သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ရေးထိုးတဲ့ MoU ဘင်္ဂလားဒေ့ရှ်ကို ကုလရှင်းပြ


ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း

ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ နေရပ်ရင်းကို ဂုဏ်သိက္ခာ ရှိရှိ လုံလုံခြုံခြုံ ပြန်နိုင်မယ့် အခြေနေတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂအဖွဲ့စည်း နှစ် ခုနဲ့ မြန်မာတို့ကြား မကြာသေးခင်ကမှရရှိခဲ့တဲ့ နားလည်မှုစာချွန်လွှာ MoU ပါ သဘောတူညီမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR က ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြမ်းဖျင်း ရှင်းလင်းပြောပြခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်လည်း ဖြစ် တောင်အာရှဒေသဆိုင်ရာ အကြီးအကဲလည်း ဖြစ်တဲ့ James Lynch ဟာ အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahriar Alam နဲ့ ဝန်ကြီးရဲ့ လွှတ်တော်ရုံးမှာ တွေ့ဆုံပြီး နားလည်မှုစာချွန်လွှာ MoU ကို အကြမ်းဖျင်းရှင်းပြခဲ့တာပါ။

ကုလသမဂ္ဂအဖွဲ့အစည်း ၂ ခု ဖြစ်တဲ့ UNHCR နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေး UNDP တို့နဲ့ မြန်မာအစိုးရတို့ကြား နေပြည်တော်မှာ မေလ ၃၁ ရက်နေ့က ၃ ပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဇက်ဘဇား မှာ ရောက်နေတဲ့ ရိုဟင်ဂျာမူစလင်တွေ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ လုံခြုံ စိတ်ချစွာ ရေရှည် ပြန်နိုင်ရေးအတွက် အခြေနေကောင်းတွေ ဖန်တီးပေးဖို့ ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ မူဘောင်ကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး နိုင်ခဲ့တာအတွက် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကစပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံကနေ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့ မူစလင် ၇ သိန်း လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတာ ဖြစ်ပြီး သူတို့ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က UNHCR နဲ့ရော UNDP နဲ့ပါ လက်တွဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဒုက္ခသည် တွေ မုတ်သုန်မိုးဒဏ်ကြောင့် ရေကြီးမြေပြိုမှု အန္တရယ်နဲ့ ကြုံနေတာမို့ နိုင်ငံတကာက အကူအညီတွေတိုး ပေးကြဖို့ ကုလသမဂ္ဂက ပန်ကြားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG