သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဖဂန်စစ်တပ်စခန်း တာလီဘန်အသေခံတိုက်ခိုက်မှု ၁၄၀ သေဆုံး


အာဖဂန်နစ္စတန်စစ်အခြေစိုက်စခန်းတခုကို တာလီဘန်သူပုန်တွေက ၀င်ရောက်စီနှင်းပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား။ (ဧပြီ ၂၀၁၇)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းက အဓိကကျတဲ့စစ်အခြေစိုက်စခန်းတခုကို တာလီဘန်သူပုန်တွေက ၀င်ရောက်စီနှင်းပြီး အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄၀ ထက်မနည်းသေဆုံးပြီး အများစုက စစ်သားတွေဖြစ်ကြပါတယ်။ လက်နက်တွေ အပြည့်ကိုင်ဆောင်ထားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်သူတွေဟာ အာဖဂန်စစ်သားတွေအဖြစ်နဲ့ ဟန်ဆောင်ပြီး စစ်ကား ၂ စင်းပေါ်တက်ပြီး၊ Mazar-i-Sharif မြို့က အမှတ် ၂၀၉ အာဖဂန် စစ်အခြေစိုက်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

သောကြာနေ့ နေ့လည်ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၁၄၀ ထက်မနည်းသေဆုံးပြီး၊ ၁၀၀ ကျော်ဒဏ်ရာရသွားတယ်လို့ အမည်မဖော်တဲ့ လုံခြုံရေးတာဝန်ရှိသူတဦး နဲ့ ဒေသခံ နိုင်ငံရေးသမားတဦးတို့ကို ကိုးကားပြီး ပြည်တွင်းရုပ်သံလိုင်းတွေက ဖော်ပြပါတယ်။ သောကြာနေ့နေ့လည်က ဘုရားဝတ်ပြုပြီး ဗလီထဲကထွက်လာတဲ့ အာဖဂန်စစ်သားတွေကို တာလီဘန်အဖွဲ့တခုက သေနတ်နဲ့ တရစပ်ပစ်ခတ်ခဲ့ပြီး၊ နောက်တဖွဲ့က စစ်တပ်ထဲက ထမင်းစားဆောင်ကို ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ အာဖဂန်ကွန်မန်ဒိုတပ်ဖွဲ့တွေရောက်လာပြီး ၊ တဘက်နဲ့ တဘက် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံဆေးရုံမှာ ကုသမှု ခံယူနေသူ တချို့ကတော့ စစ်သားတွေတောင် အလွယ်တကူ ၀င်ရောက်ခွင့်မရပဲ လုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့ စစ်စခန်းထဲအထိ သူပုန်တွေ ၀င်ရောက်နိုင်ခဲ့တာဟာ အတွင်းလူတွေ မပါဘဲ မဖြစ်နိုင်ဘူးလို့လည်း ပြောဆိုကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ပြီး၊ ၁၀ နာရီကြာမြင့်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အာဖဂန်အစိုးရတပ်ဘက်က ၅၀၀ လောက် သေဆုံး၊ ဒဏ်ရာရသွားတယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က ပြောပါတယ်။

အာဖဂန်စစ်တပ်စခန်း တာလီဘန်အသေခံတိုက်ခိုက်မှု စစ်သား ၁၄၀ သေဆုံး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG