သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ Wall Street သတင်းထောက်ကို ကန်သံအမတ်ကြီးတွေ့ဆုံ


မော်စကိုမှာရုံးထုတ်လာတဲ့ သတင်းထောက် Evan Gershkovich နဲ့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Lynne Tracy(ယာ) ဧပြီ ၁၈၊ ၂၀၂၃
မော်စကိုမှာရုံးထုတ်လာတဲ့ သတင်းထောက် Evan Gershkovich နဲ့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Lynne Tracy(ယာ) ဧပြီ ၁၈၊ ၂၀၂၃

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ ရုရှားကဖမ်းဆီးခံထားရတဲ့ Wall Street Journal သတင်းထောက် Evan Gershkovich ကို မော်စကိုမှာ တနင်းလာနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ The Wall Street သတင်းစာက ရေးပါတယ်။ လွန်ခဲ့တဲ့ သုံးလဖမ်းဆီးခံရပြီးကတည်းဆိုရင် သံတမန်တွေအနေနဲ့ ဒုတိယအကြိမ်တွေ့ခွင့်ရတာပါ။ သူ့ကို သူလျှိုမှုနဲ့စွဲချက်တင်ထားပြီးဒီ စွဲချက်ကိုတော့ ငြင်းဆန်ထားပါတယ်။

သတင်း​ထောက် Gershkovich ကို သံအမတ်ကြီး Lynne Tracy ဘယ်နေရာမှာ တွေ့ဆုံခဲ့သလဲဆိုတော့ ဖော်ပြမထားပါဘူး။ သူဟာ မတ်လ ၂၉ ရက်နေ့မှာ ဖမ်းဆီးခံရပြီးတဲ့နောက် ဧပြီလအတွင်းမှာ သံအမတ်ကြီးက ပထမဆုံးအကြိမ် တွေ့ခွင့်ရခဲ့တာပါ။ သူဟာ ရုရှားမြို့တမြို့ကို သွားပြီး သတင်းယူစဉ်မှာ စစ်ဖက်လျှို့ဝှက်ချက်တွေကို ရယူဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ရုရှားက စွပ်စွဲဖမ်းဆီးထားတာပါ။

အမှုရင်ဆိုင်ရစဉ် မော်စကိုအကျဉ်းထောင်ကနေ လွှတ်ပေးဖို့ အသက် ၃၁ နှစ်အရွယ် သတင်းထောက် Gershkovich က တရားရုံး အယူခံထားပေမယ့် တရားသူကြီးက ဒါကို ပြီးခဲ့တဲ့လကပဲ ပယ်ချထားပါတယ်။ ရုရှားဟာ သံတမန်ရေးဓါးစားခံ လုပ်ထားထားလို့ သံအမတ်ကြီး Tracy က တော့ စွပ်စွပ်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ရုရှားဟာ အမေရိကန်နဲ့ ထင်ရှားတဲ့အကျဉ်းသားတွေ လဲလှယ်ရေးအစီစဥ်လုပ်ဖို့ သဘောတူခဲ့ပါတယ်။ မကြာခင်ကပဲ မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံရတဲ့ အမေရိကန် ဘတ်စကတ်ဘော အကျော်အမော် Brittney Gringer ကို ရုရှားကလက်နက်ပွဲစား Viktor Bout နဲ့ အလဲအလှယ်လုပ် ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု သတင်းထောက် Gershkovich အမှုမှာ အမိန့်ချမပြီးမချင်း လဲလှယ်ရေးအစီအစဉ်လုပ်မှာမဟုတ်ဘူးလို့ ရုရှားက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG