[[Zawgyi/Unicode]]
ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ မတရားဖမ္းဆီးခံထားရသူအားလုံးလႊတ္ေပးဖို႔နဲ႔ အၾကမ္းဖက္မႈေတြရပ္တန႔္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ကို ႏိုင္ငံေရးေလ့လာသူအမ်ားစုက ႀကိဳဆိုၾကပါတယ္။ ဒါေပမဲ့လည္း ျမန္မာ့ႏိုင္ငံေရးျပႆနာကိုေတာ့ ျပည္တြင္းအင္အားစုေတြကပဲ ေျဖရွင္းရမယ္လို႔ မွတ္ခ်က္ျပဳတုံ႔ျပန္သူေတြလည္းရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေမးျမန္းသတင္းေပးပို႔တာကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။
ျပည္တြင္းက အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းရပ္ဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ မတရားဖမ္းဆီးခံထားရသူေတြ အားလုံးကိုလႊတ္ေပးဖို႔ ဒီအခ်က္ေတြပါဝင္တဲ့ ျမန္မာ့အေရး ကုလဆုံးျဖတ္ခ်က္အေပၚ ျမန္မာ့ႏိုင္ငံေရး အင္အားစုအေတာ္မ်ားမ်ားက ေယဘုယ် အားျဖင့္ ႀကိဳဆိုလိုက္ပါတယ္။ ႏိုင္ငံေရးအဖြဲ႕တခ်ိဳ႕ကေတာ့ မူလမူၾကမ္းမွာ ဗီတိုအာဏာသုံးခြင့္ရွိတဲ့ တ႐ုတ္၊ ႐ုရွားတို႔ေက်နပ္ေအာင္ ျပင္ဆင္လိုက္ရတာမို႔ လက္ေတြ႔မပါတဲ့ ေတာင္းဆိုမႈျဖစ္တယ္လို႔ ယူဆသူရွိသလို တကယ္တမ္းျမန္မာႏိုင္ငံေရးျပႆနာကို ျပည္တြင္းအင္အားစုေတြကပဲေျဖရွင္းရမယ္လို႔ ယူဆမႈေတြလည္းရွိပါတယ္။
ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကေတာ့ ျမန္မာႏိုင္ငံရဲ႕ ျပႆနာကို ျပည္တြင္းကပဲ ေျဖရွင္းရလိမ့္မယ္လို႔ ျမင္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။
" အဲဒီျပႆနာကို ေျဖရွင္းႏိုင္ဖို႔ကိစၥမွာ အခုဟာက အခ်င္းခ်င္း အင္အားအဓိကနဲ႔ တေယာက္ကိုတေယာက္ အျပဳတ္တိုက္မယ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ရွင္းၿပီဆိုရင္ေတာ့ ဒီျပႆနာက ဆက္ၿပီး ၾကာေနဦးမွာပဲလို႔ ျမင္တယ္။ ေနာက္တခုကေတာ့ အာဆီယံရဲ႕ဘုံသေဘာတူညီခ်က္ ငါးခ်က္က နစကကိုယ္တိုင္လည္း သေဘာတူညီထားၿပီးသား။ သို႔ေသာ္ ၂ ႏွစ္နီးပါး ၾကာလာတဲ့အထိ တိုးတက္မႈေတြမရဘူးဆိုၿပီး အားမလိုအားမရ ျဖစ္တဲ့အေပၚမွာ အာဆီယံတင္မကဘဲနဲ႔ ကုလသမဂၢပါ ထပ္ေလာင္းၿပီးေတာ့ ဒါကိုတိုက္တြန္း ေတာင္းဆိုလိုက္တာလို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။ ဒါေၾကာင့္ ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ပဲ သြားရမယ္။ ေတြ႔ဆုံေဆြးေႏြးတဲ့အခါမွာ တဆင့္ခ်င္းတဆင့္ခ်င္း တိုးတက္ေျပာင္းလဲမႈျဖစ္ဖို႔အတြက္က အဓိက ႏိုင္ငံေတာ္အာဏာကို ရယူထားတဲ့ နစကဘက္က ဘယ္ေလာက္အေျမာ္အျမင္ရွိရွိနဲ႔ ဒီအက်ပ္အတည္းကို နားလည္သလဲ၊ ေျဖရွင္းသလဲအေပၚမွာေတာ့ အဓိကျဖစ္တယ္လို႔ ျမင္ပါတယ္။"
ကုလလုံၿခဳံေရးေကာင္စီရဲ႕အဖြဲ႔ဝင္ ၁၅ ႏိုင္ငံမွာ ႐ုရွား၊ တ႐ုတ္နဲ႔အိႏၵိယက ျမန္မာ့အေရးဆုံးျဖတ္ခ်က္မွာ မဲမေပးဘဲေနခဲ့ပါတယ္။ တ႐ုတ္ကုလသံအမတ္ကေတာ့ ျမန္မာ့အေရးကို အလ်င္ အျမန္ ေျဖရွင္းႏိုင္တဲ့နည္းလမ္းမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး ဒီကိစၥကို ျမန္မာကိုယ္တိုင္ပဲ ေျဖရွင္းရလိမ့္မယ္လို႔ ေျပာပါတယ္။ ႐ုရွားကုလသံအမတ္ကေတာ့ ျမန္မာျပႆနာဟာ ႏိုင္ငံတကာရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္တဲ့ကိစၥလို႔ မျမင္ေၾကာင္း ေျပာခဲ့ပါတယ္။
