သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေတာင္ပိုင္းနဲ႔ကယားျပည္နယ္ ဒုကၡသည္တခ်ိဳ႕ကို WFP အကူအညီေပးေန


WFP Sexual Abuses

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာၿပီး ထြက္ေျပးေနရသူေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ အေတာ္လိုအပ္ေနပါတယ္။ တခ်ိဳ႕ဆို ယာယီစစ္ေရွာင္စခန္းေတြမွာ အခ်ိန္ေတာ္ေတာ္ၾကာ ေနထိုင္ေနရၿပီး အေျခခံလိုအပ္ခ်က္ေတြ ျဖည့္တင္းႏိုင္ဖို႔အတြက္ပါ ခက္ခဲေနၾကတာပါ။ အခက္ႀကဳံေနရတဲ့ ဒီဒုကၡသည္ေတြအတြက္ ႏိုင္ငံတကာရဲ႕ အကူအညီရရွိေရး အလားအလာက ဘယ္လိုအေျခအေနမွာ ရွိေနပါသလဲ။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းခ်ိန္ကစလို႔ အခုႏွစ္ ေမလ အေစာပိုင္းအထိ ျပည္တြင္းေနရပ္စြန႔္ခြာသူ ဦးေရဟာ ၉၃၆,၀၀၀ ေက်ာ္အထိ ရွိထားတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာညႇိႏိႈင္းေဆာင္႐ြက္ေရးအဖြဲ႔ UNOCHA က ထုတ္ျပန္ ထားပါတယ္။ သူတို႔ေတြအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ သြားေရာက္ကူညီခြင့္ေပးဖို႔ကလည္း အျမန္ဆုံးလိုအပ္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြၾကား အျပန္အလွန္ပစ္ခတ္မႈေတြရွိေနလို႔ ေနအိမ္စြန႔္ခြာ ေဘးလြတ္ရာထြက္ေျပးေနၾကရတဲ့ ကယားျပည္နယ္ (ကရင္နီ) က ေဒသခံအမ်ားစု စစ္ေရွာင္တဲ့ေနရာေတြမွာလည္း စားနပ္ရိကၡာနဲ႔ ေနထိုင္ေရးအခက္အခဲေတြပါ ႀကဳံေတြ႕ေနရပါတယ္။ စစ္ေဘးဒုကၡသည္ ၁ ေသာင္းဝန္းက်င္အတြက္ ေဒသခံေတြကသာ အဓိကကူညီေပးေနၿပီး အခ်ိန္ကာလၾကာလာတာနဲ႔အမွ် ႏိုင္ငံတကာရဲ႕ ေထာက္ပံ့မႈရနိင္ဖို႔ကိုလည္း ႀကိဳးပမ္းေနတယ္လို႔ ကူညီေပးေနသူတဦးက ေျပာပါတယ္။

"(ႏိုင္ငံတကာအကူအညီရဖို႔) အဲဒီဟာကို က်ေနာ္တို႔ႀကိဳးစားေနတယ္။ ႀကိဳးစားေနတယ္ဆိုတာ ဥပမာေပါ့ - ႏိုင္ငံတကာအဖြဲ႔အစည္းေတြကလည္း သူတို႔ရဲ႕ Policy ေတြရွိတယ္ေပါ့ေနာ္။ Guideline ေတြရွိတယ္။ အခု Local မွာ က်ေနာ္တို႔ဖြဲ႕ထားတဲ့ အဖြဲ႕နဲ႔ အဲဒီႏိုင္ငံတကာက အကူအညီရယူႏိုင္မယ့္ အခြင့္အလမ္းက ေလာေလာဆယ္ကေတာ့ မျမင္ေသးဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံတကာအကူအညီေတြက သူတို႔အကူအညီေပးေတာ့မယ္ ဆိုရင္ေတာင္မွ သူတို႔ရဲ႕ Policy နဲ႔ သူတို႔ရဲ႕ Guideline ေတြနဲ႔ညီမွ သူတို႔ကကူညီေထာက္ပံ့တာဆိုေတာ့။"

ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေ႐ႊ၊ ပင္းတယနဲ႔ ေတာင္ႀကီးၿမိဳ႕နယ္တို႔မွာ ယာယီခိုလႈံေနၾကတဲ့ ကယားျပည္နယ္က ေနရပ္စြန႔္ခြာလာသူေတြကို ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP က စားနပ္ရိကၡာ ျဖန႔္ျဖဴးေပးေနၿပီး၊ ေဒသခံအရပ္ဘက္ အဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္ ႐ြက္ေနတယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ထုတ္ျပန္ထားပါတယ္။ WFP အေနနဲ႔ ျမန္မာႏိုင္ငံတြင္းက အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳဖို႔အတြက္ ဒိန္းမတ္ႏိုင္ငံက အေမရိကန္ေဒၚလာ ၃.၈ သန္းကိုလည္း ကူညီထားပါတယ္။

စစ္ေဘးဒုကၡသည္ ၆,၀၀၀ ေက်ာ္ရွိေနတဲ့ ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းမွာလည္း မိုးတြင္းကာလနီးလာလို႔ လမ္းပန္းဆက္သြယ္ေရးအခက္ေတြ႕ေနၿပီး စားနပ္ရိကၡာသယ္ယူဖို႔ ခက္ခဲေနပါတယ္။

"မိုးတြင္းပိုင္းဆိုေတာ့ က်ေနာ္တို႔မွာ ပထဝီအေနအထားအရ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတယ္။ မိုး႐ြာလာရင္ လမ္းအရမ္းေခ်ာ္တယ္၊ ရိကၡာေတြပို႔ဖို႔ ခက္ခဲတဲ့အခါက်ေတာ့ ဆန္၊ ဆီ စားနပ္ရိကၡာပိုင္း အရမ္းခက္ခဲတာေတြေတာ့ရွိတယ္။ သြားလာဖို႔ခက္ခဲတဲ့အတြက္ တျခားအဖြဲ႕အစည္းေတြကလည္း လာဖို႔အခက္အခဲေတြ အမ်ားႀကီးရွိတဲ့အတြက္ က်ေနာ္တို႔ အဲဒီစားနပ္ရိကၡာပိုင္းကေတာ့ အရမ္းအခက္အခဲရွိတယ္။"

လတ္တေလာမွာ စစ္ေဘးဒုကၡသည္ေတြအတြက္ စစ္ေရွာင္ေကာ္မတီကေနပဲ အလႉခံၿပီး စားနပ္ရိကၡာ ျပန္လည္ျဖန႔္ေဝေပးႏိုင္ဖို႔ကို ႀကိဳးပမ္းေနရၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ လူသားခ်င္းစာနာမႈ အေထာက္အပံ့ရႏိုင္ဖို႔ကေတာ့ အလွမ္းေဝးေနတယ္လို႔ ဖ႐ူဆိုၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း စစ္ေဘးေရွာင္ကူညီ ေစာင့္ေရွာက္ေရးေကာ္မတီရဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"အခုထိေတာ့ က်ေနာ္တို႔ ဖ႐ူဆိုအေနာက္ဘက္ျခမ္းကို ႏိုင္ငံတကာအဖြဲ႕အစည္းေတြဘက္က ကူညီေထာက္ပံ့မႈေတြ ေပးမယ္ဆိုတာေတာ့ အခုထိမၾကားမိေသးဘူး။ ဥပမာ - က်ေနာ္တို႔ဆို အခုဆိုမိုးတြင္းပိုင္း စၿပီေပါ့ေနာ္။ က်ေနာ္တို႔ေကာ္မတီကေတာ့ ခုနကေျပာသလို ေတာ္ေတာ္ခက္ခဲလာတယ္။ တခ်ိဳ႕ဆို စစ္ေရွာင္ေနရတာ တႏွစ္ေလာက္ရွိၿပီေပါ့ေနာ္။ အလႉျပန္ခံဖို႔ ကလည္း အရင္လိုေတာ့ မဟုတ္ေတာ့ဘူးေပါ့ေနာ္။ အခုက ဆန္ပဲရွိတယ္ဆိုရင္ေတာင္မွ ဆန္ကိုပဲ အေနာက္ဘက္ျခမ္း တအုပ္စုလုံးျဖန႔္ဖို႔က လုံေလာက္မႈမရွိေတာ့ဘူး။ ဒီတလတည္းကိုပဲ အဲလိုမ်ိဳးအေျခအေနရွိတယ္။"

