သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ အာစီယံကို ကန်တိုက်တွန်းမည်


ဖိလစ်ပိုင် နိုင်ငံမနီလာမြို့တော်က အာဆီယံ ညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အာဆီယံ ခေါင်းဆောင်များ။ ဓာတ်ပုံ - ရိုက်တာ

အရှေ့တောင်အာရှ နိုင်ငံတွေကို မြောက်ကိုရီးယားနဲ့ သံတမန်ရေး အဆက်အသွယ်တွေ ဖြတ်တောက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိကြီး တဦးက VOA ကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု အတွက် ထိပ်တန်းဦးစားပေး ဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ထုတ်လုပ်မှုနဲ့ ဒုံးကျည် ခြိမ်းခြောက်မှု အန္တရာယ်ကို ဖြေရှင်းနိုင်ဖို့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေကို ဝါရှင်တန် ဒီစီကို ခေါ်ယူပြီး ကြာသပတေးနေ့ကျရင် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေကို မြောက်ကိုရီးယားနဲ့ သံတမန်ရေး အဆက်အသွယ်တွေ ဖြတ်တောက်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိကြီး တဦးက VOA ကို ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို ကြားဝင်နှောက်ယှက်ဖို့ စုံစမ်းစစ်ဆေးမှုတွေ တိုးလုပ်တာနဲ့ ပတ်သက်ပြီး အောင်မြင်မှု တချို့ တွေ့နေရချိန်မှာပဲ လုပ်စရာတွေက အများကြီး ရှိနေသေးတယ်လို့ နောက်အရာရှိတဦးကလည်းပြောပါတယ်။

အာရှတလွှားမှာ အာဆီယံ နိုင်ငံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဗုဒ္ဓဟူးနေ့မှာ နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေကို ပြောကြားခဲ့သလို အမေရိကန် အစိုးရဟာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ် အများအပြားအတွက် အာဆီယံနဲ့ ပူးတွဲဆောင်ရွက်မှုကို ပြန်လည်ခိုင်မာအောင် လုပ်ဆောင်မယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီး Tillerson ဟာ ကြာသပတေးနေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးမှာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အာဆီယံ ခေါင်းဆောင်တွေဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကတွေ့ဆုံ ဆွေးနွေးပွဲကနေ မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။

အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက အများအပြားဟာ မြောက်ကိုရီးယား အစိုးရနဲ့ ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေး ရှိနေပါတယ်။ အာဆီယံ ဆယ်နိုင်ငံထဲက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှာ၊ မြန်မာ၊ စင်္ကင်္ာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက မြောက်ကိုရီးယား မှာ သံရုံးတွေ ထားရှိတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG