သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လွန် ကာလ မြန်မာကလေးတွေ အရေး ဦးစားပေးဖို့ ကုလ တောင်းဆို


မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို နီးကပ်လာချိန်မှာ နောင်ထွက်ပေါ် လာမယ့် နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကလေးတွေအတွက် ဦးစားပေးကြဖို့ ကလေးတွေရဲ့ ဘဝတွေ အစကောင်းအောင် လုပ်ဆောင်ပေးကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ Save the Children အဖွဲ့တို့က နှိုးဆော်လိုက်ပါတယ်။

နိုင်ငံရေးပါတီပေါင်း ၈၀ ကျော်အနေနဲ့ သူတို့ရဲ့ မူဝါဒ ကြေညာချက်တွေအတွင်း ကလေးများအရေးကိစ္စကို ဦးစားပေး ထည့်သွင်းပေးဖို့ ကလေးတွေအတွက် ဆောင်ရွက်ပေးနေတဲ့ ကမ္ဘာ့အဖွဲ့အစည်းကြီး ၂ ခုက မနေ့က ကြေညာချက် ထုတ်ပြန်ပြီးတော့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

သိရှိရတဲ့ အနေအထားအရ ပါတီပေါင်း ၃၇ ခုက သူတို့ရဲ့ ရွေးကောက်ပွဲစည်းရုံးရေးတွေမှာ ကလေးတွေရဲ့အရေး ပြောဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ပညာရေး ကျန်းမာရေး အဟာရဓာတ်ပြည့်ဝရေး လူမှုရေးအထောက်အကူနဲ့ အကာကွယ်ပေးရေး ကိစ္စတွေကို အဓိကထား ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ကလေးတွေ ၆၀% ဟာ ဆင်းဆင်းရဲရဲ နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ၁၄ ယောက်မှာ ၁ ယောက်ဟာ အသက် ၅ နှစ်အရွယ်အထိ အသက်ရှင်သန်ခွင့် မရကြသလို အသက် ၅ နှစ် အရွယ်နဲ့ ၁၈ နှစ်ကြား ကလေးတွေရဲ့ သုံးပုံတပုံဟာ ပညာသင်ခွင့် မရကြဘဲ သူတို့ မိသားစုတွေအတွက် အလုပ်လုပ်နေရကြတယ်လို့လည်း ကြေညာချက်က ထောက်ပြထားပါတယ်။

အစိုးရအနေနဲ့ လက်ရှိ ကလေးတွေရဲ့ ပညာရေးအတွက် အသုံးစရိတ်ရဲ့ ၉% အသုံးပြုနေရာကနေ ၁၅% တိုးမြှင့်သုံးစွဲဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG