သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ သတင်းသမားတွေ သတ်ဖြတ်ခံရမှု UNESCO အစီရင်ခံစာထုတ်ပြန်


Pro-democracy protesters and a journalist run as riot police officers advance them during a rally against the military coup in Yangon, Myanmar, February 27, 2021. REUTERS/Stringer
Pro-democracy protesters and a journalist run as riot police officers advance them during a rally against the military coup in Yangon, Myanmar, February 27, 2021. REUTERS/Stringer

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ သတင်းသမားတွေကို သတ်ဖြတ်မှုတွေမှာ အများစုဟာ အရေးယူမခံရပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ UNESCO ယူနက်စကိုအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

သတင်းသမားတွေကို သတ်ဖြတ်မှုကျူးလွန်သူတွေထဲက ၈၆ ရာခိုင်နှုန်း လောက်အထိ ပြစ်ဒဏ်ခတ်မှု မခံရတာကို လက်မခံနိုင်စရာ တွေ့နေရတယ်လို့ ယူနက်စကိုက ပြောပါတယ်။ သတင်းသမားတွေအပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေ ထိုက်သင့်တဲ့ ပြစ်ဒဏ်ရခံရစေဖို့ လိုအပ်တာအားလုံး လုပ်ဆောင်ရမှာ ဖြစ်သလို ကျူးလွန်သူတွေနဲ့ သူတို့ကျူးလွန်မှုတွေကို သေသေချာချာ စုံစမ်းဖို့လည်း ယူနက်စကိုက တောင်းဆိုလိုက်ပါတယ်။

သတင်းသမားတွေ သတ်ဖြတ်မှုအတွက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေသူဟာ ကမ္ဘာတလွှားမှာ တုန်လှုပ်စရာကောင်းအောင် များပြားနေတယ်လို့လည်း ယူနက်စကိုက ထုတ်ပြန်တဲ့ သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရမှု အဆုံးသတ်ရေးဆိုင်ရာ နိုင်ငံတကာနေ့ အတွက် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ယူနက်စကို ညွှန်ကြားရေးမှုးချုပ် Audrey Azoulay ကတော့ လက်သည်မပေါ်တဲ့ အမှုတွေ အခုလို များပြားနေချိန်မျိုးမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခုလို ပြစ်ဒဏ်ကကင်းလွတ်ခွင့်ရမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ၉ % လောက် ကျဆင်းသွားပေမယ့် ဒါဟာ အကြမ်းဖက်မှု တရိပ်ရိပ် တိုးနေမှု ရပ်သွားတာ မဟုတ်သေးဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်ထဲမှာ သတင်းသမား ၁၁၇ ဦး သတင်းလိုက်နေစဉ် အသတ်ခံခဲ့ရသလို အလုပ်ချိန်ပြင်ပမှာ အသတ်ခံရသူက ၉၁ ဦး ရှိတယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်းလည်း ပြောဆိုထားတာပါ။ မြန်မာစစ်အာဏာပိုင်တွေကတော့ သတင်းသမားအဖြစ် ပစ်မှတ်ထားတာမျိုး မရှိကြောင်း ပြောဆိုထားပါတယ်။

ဒီကိစ္စအတွက် နိုင်ငံအစိုးရတွေအနေနဲ့ သတင်းမီဒီယာ ဥပဒေတွေ နဲ့ မူဝါဒတွေကို ပြဌာန်းပြီး အကောင်ထည် ဖေါ်လာအောင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့လည်း UNESCO က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode







XS
SM
MD
LG