို့ရတာများ ရှိမလဲလို့။

ကိုပေါလု ။ ။ အဓိက အာဏာမသိမ်းခင်ကပေါ့နော်။ ကချင်အဖွဲ့တွေကနေ ဦးဆောင်ပြီး Return and Resettlement တွေ သူတို့လုပ်ကြတယ် ဒါပေမဲ့ သို့သော်ငြားလည်းပဲ လက်တွေ့ စစ်ရှောင်တွေရဲ့ အသံမပါဘူး။ ပြီးတော့ ထာဝရ ငြိမ်းချမ်းရေးဆိုတာကို မတည်ဆောက်နိုင်ကြဘူးဆိုရင် အချိန်မရွေးက စစ်ပြန်ဖြစ်သွားနိုင်တယ်။ အိမ်ပြန်ရင်တောင် IDP က ပြန်ဖြစ်သွားနိုင်တယ်။ တချို့နေရာတွေမှာဆိုရင် ပရိုဂျက်အရ အိမ်တွေ ဆောက်ပြီးမှ ပြန်ခိုင်းပေမဲ့ မနေတာတွေလည်း ရှိတယ်။ တကယ်က စစ်ရှောင်တွေအတွက် Vocational Training တွေ လုပ်ပေးတာမျိုး ရှိတယ်။ ဒါတွေကို ထိထိရောက်ရောက် လုပ်ပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်တဲ့ အနေအထားရှိတယ်လို့ ကျနော်တို့ကတော့ မြင်တယ် ဒီကချင်ဒေသမှာ။

မဆုမွန် ။ ။ ဟုတ်ကဲ့။ အရင်တုန်းကဆိုရင် ကချင် KIA ထိန်းချုပ်နယ်မြေ၊ အစိုးရထိန်းချုပ်နယ်မြေဆိုပြီး ရှိတယ်ပေါ့နော်။ အကူအညီပေးရေးကိစ္စတွေ သွားပြီး ပို့တဲ့အခါမှာ အစိုးရထိန်းချုပ်နယ်မြေတွေဆိုရင် ပိုရ နည်းနည်းလွယ်တာ ရှိတယ်။ ဟိုဘက် KIO ထိန်းချုပ်နယ်မြေမှာဆိုရင် တိုက်ပွဲတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိတယ်။ ဒါပေမဲ့ အခုကတော့ နှစ်ခုစလုံးမှာ အခက်အခဲ ပြိုင်တူဖြစ်နေတယ်လို့ ယူဆလို့ရတာပေါ့။ ဆိုတော့ အစာအာဟာရနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ဆိုရင် ဘာတွေများ လုပ်ပေးလို့ရနိုင်မလဲရှင့်။ လတ်တလော စစ်ရေးအခြေအနေအရရော၊ နိုင်ငံရေးအခြေအနေအရရောပေါ့နော်။

ကိုပေါလု ။ ။ အခုက စစ်ရှောင်အရေးကို အဓိက လုပ်ဆောင်နေတဲ့ စစ်ရှောင်အဖွဲ့တွေထဲက ကလေးတွေ အမျိုးသမီးတွေအရေး လုပ်နေတဲ့ ကချင် CSO တွေ လွတ်မြောက်နယ်မြေထဲမှာ ရှိတဲ့ CSO ရှိတယ်။ သူတို့တွေနဲ့ အဆက်အသွယ်လုပ်ပြီးမှ လွတ်မြောက်နယ်မြေမှာ ရှိတဲ့ ကမ့်တွေထဲက အကူအညီပေးရေး ကိစ္စတွေ လုပ်ဆောင်နိုင်မယ်လို့ ကျနော် မြင်တယ်။ ကျနော်တို့ဘက်ကတော့ လိုအပ်တာတွေကို ဝိုင်းတောင်းဆိုပေးတယ် ထောက်ပြပေးတယ် စစ်ရှောင်တွေအတွက်။ တကယ် စစ်ရှောင်တွေအတွက် လက်တွေ့လုပ်ဆောင်ပေးတဲ့သူတွေ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးမှ သူတို့အတွက် အကူအညီပေးနိုင်တဲ့ လမ်းကြောင်းတွေကို ဖော်ဆောင်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ထင်တာပေါ့ခင်ဗျ။

မဆုမွန် ။ ။ ကိုပေါလု အဲ့တော့ ကျမ မေးချင်တာက အခုလက်ရှိအခြေအနေအရက သူတို့ နေရပ်ပြန်ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ ဒီကမ့်တွေထဲ သူတို့ နေလာရတာကလည်း ဆယ်စုနှစ်တခုတောင် ကျော်လာပြီဆိုတော့ သူတို့အတွက် အကောင်းဆုံး ကချင်လှုပ်ရှားသူတွေ၊ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ လူငယ်တွေအပါအဝင် အမျိုးသမီးတွေအတွက် ဘာများ လုပ်ပေးနိုင်တာရှိမလဲ။ ဘာများ လုပ်ပေးစေချင်တာမျိုးရော ရှိမလဲရှင့်။

ကိုပေါလု ။ ။ အဓိက ကတော့ တကယ်ထိရောက်မှု ရှိတဲ့။ တကယ့် ကိုယ့်ရဲ့ဘဝကို ရပ်တည်နိုင်မယ့် လုပ်ငန်းတွေ၊ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို ဖန်တီးပေးပြီးမှ သင်ကြားပေးနိုင်ရင်တော့ အကောင်းဆုံးဖြေရှင်းနည်းလို့ပဲ မြင်တာပေါ့။ ဘယ်လောက်အထိ ဘယ်အချိန်အထိ စစ်ရှောင်တွေက ကြာကြာနေရဦးမလဲ။ နောက် နေရပ်ပြန်နိုင်ဖို့အတွက်ကလည်း အများကြီး ဝေးသေးတာပေါ့။ အဓိကက မြို့တွင်းမှာ ရှိနေတဲ့သူတွေက အဲ့လောက်မဟုတ်ဘူး။ တောင်ပေါ်ဒေသလို ခရီးသွားလာဖို့ မလွယ်ကူတဲ့ ဝေးတဲ့နေရာတွေကသူတွေကတော့ ဒုက္ခရောက်လိမ့်မယ်လို့ ကျနော်ထင်တယ်။ မကြာခင်လည်း ဆောင်းတွင်းလာတော့မယ်ဆိုတော့ စောင်တို့ အကျီ်တို့ အနွေးထည်တို့ က အဓိက လိုအပ်မယ်။

ပိုပြီးတော့ ဆိုးဝါးတာက အဓိက ကချင်ဒေသမှာ ဒီနှစ်မှာ စားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့မှ တော်တော်လေးကို ဒုက္ခရောက်ကြမယ်လို့ ကျနော်တို့က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ အင်ဂျားယန် ဆွမ်ဘရာဘွမ်ဘက်မှာ တောင်ပေါ်မှာ တောင်ယာလုပ်စားတဲ့သူတွေရဲ့ တောင်ယာတွေ စိုက်ခင်းတွေကို ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်တုန်းက ဖြစ်ခဲ့ဖူးသလို စားသုံးသီးနှံတွေ စပါးပင်တွေကို ကြွက်တွေကကိုက်ပြီး စပါးပင်တွေ သီးနှံပင်တွေ သေသွားတာ ဒါမျိုးတွေ အများကြီး ဖြစ်နေတယ်။ ဒါကြောင့် စစ်ရှောင်ဘက်လည်း ဒုက္ခရောက်နိုင်သလို၊ ဒီဘက်မှာ ရှိတဲ့ ပြည်သူတွေအတွက်လည်း စစ်ဘေးတင်မဟုတ်ဘဲ အစာရေစာ ခေါင်းပါးမှု ဘေးတွေလည်း ကချင်ဒေသမှာ အများကြီး ကြုံတွေ့နိုင်တယ်ဆိုပြီးတော့ ကျနော်တို့ မြင်နေရတာပေါ့။

မဆုမွန် ။ ။ အဲ့ဒီ့တော့ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကရော ကချင် IDP တွေအတွက် လုပ်ပေးနိုင်တာမျိုး ရှိမလဲ။ ဘာများ လုပ်ပေးစေချင်တာမျိုးရော ရှိမလဲ ကချင်ဒေသမှာ အခုလို စစ်ဘေးအပြင် သဘာဝဘေးနဲ့လည်း ရင်ဆိုင်နေကြရတာဆိုတော့။

ကိုပေါလု ။ ။ ကျနော်တို့ဘက်ကတော့ အများကြီး လုပ်ပေးစေချင်တာပေါ့ဗျာ။ သူတို့ဘက်ကလည်း Statements ထုတ်တာမျိုးလောက်ပဲ လုပ်ပေးနိုင်တာမျိုး ရှိနေတယ်။ ဒီလို ဒုက္ခရောက်နေကြတဲ့အချိန်မှာ ပြည်သူလူထုအတွက်ကို ကူညီပံ့ပိုးတဲ့အပိုင်းမှာတော့ ဆက်ပြီးတော့ကို ကူညီပံ့ပိုးပေးနိုင်ဖို့ လိုအပ်နေသေးတယ်လို့ ကျနော်တို့မြင်တယ်။ ပြီးရင် ကချင် IDP တွေဘက်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့မှ လုပ်ဆောင်နိုင်အောင် လုပ်ကြရမယ်။ ကျနော်တို့တွေ ဒုက္ခရောက်နေကြသော်ငြားလည်းပဲ IDP ဖြစ်နေသော်လည်းပဲ ကိုယ့်ကိုကိုယ် ရပ်တည်ပြီးမှ ရှင်သန်နိုင်အောင် လိုအပ်တဲ့ နည်းပညာတွေ ပံ့ပိုးကူညီပေးနိုင်တယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်မယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

မဆုမွန် ။ ။ ကိုပေါလု အခုလို ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ကချင်စစ်ရှောင်စခန်းတွေ ပိတ်သိမ်းပြီး သူတို့နေရပ်တွေမှာ ပြန်လည်နေရာချထားနိုင်ရေး ကချင်ပြည်နယ်တွင်းက အာဏာပိုင်တွေ ကချင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ ကချင်ဒုက္ခသည်အရေး လှုပ်ရှားသူတွေဘက်က ကွင်းဆင်းလေ့လာပြီး စီစဉ်နေပေမဲ့ လတ်တလောမှာတော့ ကချင်စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ နယ်မြေမတည်ငြိမ်မှုတွေ စစ်ရေးတင်းမာမှုတွနဲ့ လက်နက်ကိုင် ပဋိပက္ခတွေက အဓိကအဟန့်အတား ဖြစ်နေတာပါ။ အရင်အုပ်ချုပ်သူ အစိုးရအဆက်ဆက်က အပစ်ခတ်ရပ်စဲရေး NCA သဘောတူညီချက် မထိုးထားတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ မြန်မာအာဏာပိုင်တွေကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း သဘောတူညီမှုတွေ မရခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်က လက်မခံခဲ့သလို အခုအချိန်အထိလည်း ကချင်ပြည်နယ်ထဲ KIA ကချင်လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာမကြာတိုက်ပွဲတွေဖြစ်နေဆဲမို့ ကချင်ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ရေး မျှော်လင့်ချက်တွေက မှေးမှိန်နေပြီး လတ်တလော စားဝတ်နေရေး၊ အခြေခံစားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေက အရေးပေါ် လိုအပ်နေတယ်လို့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

XS
SM
MD
LG