အခု ကုလလုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ဟာ ျမန္မာ့အေရးနဲ႔ပတ္သက္လာရင္ ဆယ္စုႏွစ္ေတြအတြင္း ပထမဆုံးျဖစ္လို႔ ထူးျခားမႈရွိေပမဲ့ စစ္ေကာင္စီဘက္မွာ ဖိအားအမ်ားႀကီး သက္ေရာက္ေစမွာမဟုတ္ဘူးလို႔ ႏိုင္ငံေရးေလ့လာသူ ဦးရဲထြန္းကယူဆပါတယ္။
"နစကအစိုးရကလည္း ဘာမွေတာ့ ထူးထူးျခားျခား ဂ႐ုစိုက္မွာမဟုတ္ဘူး။ သို႔ေသာ္ တခုကေတာ့ သူတို႔လုပ္မဲ့ေ႐ြးေကာက္ပြဲမွာ သူတို႔ခ်ည္းပဲလုပ္လို႔ရွိရင္ ေ႐ြးေကာက္ပြဲအေပၚမွာ ျပည္တြင္းျပည္ပေထာက္ခံမႈက နည္းမယ္။ ေ႐ြးေကာက္ပြဲကိုလာၿပီး မဲထည့္တဲ့သူလည္း အသက္အႏၲရာယ္ စိုးရိမ္ရတာေၾကာင့္ မဲလာထည့္တာနည္းမွာျဖစ္သလို ႏိုင္ငံတကာရဲ႕အသိအမွတ္ျပဳမႈလည္း နည္းမယ္ေပါ့ေနာ္။ တကယ္လို႔ NLD ပါဝင္မယ္ဆိုရင္ေတာ့ ျပည္သူလူထုကလည္း တက္တက္ႂကြႂကြ မဲလာထည့္တာမ်ားလိမ့္မယ္။ ေ႐ြးေကာက္ပြဲအလြန္မွာ တရားမွ်တဲ့ ေ႐ြးေကာက္ပြဲျဖစ္ခဲ့တယ္ဆိုရင္ PR စနစ္နဲ႔လုပ္တဲ့ ေ႐ြးေကာက္ပြဲ ျဖစ္သည့္တိုင္ NLD က အႏိုင္ရႏိုင္တဲ့ အေနအထားေတြရွိတယ္။ အဲလိုျဖစ္လာရင္ ႏိုင္ငံတကာ အသိအမွတ္ျပဳမႈလည္း အမ်ားႀကီး ရွိႏိုင္တာေပါ့။ အဲဒီဟာကို ေမွ်ာ္လင့္ခ်က္ ေမွ်ာ္မွန္းခ်က္နဲ႔ အဲလိုျဖစ္ဖို႔အတြက္ လႊတ္ေပးတာမ်ိဳး ရွိေကာင္းရွိႏိုင္တယ္။"
ကုလလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ပါ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးရမယ္ဆိုတဲ့ကိစၥမွာ ဥပေဒအတိုင္းပဲ ေဆာင္႐ြက္မွာျဖစ္တယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္ပါတယ္။
"က်ေနာ္တို႔အေနနဲ႔ ယခင္ကအတိုင္း ေျပာၿပီးသား ျဖစ္ပါတယ္။ ဥပေဒအထက္မွာေတာ့ ဘယ္သူမွမရွိပါဘူး။ တရားဥပေဒအတိုင္းပဲ ေဆာင္႐ြက္ရတာျဖစ္ေၾကာင္းပဲ ေျပာခ်င္ပါတယ္။ က်ေနာ္တို႔က ဒီကိစၥသည္ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးျဖစ္တယ္။ အေရးယူထားသည့္ ကိစၥေတြမွန္သမွ်သည္လည္း ျမန္မာႏိုင္ငံရဲ႕တည္ဆဲဥပေဒအရ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒက အဓိကျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔တရား႐ုံးမွာ ေရွ႕ေနေတြနဲ႔ တရားဥပေဒရဲ႕ လုပ္ထုံးလုပ္နည္းေတြအတိုင္း အျပည့္အဝေဆာင္႐ြက္ၿပီးမွ ေဆာင္႐ြက္တာ ျဖစ္ေၾကာင္းပဲ ေျပာခ်င္ပါတယ္။"
အၾကမ္းဖက္မႈေတြရပ္တန႔္ဖို႔ ကုလလုံၿခဳံေရးေကာင္စီက အခုလို ဆုံးျဖတ္ေတာင္းဆိုလိုက္ၿပီးေနာက္တေန႔ ဒီဇင္ဘာလ ၂၂ ရက္ေန႔ ကရင္ႏွစ္သစ္ကူးေန႔မွာေတာ့ ကရင္ျပည္နယ္၊ ေကာ့ကရိတ္မွာ ႏွစ္ကူးေပ်ာ္ပြဲ႐ြင္ပြဲလုပ္ေနတဲ့ ကရင္ေဒသခံေတြကို စစ္ေကာင္စီတပ္က လက္နက္ႀကီးနဲ႔ပစ္ခတ္လို႔ ေဒသခံေတြ ထြက္ေျပးၾကရပါတယ္။ အခု ကုလလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ဟာ ထူးျခားတယ္လို႔ဆိုေပမဲ့ မလိုက္နာဘူးဆိုရင္ တုံ႔ျပန္မယ့္ လက္ေတြ႕အေရးယူမႈမ်ိဳး တိတိက်က်မပါဝင္တဲ့အတြက္ေတာ့ ျမန္မာ့ဒီမိုကေရစီတတ္ႂကြသူအဖြဲ႕တခ်ိဳ႕က အားမရမႈေတြလည္း ေတြ႕ရပါတယ္။
================
[[Unicode]]
ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အပေါ် ပြည်တွင်းက တုံ့ပြန်ချက်များ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးလွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို နိုင်ငံရေးလေ့လာသူအများစုက ကြိုဆိုကြပါတယ်။ ဒါပေမဲ့လည်း မြန်မာ့နိုင်ငံရေးပြဿနာကိုတော့ ပြည်တွင်းအင်အားစုတွေကပဲ ဖြေရှင်းရမယ်လို့ မှတ်ချက်ပြုတုံ့ပြန်သူတွေလည်းရှိပါတယ်။ ဒီအကြောင်း ရန်ကုန်က မေးမြန်းသတင်းပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ပြည်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကိုလွှတ်ပေးဖို့ ဒီအချက်တွေပါဝင်တဲ့ မြန်မာ့အရေး ကုလဆုံးဖြတ်ချက်အပေါ် မြန်မာ့နိုင်ငံရေး အင်အားစုအတော်များများက ယေဘုယျ အားဖြင့် ကြိုဆိုလိုက်ပါတယ်။ နိုင်ငံရေးအဖွဲ့တချို့ကတော့ မူလမူကြမ်းမှာ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်၊ ရုရှားတို့ကျေနပ်အောင် ပြင်ဆင်လိုက်ရတာမို့ လက်တွေ့မပါတဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ယူဆသူရှိသလို တကယ်တမ်းမြန်မာနိုင်ငံရေးပြဿနာကို ပြည်တွင်းအင်အားစုတွေကပဲဖြေရှင်းရမယ်လို့ ယူဆမှုတွေလည်းရှိပါတယ်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ပြည်တွင်းကပဲ ဖြေရှင်းရလိမ့်မယ်လို့ မြင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
" အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကိစ္စမှာ အခုဟာက အချင်းချင်း အင်အားအဓိကနဲ့ တယောက်ကိုတယောက် အပြုတ်တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ရှင်းပြီဆိုရင်တော့ ဒီပြဿနာက ဆက်ပြီး ကြာနေဦးမှာပဲလို့ မြင်တယ်။ နောက်တခုကတော့ အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်က နစကကိုယ်တိုင်လည်း သဘောတူညီထားပြီးသား။ သို့သော် ၂ နှစ်နီးပါး ကြာလာတဲ့အထိ တိုးတက်မှုတွေမရဘူးဆိုပြီး အားမလိုအားမရ ဖြစ်တဲ့အပေါ်မှာ အာဆီယံတင်မကဘဲနဲ့ ကုလသမဂ္ဂပါ ထပ်လောင်းပြီးတော့ ဒါကိုတိုက်တွန်း တောင်းဆိုလိုက်တာလို့ ကျနော်တော့ မြင်ပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ သွားရမယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တဆင့်ချင်းတဆင့်ချင်း တိုးတက်ပြောင်းလဲမှုဖြစ်ဖို့အတွက်က အဓိက နိုင်ငံတော်အာဏာကို ရယူထားတဲ့ နစကဘက်က ဘယ်လောက်အမြော်အမြင်ရှိရှိနဲ့ ဒီအကျပ်အတည်းကို နားလည်သလဲ၊ ဖြေရှင်းသလဲအပေါ်မှာတော့ အဓိကဖြစ်တယ်လို့ မြင်ပါတယ်။"
ကုလလုံခြုံရေးကောင်စီရဲ့အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ရုရှား၊ တရုတ်နဲ့အိန္ဒိယက မြန်မာ့အရေးဆုံးဖြတ်ချက်မှာ မဲမပေးဘဲနေခဲ့ပါတယ်။ တရုတ်ကုလသံအမတ်ကတော့ မြန်မာ့အရေးကို အလျင် အမြန် ဖြေရှင်းနိုင်တဲ့နည်းလမ်းမရှိဘူးလို့ ပြောကြားခဲ့ပြီး ဒီကိစ္စကို မြန်မာကိုယ်တိုင်ပဲ ဖြေရှင်းရလိမ့်မယ်လို့ ပြောပါတယ်။ ရုရှားကုလသံအမတ်ကတော့ မြန်မာပြဿနာဟာ နိုင်ငံတကာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ကိစ္စလို့ မမြင်ကြောင်း ပြောခဲ့ပါတယ်။
