သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ့ျပႆနာေတြေျပလည္ေရး အမွန္တရား ထြန္းကားဖို႔လို႔အပ္ (အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres)


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

[[ Zawgyi ]]

ကမာၻ့ျပႆနာေတြေျပလည္ေရး အမွန္တရား ထြန္းကားဖို႔လို႔အပ္ (အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres)

ကမာၻ႔ေရးရာ ကိစၥေတြကို ေျဖရွင္းရာမွာ နက္နဲတဲ့ စဥ္းစားေတြးေခၚမႈေတြ၊ အမွန္တရားေတြနဲ႔ ခ်ဥ္းကပ္ေျဖရွင္းတာေတြ မလုပ္ႏိုင္ဘူးဆိုရင္၊ ပိုမိုနက္႐ႈိင္းတဲ့ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း ကုလသမဂၢ အႀကီးအကဲက သတိေပးလိုက္ပါတယ္။

“Cambridge တကၠသိုလ္က ႏွစ္ေပါင္း ၈၀၀ ေလာက္ ကမာၻႀကီးကို လြတ္လပ္တဲ့ ပညာေရး သင္ၾကားပို႔ခ်ရာမွာ စံတန္ဘိုးေတြ၊ ရပ္တည္ခ်က္ေတြ၊ အမွန္တရားနဲ႔ တည္ၾကည္မႈေတြဟာ အဓိက အခန္းက႑က ေနရာယူထားပါတယ္။ ဒါေတြမရွိရင္ သိပၸံပညာသုေတသန ေလ့လာမႈေတြနဲ႔ အဆင့္ျမင့္ နည္းပညာေတြဟာလည္း အလကားပါပဲ။” လို႔ Cambridge တကၠသိုလ္မွာ ဗုဒၶဟူးေန႔က ဂုဏ္ထူးေဆာင္ ဥပေဒပါရဂူဘဲြ႕ လက္ခံရယူတဲ့ အခမ္းအနားမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေျပာလိုက္တာပါ။

ဒုတိယကမာၻစစ္အၿပီး ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ ရည္ရြယ္ၿပီး လြန္ခဲ့တဲ့ ၇၆ ႏွစ္က ကုလသမဂၢ အဖဲြ႕အစည္းကို တည္ေထာင္ခဲ့စဥ္က စံတန္ဘိုးေတြျဖစ္တဲ့ ယုံၾကည္မႈ၊ ညီၫြတ္မႈနဲ႔ အမွန္တရားေတြ ေမွးမွိန္ေနတဲ့ ျပႆနာနဲ႔ ကမာၻႀကီး ရင္ဆိုင္ေနရေၾကာင္းလည္း ေျပာပါတယ္။

အမ်ားျပည္သူနဲ႔ အဖဲြ႕အစည္းေတြၾကား ယုံၾကည္မႈေတြ ပ်က္ျပားေနၿပီး၊ လုပ္ၾကံဖန္တီးမႈေတြ၊ သတင္းမွားေတြဟာလည္း လူမႈအသိုင္းအ၀န္းၾကား သေဘာထားကဲြျပားမႈေတြ၊ တဖက္စြန္းေရာက္တဲ့ အေျခအေနေတြကို တြန္းပို႔ေနတယ္လို႔ သတိေပးခဲ့တာပါ။

မညီမွ်မႈေတြဟာ စိုးရိမ္စရာ ေကာင္းေလာက္ေအာက္ ႀကီးထြားလာေနရာမွာ ကုေဋႂကြယ္သူေဌးႀကီးေတြ အာကာသထဲ အလည္ထြက္ေနခ်ိန္ ကမာၻေပၚက သန္းနဲ႔ခ်ီတဲ့လူေတြ ရပ္တည္ေရးအတြက္ ႐ုန္းကန္ေနၾကရတာကိုလည္း ေထာက္ျပသြားခဲ့သလို၊ ဆင္းရဲမဲြေတမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ တိုးလာေနတဲ့ အေျခအေနကိုလည္း ဂုဏ္ထူးေဆာင္ဘဲြ႕ လက္ခံရယူတဲ့ အခမ္းအနားမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ထည့္သြင္းေျပာၾကားသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


{{ Unicode }}

ကမ္ဘာ့ပြဿနာတွေပြေလည်ရေး အမှန်တရား ထွန်းကားဖို့လို့အပ် (အတွင်းရေးမှူးချုပ် Antonio Guterres)

ကမ္ဘာ့ရေးရာ ကိစ္စတွေကို ဖြေရှင်းရာမှာ နက်နဲတဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ အမှန်တရားတွေနဲ့ ချဉ်းကပ်ဖြေရှင်းတာတွေ မလုပ်နိုင်ဘူးဆိုရင်၊ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက သတိပေးလိုက်ပါတယ်။

“Cambridge တက္ကသိုလ်က နှစ်ပေါင်း ၈၀၀ လောက် ကမ္ဘာကြီးကို လွတ်လပ်တဲ့ ပညာရေး သင်ကြားပို့ချရာမှာ စံတန်ဘိုးတွေ၊ ရပ်တည်ချက်တွေ၊ အမှန်တရားနဲ့ တည်ကြည်မှုတွေဟာ အဓိက အခန်းကဏ္ဍက နေရာယူထားပါတယ်။ ဒါတွေမရှိရင် သိပ္ပံပညာသုတေသန လေ့လာမှုတွေနဲ့ အဆင့်မြင့် နည်းပညာတွေဟာလည်း အလကားပါပဲ။” လို့ Cambridge တက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ လက်ခံရယူတဲ့ အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကပြောလိုက်တာပါ။

ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ၇၆ နှစ်က ကုလသမဂ္ဂ အဖွဲ့အစည်းကို တည်ထောင်ခဲ့စဉ်က စံတန်ဘိုးတွေဖြစ်တဲ့ ယုံကြည်မှု၊ ညီညွတ်မှုနဲ့ အမှန်တရားတွေ မှေးမှိန်နေတဲ့ ပြဿနာနဲ့ ကမ္ဘာကြီး ရင်ဆိုင်နေရကြောင်းလည်း ပြောပါတယ်။

အများပြည်သူနဲ့ အဖွဲ့အစည်းတွေကြား ယုံကြည်မှုတွေ ပျက်ပြားနေပြီး၊ လုပ်ကြံဖန်တီးမှုတွေ၊ သတင်းမှားတွေဟာလည်း လူမှုအသိုင်းအဝန်းကြား သဘောထားကွဲပြားမှုတွေ၊ တဖက်စွန်းရောက်တဲ့ အခြေအနေတွေကို တွန်းပို့နေတယ်လို့ သတိပေးခဲ့တာပါ။

မညီမျှမှုတွေဟာ စိုးရိမ်စရာ ကောင်းလောက်အောက် ကြီးထွားလာနေရာမှာ ကုဋေကြွယ်သူဌေးကြီးတွေ အာကာသထဲ အလည်ထွက်နေချိန် ကမ္ဘာပေါ်က သန်းနဲ့ချီတဲ့လူတွေ ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာကိုလည်း ထောက်ပြသွားခဲ့သလို၊ ဆင်းရဲမွဲတေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာနေတဲ့ အခြေအနေကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူတဲ့ အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောကြားသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG