(Zawgyi/Unicode)
အကူအညီေတြဟာ ရခုိင္ျပည္နယ္က ထြက္ေျပးလာၾကရတဲ့ အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြ အပါအ၀င္ ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္ ၉ သိန္းေက်ာ္အတြက္ အေရးေပၚ လုိအပ္ခ်က္ေတြကုိ ျဖည့္ဆည္းေပးႏုိင္မွာ ျဖစ္သလုိ၊ ေဒသခံ လူမႈအသုိင္းအ၀ုိင္း အတြက္လည္း သုံးစဲြသြားမွာ ျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ၾကာသပေတးေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။
ျမန္မာႏုိင္ငံတြင္း ႐ုိဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ျမန္မာစစ္တပ္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ (AA) တုိ႔ၾကား တုိက္ပဲြေတြေၾကာင့္ ထိခုိက္ေနသူေတြ အပါအ၀င္ တျခားလုိအပ္ေနသူေတြအတြက္ သုံးစဲြသြားမယ္လုိ႔လည္း ေျပာပါတယ္။ အခုေနာက္ဆုံး ေပးအပ္မယ့္ အကူအညီအပါအ၀င္ အေမရိကန္ ျပည္ေထာင္စုက ရခုိင္ျပည္နယ္မွာ ၂၀၁၇ ၾသဂုတ္လမွာ စတင္ခဲ့တဲ့ အၾကမ္းဖက္မႈေတြေနာက္ပုိင္း လူသားခ်င္းစာနာမႈ အေထာက္အပံ့ေတြဟာ ေဒၚလာသန္း ၈၂၀ နီးပါး ရွိေနပါၿပီ။
တခ်ိန္တည္းမွာပဲ အတင္းအက်ပ္ ေရႊ႕ေျပာင္းခဲ့ၾကရတဲ့ ဒုကၡသည္ေတြ ကုိယ့္သေဘာဆႏၵနဲ႔ ဂုဏ္သိကၡာရွိရွိ ေနရပ္ျပန္ႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔လည္း ျမန္မာႏုိင္ငံကုိ ထပ္မံတုိက္တြန္းခဲ့တာပါ။ လုိအပ္ေနသူေတြအတြက္ စာနာမႈအကူအညီေတြ ေပးႏုိင္ေအာင္ ျမန္မာအစုိးရအေနနဲ႔ ေဆာင္ရြက္ဖုိ႔လည္း တုိက္တြန္းထားပါတယ္။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္ျပဳ လက္ခံမထားေပမဲ့့ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ အသင့္ရွိေၾကာင္း ေျပာဆုိထားၿပီး၊ ကုိယ့္သေဘာဆႏၵနဲ႔ ေနရပ္ျပန္လာသူ ရာဂဏန္းအထိ ရွိေနေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။
..............
ရခိုင်မြောက်ပိုင်း-ဘင်္ဂလားနယ်ခြားက ဒုက္ခသည် နဲ့ ဒေသခံတွေအတွက် နောက်ထပ် ဒေါ်လာ ၅၉ သန်း ကန် ကူညီမည်
(Unicode)
အကူအညီတွေဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာကြရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းကျော်အတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို၊ ဒေသခံ လူမှုအသိုင်းအဝိုင်း အတွက်လည်း သုံးစွဲသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေကြောင့် ထိခိုက်နေသူတွေ အပါအဝင် တခြားလိုအပ်နေသူတွေအတွက် သုံးစွဲသွားမယ်လို့လည်း ပြောပါတယ်။ အခုနောက်ဆုံး ပေးအပ်မယ့် အကူအညီအပါအဝင် အမေရိကန် ပြည်ထောင်စုက ရခိုင်ပြည်နယ်မှာ ၂၀၁၇ သြဂုတ်လမှာ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်း လူသားချင်းစာနာမှု အထောက်အပံ့တွေဟာ ဒေါ်လာသန်း ၈၂၀ နီးပါး ရှိနေပါပြီ။
တချိန်တည်းမှာပဲ အတင်းအကျပ် ရွှေ့ပြောင်းခဲ့ကြရတဲ့ ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့လည်း မြန်မာနိုင်ငံကို ထပ်မံတိုက်တွန်းခဲ့တာပါ။ လိုအပ်နေသူတွေအတွက် စာနာမှုအကူအညီတွေ ပေးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပြီး၊ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်လာသူ ရာဂဏန်းအထိ ရှိနေကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။