အခု ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာ့အရေးနဲ့ပတ်သက်လာရင် ဆယ်စုနှစ်တွေအတွင်း ပထမဆုံးဖြစ်လို့ ထူးခြားမှုရှိပေမဲ့ စစ်ကောင်စီဘက်မှာ ဖိအားအများကြီး သက်ရောက်စေမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းကယူဆပါတယ်။
"နစကအစိုးရကလည်း ဘာမှတော့ ထူးထူးခြားခြား ဂရုစိုက်မှာမဟုတ်ဘူး။ သို့သော် တခုကတော့ သူတို့လုပ်မဲ့ရွေးကောက်ပွဲမှာ သူတို့ချည်းပဲလုပ်လို့ရှိရင် ရွေးကောက်ပွဲအပေါ်မှာ ပြည်တွင်းပြည်ပထောက်ခံမှုက နည်းမယ်။ ရွေးကောက်ပွဲကိုလာပြီး မဲထည့်တဲ့သူလည်း အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မဲလာထည့်တာနည်းမှာဖြစ်သလို နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလည်း နည်းမယ်ပေါ့နော်။ တကယ်လို့ NLD ပါဝင်မယ်ဆိုရင်တော့ ပြည်သူလူထုကလည်း တက်တက်ကြွကြွ မဲလာထည့်တာများလိမ့်မယ်။ ရွေးကောက်ပွဲအလွန်မှာ တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်ဆိုရင် PR စနစ်နဲ့လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်သည့်တိုင် NLD က အနိုင်ရနိုင်တဲ့ အနေအထားတွေရှိတယ်။ အဲလိုဖြစ်လာရင် နိုင်ငံတကာ အသိအမှတ်ပြုမှုလည်း အများကြီး ရှိနိုင်တာပေါ့။ အဲဒီဟာကို မျှော်လင့်ချက် မျှော်မှန်းချက်နဲ့ အဲလိုဖြစ်ဖို့အတွက် လွှတ်ပေးတာမျိုး ရှိကောင်းရှိနိုင်တယ်။"
ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုတဲ့ကိစ္စမှာ ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
"ကျနော်တို့အနေနဲ့ ယခင်ကအတိုင်း ပြောပြီးသား ဖြစ်ပါတယ်။ ဥပဒေအထက်မှာတော့ ဘယ်သူမှမရှိပါဘူး။ တရားဥပဒေအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်ကြောင်းပဲ ပြောချင်ပါတယ်။ ကျနော်တို့က ဒီကိစ္စသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တယ်။ အရေးယူထားသည့် ကိစ္စတွေမှန်သမျှသည်လည်း မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေက အဓိကဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့တရားရုံးမှာ ရှေ့နေတွေနဲ့ တရားဥပဒေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အပြည့်အဝဆောင်ရွက်ပြီးမှ ဆောင်ရွက်တာ ဖြစ်ကြောင်းပဲ ပြောချင်ပါတယ်။"
အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ကုလလုံခြုံရေးကောင်စီက အခုလို ဆုံးဖြတ်တောင်းဆိုလိုက်ပြီးနောက်တနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့မှာတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်မှာ နှစ်ကူးပျော်ပွဲရွင်ပွဲလုပ်နေတဲ့ ကရင်ဒေသခံတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးကြရပါတယ်။ အခု ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ထူးခြားတယ်လို့ဆိုပေမဲ့ မလိုက်နာဘူးဆိုရင် တုံ့ပြန်မယ့် လက်တွေ့အရေးယူမှုမျိုး တိတိကျကျမပါဝင်တဲ့အတွက်တော့ မြန်မာ့ဒီမိုကရေစီတတ်ကြွသူအဖွဲ့တချို့က အားမရမှုတွေလည်း တွေ့ရပါတယ်။