ျမန္မာႏိုင္ငံတြင္းက လူေပါင္း ၆ သန္း ၂ သိန္းကို လူသားခ်င္းစာနာမႈ အကူအညီေပးႏိုင္ဖို႔ အခုႏွစ္အတြက္ အေမရိကန္ေဒၚလာ ၈၂၆ သန္း လိုအပ္ေနၿပီး ဒီပမာဏက ၿပီးခဲ့တဲ့ ႏွစ္ကထက္ ၂ ဆပိုမ်ားတယ္လို႔ UNOCHA က ေျပာထားပါတယ္။ ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP ကေတာ့ ရွမ္းျပည္နယ္ေတာင္ပိုင္းနဲ႔ ကယားျပည္နယ္တို႔မွာ လူသားခ်င္းစာနာမႈ အကူအညီေတြ အေရးေပၚလိုအပ္ခ်က္ေတြကို ထိထိေရာက္ေရာက္ ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ ေတာင္ႀကီးၿမိဳ႕မွာ ႐ုံးခန္းနဲ႔ စားနပ္ရိကၡာ သိုေလွာင္႐ုံတခုကို အေျခစိုက္ဖြင့္လွစ္ထားတယ္လို႔ ေျပာထားပါတယ္။ ျမန္မာႏိုင္ငံတြင္း ပဋိပကၡေတြအတြက္ လူသားခ်င္းစာနာမႈအကူအညီေပးေရးကိစၥကို အာဆီယံအသင္းႀကီးမွာ ေဆြးေႏြးေနတာရွိပါတယ္။ ဒါေပမယ့္ ဒီအကူအညီေတြေပမယ့္ ပုံစံ၊ အကူအညီေပးေရးလုပ္ငန္းေတြ အေကာင္အထည္ေဖာ္မယ့္ကိစၥေတြနဲ႔ပတ္သက္လို႔ အာဆီယံအတြင္းမွာ သေဘာမညီမွ်မႈေတြရွိေနပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ သူတို႔သတ္မွတ္ထားတဲ့ မူေဘာင္အတြင္းကေန တရားဝင္ေဆာင္႐ြက္မယ္ဆိုရင္ လက္ခံပူးေပါင္းသြားမယ္လို႔ တုံ႔ျပန္ထားတာရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရှမ်းတောင်ပိုင်းနဲ့ကယားပြည်နယ် ဒုက္ခသည်တချို့ကို WFP အကူအညီပေးနေ

မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတော်လိုအပ်နေပါတယ်။ တချို့ဆို ယာယီစစ်ရှောင်စခန်းတွေမှာ အချိန်တော်တော်ကြာ နေထိုင်နေရပြီး အခြေခံလိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့အတွက်ပါ ခက်ခဲနေကြတာပါ။ အခက်ကြုံနေရတဲ့ ဒီဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ အကူအညီရရှိရေး အလားအလာက ဘယ်လိုအခြေအနေမှာ ရှိနေပါသလဲ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် မေလ အစောပိုင်းအထိ ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေဟာ ၉၃၆,၀၀၀ ကျော်အထိ ရှိထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က ထုတ်ပြန် ထားပါတယ်။ သူတို့တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ကူညီခွင့်ပေးဖို့ကလည်း အမြန်ဆုံးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိနေလို့ နေအိမ်စွန့်ခွာ ဘေးလွတ်ရာထွက်ပြေးနေကြရတဲ့ ကယားပြည်နယ် (ကရင်နီ) က ဒေသခံအများစု စစ်ရှောင်တဲ့နေရာတွေမှာလည်း စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲတွေပါ ကြုံတွေ့နေရပါတယ်။ စစ်ဘေးဒုက္ခသည် ၁ သောင်းဝန်းကျင်အတွက် ဒေသခံတွေကသာ အဓိကကူညီပေးနေပြီး အချိန်ကာလကြာလာတာနဲ့အမျှ နိုင်ငံတကာရဲ့ ထောက်ပံ့မှုရနိင်ဖို့ကိုလည်း ကြိုးပမ်းနေတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

"(နိုင်ငံတကာအကူအညီရဖို့) အဲဒီဟာကို ကျနော်တို့ကြိုးစားနေတယ်။ ကြိုးစားနေတယ်ဆိုတာ ဥပမာပေါ့ - နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ Policy တွေရှိတယ်ပေါ့နော်။ Guideline တွေရှိတယ်။ အခု Local မှာ ကျနော်တို့ဖွဲ့ထားတဲ့ အဖွဲ့နဲ့ အဲဒီနိုင်ငံတကာက အကူအညီရယူနိုင်မယ့် အခွင့်အလမ်းက လောလောဆယ်ကတော့ မမြင်သေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအကူအညီတွေက သူတို့အကူအညီပေးတော့မယ် ဆိုရင်တောင်မှ သူတို့ရဲ့ Policy နဲ့ သူတို့ရဲ့ Guideline တွေနဲ့ညီမှ သူတို့ကကူညီထောက်ပံ့တာဆိုတော့။"

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနဲ့ တောင်ကြီးမြို့နယ်တို့မှာ ယာယီခိုလှုံနေကြတဲ့ ကယားပြည်နယ်က နေရပ်စွန့်ခွာလာသူတွေကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စားနပ်ရိက္ခာ ဖြန့်ဖြူးပေးနေပြီး၊ ဒေသခံအရပ်ဘက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထုတ်ပြန်ထားပါတယ်။ WFP အနေနဲ့ မြန်မာနိုင်ငံတွင်းက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၈ သန်းကိုလည်း ကူညီထားပါတယ်။

စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်ရှိနေတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း မိုးတွင်းကာလနီးလာလို့ လမ်းပန်းဆက်သွယ်ရေးအခက်တွေ့နေပြီး စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲနေပါတယ်။

"မိုးတွင်းပိုင်းဆိုတော့ ကျနော်တို့မှာ ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ မိုးရွာလာရင် လမ်းအရမ်းချော်တယ်၊ ရိက္ခာတွေပို့ဖို့ ခက်ခဲတဲ့အခါကျတော့ ဆန်၊ ဆီ စားနပ်ရိက္ခာပိုင်း အရမ်းခက်ခဲတာတွေတော့ရှိတယ်။ သွားလာဖို့ခက်ခဲတဲ့အတွက် တခြားအဖွဲ့အစည်းတွေကလည်း လာဖို့အခက်အခဲတွေ အများကြီးရှိတဲ့အတွက် ကျနော်တို့ အဲဒီစားနပ်ရိက္ခာပိုင်းကတော့ အရမ်းအခက်အခဲရှိတယ်။"

လတ်တလောမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စစ်ရှောင်ကော်မတီကနေပဲ အလှူခံပြီး စားနပ်ရိက္ခာ ပြန်လည်ဖြန့်ဝေပေးနိုင်ဖို့ကို ကြိုးပမ်းနေရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အထောက်အပံ့ရနိုင်ဖို့ကတော့ အလှမ်းဝေးနေတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီ စောင့်ရှောက်ရေးကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အခုထိတော့ ကျနော်တို့ ဖရူဆိုအနောက်ဘက်ခြမ်းကို နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က ကူညီထောက်ပံ့မှုတွေ ပေးမယ်ဆိုတာတော့ အခုထိမကြားမိသေးဘူး။ ဥပမာ - ကျနော်တို့ဆို အခုဆိုမိုးတွင်းပိုင်း စပြီပေါ့နော်။ ကျနော်တို့ကော်မတီကတော့ ခုနကပြောသလို တော်တော်ခက်ခဲလာတယ်။ တချို့ဆို စစ်ရှောင်နေရတာ တနှစ်လောက်ရှိပြီပေါ့နော်။ အလှူပြန်ခံဖို့ ကလည်း အရင်လိုတော့ မဟုတ်တော့ဘူးပေါ့နော်။ အခုက ဆန်ပဲရှိတယ်ဆိုရင်တောင်မှ ဆန်ကိုပဲ အနောက်ဘက်ခြမ်း တအုပ်စုလုံးဖြန့်ဖို့က လုံလောက်မှုမရှိတော့ဘူး။ ဒီတလတည်းကိုပဲ အဲလိုမျိုးအခြေအနေရှိတယ်။"

မြန်မာနိုင်ငံတွင်းက လူပေါင်း ၆ သန်း ၂ သိန်းကို လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ အခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၈၂၆ သန်း လိုအပ်နေပြီး ဒီပမာဏက ပြီးခဲ့တဲ့ နှစ်ကထက် ၂ ဆပိုများတယ်လို့ UNOCHA က ပြောထားပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်ချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် တောင်ကြီးမြို့မှာ ရုံးခန်းနဲ့ စားနပ်ရိက္ခာ သိုလှောင်ရုံတခုကို အခြေစိုက်ဖွင့်လှစ်ထားတယ်လို့ ပြောထားပါတယ်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စကို အာဆီယံအသင်းကြီးမှာ ဆွေးနွေးနေတာရှိပါတယ်။ ဒါပေမယ့် ဒီအကူအညီတွေပေမယ့် ပုံစံ၊ အကူအညီပေးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မယ့်ကိစ္စတွေနဲ့ပတ်သက်လို့ အာဆီယံအတွင်းမှာ သဘောမညီမျှမှုတွေရှိနေပါတယ်။ မြန်မာစစ်ကောင်စီကတော့ သူတို့သတ်မှတ်ထားတဲ့ မူဘောင်အတွင်းကနေ တရားဝင်ဆောင်ရွက်မယ်ဆိုရင် လက်ခံပူးပေါင်းသွားမယ်လို့ တုံ့ပြန်ထားတာရှိပါတယ်။
===============

XS
SM
MD
LG