သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် IS ခေါင်းဆောင် Abu Sayed သေဆုံးကြောင်း ပန်တဂွန်အတည်ပြု


အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis
အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis

အာဂန်နစ္စတန်က IS စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဟာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတခုအတွင်း သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ချိန်အတွင်း လွန်ခဲ့တဲ့လေးလအတွင်းမှာဆိုရင် နှစ်ကြိမ်မြောက်နဲ့ သုံးနှစ်အတွင်း သုံးကြိမ်မြောက် သေဆုံးတဲ့ဖြစ်ရပ်ပါ။

အာဖဂန်အရှေ့မြောက်ပိုင်း၊ ကူနာပြည်နယ်က IS အဖွဲ့ရဲ့ဌာနချုပ်ကို ဇူလိုင်လ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း Abu Sayed သေဆုံးသွားတာလို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက သောကြာနေ့မှာပြောတာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း တခြား IS အဖွဲ့ဝင်တွေလဲ သေဆုံးပါတယ်။

ဒီတိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်ဝါဒစွဲအုပ်စုကို နှိမ်နင်းနေတာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတာပြတဲ့ လက္ခဏာတခုဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကပြောပါတယ်။

အဲဒီအဖွဲ့တွေထဲက တဖွဲ့ဖွဲ့ရဲ့ ခေါင်းဆောင်တယောက်ယောက်ကို သုတ်သင် လိုက်နိုင်တိုင်းမှာ သူတို့ကို ရှေ့မတိုးနိုင်အောင် ဟန့်တား လိုက်တာပဲဖြစ်ပါတယ်လို့ ဝန်ကြီး Mattis က ပန်တဂွန်ဌာနချုပ်မှာ သတင်းထောက်တွေကိုပြောပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး အသေးစိတ်တွေပြောဖို့ကိုတော့ ဝန်ကြီးကငြင်းသွားပါတယ်။

သူတို့တွေ အမြစ်ပြုတ်သွားတဲ့ထိ ဆက်လုပ်သွားမယ်၊ အာဖဂန်နစ္စတန်မှာ IS အဖွဲ့အတွက် ဘေးကင်းလုံခြုံမှုဆိုတာ မရှိစေရဘူး လို့ အာဖဂန်နစ္စတန်က အမေရိကန်နဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့တွေရဲ့တပ်မှူး ဗိုလ်ချုပ်ကြီး John Nicholson က သီးခြားထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အာဖဂန် IS ခေါင်းဆောင် Abu Sayed သေဆုံးကြောင်း ပန်တဂွန်အတည်ပြု
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG