သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bagram လေတပ်စခန်း အသေခံဗုံးခွဲ အတိုက်ခံရ


ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး ယူထားတဲ့ အာဖရန် ရဲလုံခြုံရေး
ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး ယူထားတဲ့ အာဖရန် ရဲလုံခြုံရေး

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်ရဲ့ မြောက်ဘက်မှာရှိတဲ့ အမေရိကန်တို့ရဲ့ အကြီးဆုံး Bagram လေတပ်အခြေစိုက် စခန်းမှာ ဒီကနေ့ အသေခံဗုံးခွဲခဲ့ တာကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။ အခြေစိုက်စခန်းရဲ့ စားသောက်ခန်းမ အပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ် ပွားခဲ့တာလို့ အာဖဂန် သတင်းဌာနကပြောပါတယ်။

ဒီအသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ရှုံ့ချတဲ့ အကြောင်းနဲ့ သေဆုံး ဒဏ်ရာရ သွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ အတူ စည်းလုံးညီညွှတ်စွာ ရပ်တည်နေပါတယ်လို့ အာဖဂန် အစိုးရ အကြီးအကဲ Abdullah Abdullah က သူရဲ့ တရားဝင် တွစ်တာ စာမျက်နှာ မှာရေးပါတယ်။

ညွှန့်ပေါင်းတပ်တွေနဲ့ အာဖဂန်ပြည်သူတွေကို တိုက်ခိုက်တဲ့ လူတွေကို တန်ပြန်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အာဖဂန်နစ္စတန် နိုင်ငံတခုဖြစ်လာဖို့ သင်တန်းတွေ အကြံဉာဏ်ေ တွနဲ့ ဆက်ပြီး ကူညီပေးသွားမယ်လို့ NATO ဦးဆောင်တဲ့ Resolute Support မစ်ရှင်ရဲ့ ဗိုလ်မှူးကြီး John W.Nicholson ကကြေငြာချက် ထုတ်ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကပြောပါတယ်။ တိုက်ခိုက်မှု မလုပ်ခင် လပိုင်းအလို ကတည်းက လေ တပ် စခန်းမှာ အလုပ်သမားအဖြစ် ဗုံးခွဲသမားက ဝင်ရောက်လုပ် ကိုင်နေခဲ့တာလို့ သူကပြောပါတယ်။

အာဖဂန် တပ်သားအပါအဝင် အမေရိကန် တပ်သား ၂၀ ကျော်သေဆုံးပြီး အတော် များများ ဒဏ်ရာရသွားတယ်လို့ တာလီဘန်ပြောခွင့်ရက ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီလို တိုက်ခိုက်မှု မျိုးတွေမှာ သေဆုံးသူ အရေအတွက်ကို တာလီဘန်တို့က ချဲ့ကားပြောဆိုလေ့ ရှိတာပါ။ Mazar-i-Sharif မြို့က ဂျာမန် ကောင်စစ်ဝန်ရုံး ဝင်းထဲကို ကြာသပတေးနေ့က ကားနဲ့ မောင်းဝင် ဗုံးဖောက်ခွဲလို့လူ ၆ ဦးသေဆုံးပြီး ၁၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပြီးနောက် ဒီကနေ့ တိုက်ခိုက်မှုဖြစ်ပွါးတာပါ။

Bagram လေတပ်စခန်း အသေခံဗုံးခွဲ အတိုက်ခံရ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG