သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလလူ႔အခြင့္အေရးေကာင္စီ ျမန္မာ့အေရးဆုံးျဖတ္ခ်က္ NUG ႀကိဳဆို၊ စစ္ေကာင္စီပယ္ခ်


ဝါရွင္တန္ဒီစီမွာရွိတဲ့ လူမ်ဳိးသုဥ္းသတ္ျဖတ္မႈဆုိင္ရာ ျပခန္းမွ မွတ္တမ္းဓာတ္ပံုမ်ား။ (ဓာတ္ပံု - NUG ဝန္ႀကီး ဦးေအာင္မ်ဳိးမင္း ဖဘ)

[[Zawgyi/Unicode]]

ျမန္မာျပည္သူေတြကို အၾကမ္းဖက္ဖိႏွိပ္ေနတာအေပၚ အျပင္းထန္ဆုံး ရႈတ္ခ်လိုက္ၿပီး အတိတ္နဲ႔ပစၥဳပၸန္မွာ စစ္တပ္ကက်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ မႈေတြကို တာဝန္ခံမႈရွိရွိ အေရးယူဖို႔ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီက ဆုံးျဖတ္လိုက္ပါတယ္။ ဒါကို NUG က ႀကိဳဆိုလိုက္ေပမယ့္ စစ္ေကာင္စီကေတာ့ ကန႔္ကြက္လိုက္ပါတယ္။ ဦးတင္ေမာင္သန္းက တင္ျပေပးထားပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ကို အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG က ႀကိဳဆိုလိုက္ၿပီး စစ္ေကာင္စီက ပယ္ခ်လိုက္ပါတယ္။ လူ႔အခြင့္ အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္ NUG အစိုးရက ပူးေပါင္းကူညီသြားမယ္လို႔ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။ စစ္ေကာင္စီကေတာ့ လူ႔အခြင့္အေရးေကာင္စီဟာ လုပ္ထုံးလုပ္နည္းနဲ႔မညီ၊ ဆုံးျဖတ္ခ်က္မွာပါရွိတဲ့ အခ်က္ေတြကလည္း ခိုင္လုံမႈ မရွိဘူးလို႔ ဧၿပီလ ၄ ရက္ေန႔ ေန႔စြဲနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ျမန္မာျပည္သူေတြကို အၾကမ္းဖက္ဖိႏွိပ္ေနတာအေပၚ အျပင္းထန္ဆုံးရႈတ္ခ်လိုက္ၿပီး အတိတ္နဲ႔ပစၥဳပၸန္မွာ စစ္တပ္ကက်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ မႈေတြကို တာဝန္ခံမႈရွိရွိ အေရးယူဖို႔လည္း ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီ က ဧၿပီလ ၁ ရက္ေန႔က ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ လူ႔အခြင့္အေရးဆိုင္ရာ ျမန္မာႏိုင္ငံ အထူးကိုယ္စားလွယ္ရဲ႕လုပ္ပိုင္ခြင့္ကိုလည္း တႏွစ္ ထပ္တိုးေပးလိုက္ပါတယ္။

ဒီ ဆုံးျဖတ္ခ်က္ဟာ “ႏိုင္ငံေရးအရ ထိုးႏွက္တိုက္ခိုက္ရန္ ရည္႐ြယ္” ၿပီး လူ႔အခြင့္ အေရးေကာင္စီဟာ “နာရီမ်ားစြာအခ်ိန္ျဖဳန္း” ခဲ့တယ္လို႔ စစ္ေကာင္စီက ေၾကညာခ်က္မွာဆိုပါတယ္။ NUG လူ႔အခြင့္အေရး ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း က ခုလို ေျပာပါတယ္။

“စစ္တပ္ကေတာ့ သူတို႔ရဲ႕လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ၊ ႏိုင္ငံတကာရာဇဝတ္မႈက်ဴးလြန္တာေတြအကုန္လုံးကို ဘယ္ေတာ့မွ ဝန္ခံတာမရွိပါဘူး။ ဒါက သမုိင္းအစဥ္အဆက္တခုလံုးမွာ ထင္ရွားတဲ့အေထာက္အထားျဖစ္ပါတယ္။ ဘယ္ေလာက္အထိပဲျငင္းဆန္၊ ျငင္းဆန္ သူတို႔ရဲ႕ ျငင္းဆန္မႈက ဘယ္လိုမွ အရာမထင္ေတာ့ဘူး။ အခုလိုမ်ဳိး ေခတ္မီ IT နည္းစနစ္ေတြနဲ႔ အခုခ်က္ျခင္းျဖစ္၊ အခုခ်က္ျခင္းကမၻာကသိတဲ့ကာလမ်ဳိးမွာ သူတို႔ရဲ႕က်ဴးလြန္မႈေတြက ေဖ်ာက္ဖ်က္လို႔လည္းမရသလို ဒါကို ဘယ္လိုမွ ျငင္းဆန္လို႔မရတဲ့အေျခအေနမ်ဳိး ျဖစ္ေနပါတယ္။ အဲဒီေတာ့ သူတို႔ရဲ႕လိမ္ညာျငင္းဆိုမႈကို အမွန္တရားအတုိင္း ႀကံဳေတြ႔ခဲ့ရတဲ့ ျပည္သူေတြရဲ႕အသံနဲ႔ အလြယ္တကူ ေခ်ဖ်က္ႏုိင္ပါတယ္။”

အလားတူပဲ လြတ္လပ္စြာအသင္းအပင္းဖြဲ႔ျခင္းနဲ႔ ဖြဲ႔စည္းခြင့္ အသိအမွတ္ျပဳေရး ျပဌာန္းခ်က္နဲ႔ အလုပ္သမားေတြကို အဓမၼခိုင္းေစမႈဆိုင္ရာ ျပဌာန္းခ်က္ေတြကို စစ္ေကာင္စီက ခ်ိဳးေဖာက္တဲ့အတြက္ စုံစမ္း‌ေရးေကာ္မီတရပ္ ဖြဲ႔စည္းဖို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ႀကီး ILO ကလည္း ဆုံးျဖတ္လိုက္ပါတယ္။ ILO ဟာ “ႏိုင္ငံ‌ေရး သြတ္သြင္းသည့္ အခ်က္အလက္မ်ား၊ မဟုတ္မမွန္သည့္ စြပ္စြဲခ်က္မ်ား” နဲ႔ ဆုံးျဖတ္လိုက္တာျဖစ္တယ္လို႔လည္း ျမန္မာစစ္ေကာင္စီရဲ႕ အလုပ္သမားဝန္ႀကီးဌာနက ဧၿပီလ ၄ ရက္ေန႔စြဲ နဲ႔ ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ျမန္မာအလုပ္သမား သမဂၢမ်ားကြန္ဖေရးရွင္းရဲ႕ ဥကၠ႒ ဦးေမာင္ေမာင္က ခုလို ဆိုပါတယ္။

“Second March မွာေပါ့ေနာ္-အလုပ္သမားသမဂၢ ၁၆ ဖြဲ႔ မတရားအသင္းေၾကညာလိုက္တယ္။ ေနာက္တခါ အေရွ႕ပိုင္းခ႐ိုင္တရား႐ံုးမွာလည္း ၂၀၂၁ မွာ က်ေနာ္တို႔ ...အမႈေဆာင္အားလံုး ၂၇ ေယာက္ကို ရာဇဝတ္ႀကီးပုဒ္မ ၁၂၄ နဲ႔ အမႈဖြင့္ပါတယ္ခင္ဗ်။ ေနာက္ထပ္တခါ ဇြန္လ ၁၃ ရက္ေန႔မွာ အဲဒီအမႈေဆာင္ ၂၇ ေယာက္ကိုပဲ passport VOID declared လုပ္ၿပီး သံ႐ံုးေတြအားလံုးကို ပို႔ပါတယ္ခင္ဗ်။ ေနာက္တခါ က်ေနာ္တို႔ရဲ႕ ရဲေဘာ္ေပါ့ေနာ္-သတၱဳတြင္းက ရဲေဘာခ်မ္းေျမ့ေက်ာ္က ဆႏၵျပေနတဲ့အခ်ိန္မွာ ေသနတ္နဲ႔အပစ္ခံရပါတယ္။ ဒါကလည္း ILO မွာ ေရာက္ေနပါတယ္ခင္ဗ်။ ေနာက္တခါ ဒံုးေတာ...လား၊ အဲဒီရြာမွာက ၁၁ ေယာက္ကို မီး႐ိႈ႕တဲ့အထဲမွာ က်ေနာ္တို႔သတၱဳတြင္းက ေလးေယာက္ ပါပါတယ္ခင္ဗ်။”

လူ႔အခြင့္အေရးေကာင္စီ ဆုံးျဖတ္ခ်က္ေတြ အေကာင္အထည္ေပၚလာေအာင္ NUG အစိုးရက ေဆာင္႐ြက္မယ့္အ‌ေၾကာင္းေတြကိုလည္း ဦးေအာင္မ်ိဳးမင္းက ခုလို ေျပာပါတယ္။

“NUG အေနနဲ႔ကေတာ့ အခုနကေျပာခဲ့တဲ့အျဖစ္အပ်က္ေတြကို ကမၻာကသိေအာင္ စနစ္တက် မွတ္တမ္းတင္တာ က်ေနာ္တို႔ လုပ္ေဆာင္ပါတယ္။ မွတ္တမ္းတင္ၿပီးေတာ့ အခုဆိုလို႔ရွိရင္ ကုလသမဂၢမွာ လူ႔အခြင့္အေရးဆုိင္ရာ ဆံုးျဖတ္ခ်က္ေတြထြက္လာေအာင္ က်ေနာ္တို႔ တိုက္တြန္းခဲ့ပါတယ္။ ဒီေလာက္နဲ႔မၿပီးေသးပါဘူး။ ဒီမွာပါဝင္တဲ့ ဆံုးျဖတ္ခ်က္ေတြမွာ အၾကမ္းဖက္စစ္ေကာင္စီကို လက္နက္ပိတ္ဆို႔မႈေတြ၊ စီးပြါးေရးပိတ္ဆို႔အေရးယူမႈေတြလုပ္ေဆာင္ဖို႔၊ တခ်ိန္တည္းမွာတင္ က်ဴးလြန္တဲ့ စစ္ရာဇဝတ္...စစ္ေခါင္းေဆာင္ေတြကို အေရးယူႏိုင္ဖို႔အတြက္ ဆက္လက္ၿပီးေတာ့ တြန္းအားေပးၿပီးေတာ့ လုပ္ေဆာင္သြားမွာျဖစ္တယ္။”

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာမွာ လူ႔အခြင့္ အေရးကိစၥရပ္ေတြကို ေပါင္းစည္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းတာကိုလည္း “ကုလသမဂၢေအဂ်င္စီအမ်ိဳးမ်ိဳး၏ ကြၽမ္းက်င္မႈမ်ားတြင္ ႏိုင္ငံ‌ေရးသြတ္သြင္းတာ” အျဖစ္ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္က ျမင္ေၾကာင္းပါခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ကုလလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးဆုံးဖြတ်ချက် NUG ကြိုဆို၊ စစ်ကောင်စီပယ်ချ

မြန်မာပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်နေတာအပေါ် အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး အတိတ်နဲ့ပစ္စုပ္ပန်မှာ စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို တာဝန်ခံမှုရှိရှိ အရေးယူဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။ ဒါကို NUG က ကြိုဆိုလိုက်ပေမယ့် စစ်ကောင်စီကတော့ ကန့်ကွက်လိုက်ပါတယ်။ ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြိုဆိုလိုက်ပြီး စစ်ကောင်စီက ပယ်ချလိုက်ပါတယ်။ လူ့အခွင့် အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်အောင် NUG အစိုးရက ပူးပေါင်းကူညီသွားမယ်လို့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ စစ်ကောင်စီကတော့ လူ့အခွင့်အရေးကောင်စီဟာ လုပ်ထုံးလုပ်နည်းနဲ့မညီ၊ ဆုံးဖြတ်ချက်မှာပါရှိတဲ့ အချက်တွေကလည်း ခိုင်လုံမှု မရှိဘူးလို့ ဧပြီလ ၄ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာပြည်သူတွေကို အကြမ်းဖက်ဖိနှိပ်နေတာအပေါ် အပြင်းထန်ဆုံးရှုတ်ချလိုက်ပြီး အတိတ်နဲ့ပစ္စုပ္ပန်မှာ စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို တာဝန်ခံမှုရှိရှိ အရေးယူဖို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ က ဧပြီလ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့်ကိုလည်း တနှစ် ထပ်တိုးပေးလိုက်ပါတယ်။

ဒီ ဆုံးဖြတ်ချက်ဟာ “နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်” ပြီး လူ့အခွင့် အရေးကောင်စီဟာ “နာရီများစွာအချိန်ဖြုန်း” ခဲ့တယ်လို့ စစ်ကောင်စီက ကြေညာချက်မှာဆိုပါတယ်။ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း က ခုလို ပြောပါတယ်။

“စစ်တပ်ကတော့ သူတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တာတွေအကုန်လုံးကို ဘယ်တော့မှ ဝန်ခံတာမရှိပါဘူး။ ဒါက သမိုင်းအစဉ်အဆက်တခုလုံးမှာ ထင်ရှားတဲ့အထောက်အထားဖြစ်ပါတယ်။ ဘယ်လောက်အထိပဲငြင်းဆန်၊ ငြင်းဆန် သူတို့ရဲ့ ငြင်းဆန်မှုက ဘယ်လိုမှ အရာမထင်တော့ဘူး။ အခုလိုမျိုး ခေတ်မီ IT နည်းစနစ်တွေနဲ့ အခုချက်ခြင်းဖြစ်၊ အခုချက်ခြင်းကမ္ဘာကသိတဲ့ကာလမျိုးမှာ သူတို့ရဲ့ကျူးလွန်မှုတွေက ဖျောက်ဖျက်လို့လည်းမရသလို ဒါကို ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့အခြေအနေမျိုး ဖြစ်နေပါတယ်။ အဲဒီတော့ သူတို့ရဲ့လိမ်ညာငြင်းဆိုမှုကို အမှန်တရားအတိုင်း ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့အသံနဲ့ အလွယ်တကူ ချေဖျက်နိုင်ပါတယ်။”

အလားတူပဲ လွတ်လပ်စွာအသင်းအပင်းဖွဲ့ခြင်းနဲ့ ဖွဲ့စည်းခွင့် အသိအမှတ်ပြုရေး ပြဌာန်းချက်နဲ့ အလုပ်သမားတွေကို အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက်တွေကို စစ်ကောင်စီက ချိုးဖောက်တဲ့အတွက် စုံစမ်း‌ရေးကော်မီတရပ် ဖွဲ့စည်းဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO ကလည်း ဆုံးဖြတ်လိုက်ပါတယ်။ ILO ဟာ “နိုင်ငံ‌ရေး သွတ်သွင်းသည့် အချက်အလက်များ၊ မဟုတ်မမှန်သည့် စွပ်စွဲချက်များ” နဲ့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း မြန်မာစစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၄ ရက်နေ့စွဲ နဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ မြန်မာအလုပ်သမား သမဂ္ဂများကွန်ဖရေးရှင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ခုလို ဆိုပါတယ်။

“Second March မှာပေါ့နော်-အလုပ်သမားသမဂ္ဂ ၁၆ ဖွဲ့ မတရားအသင်းကြေညာလိုက်တယ်။ နောက်တခါ အရှေ့ပိုင်းခရိုင်တရားရုံးမှာလည်း ၂၀၂၁ မှာ ကျနော်တို့ ...အမှုဆောင်အားလုံး ၂၇ ယောက်ကို ရာဇဝတ်ကြီးပုဒ်မ ၁၂၄ နဲ့ အမှုဖွင့်ပါတယ်ခင်ဗျ။ နောက်ထပ်တခါ ဇွန်လ ၁၃ ရက်နေ့မှာ အဲဒီအမှုဆောင် ၂၇ ယောက်ကိုပဲ passport VOID declared လုပ်ပြီး သံရုံးတွေအားလုံးကို ပို့ပါတယ်ခင်ဗျ။ နောက်တခါ ကျနော်တို့ရဲ့ ရဲဘော်ပေါ့နော်-သတ္တုတွင်းက ရဲဘောချမ်းမြေ့ကျော်က ဆန္ဒပြနေတဲ့အချိန်မှာ သေနတ်နဲ့အပစ်ခံရပါတယ်။ ဒါကလည်း ILO မှာ ရောက်နေပါတယ်ခင်ဗျ။ နောက်တခါ ဒုံးတော...လား၊ အဲဒီရွာမှာက ၁၁ ယောက်ကို မီးရှို့တဲ့အထဲမှာ ကျနော်တို့သတ္တုတွင်းက လေးယောက် ပါပါတယ်ခင်ဗျ။”

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တွေ အကောင်အထည်ပေါ်လာအောင် NUG အစိုးရက ဆောင်ရွက်မယ့်အ‌ကြောင်းတွေကိုလည်း ဦးအောင်မျိုးမင်းက ခုလို ပြောပါတယ်။

“NUG အနေနဲ့ကတော့ အခုနကပြောခဲ့တဲ့အဖြစ်အပျက်တွေကို ကမ္ဘာကသိအောင် စနစ်တကျ မှတ်တမ်းတင်တာ ကျနော်တို့ လုပ်ဆောင်ပါတယ်။ မှတ်တမ်းတင်ပြီးတော့ အခုဆိုလို့ရှိရင် ကုလသမဂ္ဂမှာ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေထွက်လာအောင် ကျနော်တို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလောက်နဲ့မပြီးသေးပါဘူး။ ဒီမှာပါဝင်တဲ့ ဆုံးဖြတ်ချက်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ပိတ်ဆို့မှုတွေ၊ စီးပွါးရေးပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့၊ တချိန်တည်းမှာတင် ကျူးလွန်တဲ့ စစ်ရာဇဝတ်...စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့အတွက် ဆက်လက်ပြီးတော့ တွန်းအားပေးပြီးတော့ လုပ်ဆောင်သွားမှာဖြစ်တယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ လူ့အခွင့် အရေးကိစ္စရပ်တွေကို ပေါင်းစည်းဆောင်ရွက်ကြဖို့ တိုက်တွန်းတာကိုလည်း “ကုလသမဂ္ဂအေဂျင်စီအမျိုးမျိုး၏ ကျွမ်းကျင်မှုများတွင် နိုင်ငံ‌ရေးသွတ်သွင်းတာ” အဖြစ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က မြင်ကြောင်းပါခင်ဗျာ။
=============

XS
SM
MD
LG