သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့အီရန်ကိုဖိအားပေဖို့ ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်

UNHRC
UNHRC

ကိုယ့်ပြည်သူတွေ အပေါ်ကိုယ်ပြန်ပြီး အကြမ်းဖက်နေတဲ့ မြန်မာနဲ့ အီရန်အစိုးရတွေအပေါ် ဖိအားပေးဖို့ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီက ကြာသပတေးနေ့မှာ သဘောတူညီမှုရခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဟာ ကိုယ့်နိုင်ငံသားတွေအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖို့ ဂျက်လေယာဉ်တွေသုံးတယ်လို့ ယုံကြည်ရင် လေယာဉ်လောင်စာဆီတင်ပို့တာတွေမလုပ်ဖို့ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကတညီတညွတ်ထဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်လက်နက်ခဲယမ်းမီးကျောက်နဲ့ တခြားစစ်ပစ္စည်းတွေ တရားမဝင်လွှဲပြောင်းပေးနေတာတွေ ရပ်ဆိုင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အတိုက်အခံတွေကို အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင် တော်လှန်မှုတွေ ဖြစ်ပွါးနေတာပါ။ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီကို လေယာဉ်ဆီ မတင်သွင်းဖို့ ဒဏ်ခတ်အရေးယူနေတဲ့ကြားကပဲ ပို့ဆောင်မှုတွေရှိနေကြောင်း၊ မနှစ်ကဆိုရင် ဗီယက်နမ်ကနေတဆင့် မြန်မာကို လေယာဉ်ဆီ တင်သွင်းမှုဟာ အနည်းဆုံး ၇ ကြိမ်ရှိတယ်လို့ Amnesty International လူ့အခွင့်ရေးအဖွဲ့က ပြောပါတယ်။

လူ့အခွင့်ရေးကောင်စီ အလှည့်ကျတာဝန်ယူထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဗီယက်နမ်ကလည်း အခု ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ပါဘူး။ အခုလို မြန်မာဆိုင်ရာတညီတညွတ်ထဲ ဆုံးဖြတ်ချက် ချနိုင်တာကို ကြည့်ရင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ကောင်စီ အတွက် လေယာဉ်ဆီ တင်သွင်းမှုကို ကုလလူ့အခွင့်ရေးကောင်စီက လက်မခံကြောင်း ပြသနေတာဖြစ်ပါတယ်။

မြန်မာနဲ့အီရန်ကိုဖိအားပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG