ဒီနှစ်ကုန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ လုံခြုံရေးသဘောတူညီချက်သစ်တရပ် လက်မှတ်ရေးထိုးဖို့ အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်အစိုးရက တိုက်တွန်းလိုက်တာကြောင့်မိုလို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းနဲ့ အမေရိကန် သိပ်ပြီး မပြေလည်ကြဘူးဆိုတာ ထပ်ပြီးတော့ မြင်သာလာစေပါတယ်။
နှစ်ဘက် လုံခြုံရေးသဘောတူညီမှုကို အာဖဂန်သမ္မတ ရွေးကောက်ပွဲ ကျင်းပအပြီး ၂၀၁၄ ဧပြီလနောက်ပိုင်းမှာမှ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မစ္စတာခါဇိုင်းက အမေရိကန် နဲ့ အာဖဂန်အရာရှိတွေ အံ့အားသင့်သွားအောင် ကြာသပတေးနေ့အစောပိုင်းမှာ ပြောသွားပြီးနောက် အမေရိကန်ဘက်က အခုလိုမျိုး ပြန်တင်းလိုက်တာ ဖြစ်ပါတယ်။
တကယ်လို့သာ ဒီသဘောတူညီမှုကို လာမယ့်သီတင်းပတ်အတွင်းမှာ အပြီးသတ် မညှိနှိုင်းနိုင်ဘူးဆိုရင် အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၄ နောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဆက်ပြီး ရှိနေနိုင်ဖို့အတွက် အစီအစဉ်တွေ ဆွဲနိုင်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြောပါတယ်။
ဒီသဘောတူညီချက်အတွက် ထောက်ခံပါကြောင်း လူမျိုးစု တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ရပ်ရွာ အသိုင်းအဝိုင်းတွေ နဲ့ ရွေးကောက်ခံ ခေါင်းဆောင် ၂ ထောင့် ၅ ရာကို အေးတိအေးစက် မိန့်ခွန်းတခု ပြောသွားပြီးနောက်မှာ ဒီသဘောတူညီချက်ကို ဆိုင်းထားဖို့ မစ္စတာ ခါဇိုင်းရဲ့ ဆုံးဖြတ်ချက် ရုတ်တရက် ထွက်လာခဲ့တာဖြစ်ပါတယ်။