သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်-အာရှ လုံခြုံရေး အစည်းအဝေး မြောက်ကိုရီးယား နျုကလီးယားအရေး ဆွေးနွေး


Shangri-La ကာကွယ်ရေးဆိုင်ရာ ညီလာခံအတွင်း မိန့်ခွန်းပြောနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးJames Mattis။

မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖယ်ရှားရေးအတွက် အမေရိကန်အပါအ၀င် တခြားနိုင်ငံတွေအတူ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတဲ့ တရုတ်ရဲ့ သန္နိဋ္ဌာန်ချထားမှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက ကြိုဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ဟာ ကျနုပ်တို့အားလုံးကို ခြိမ်းခြောက်နေတဲ့ လက်ရှိထင်ရှား အန္တရာယ်တခုဖြစ်တယ်လို့ စနေနေ့က စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ နှစ်စဉ် Shangri-La ကာကွယ်ရေးဆိုင်ရာ ညီလာခံအတွင်းစကားပြောကြားစဉ် ကာကွယ်ရေးဝန်ကြီး James Mattis ကပြောဆိုခဲ့တာပါ။

စိတ်ရှည်သီးခံမှု နည်းဗျူဟာခေတ် ကုန်ဆုံးသွားပြီးဆိုတာကို သမ္မတ Trump က ရှင်းရှင်းပြောဆိုထားပြီး အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် မြောက်ကိုရီးယားရဲ့ ငြိမ်းခြောက်မှုဟာ လက်ရှိထင်ရှားအန္တရာယ်တခုအဖြစ် အမေရိကန်က မှတ်ယူထားတယ်လို့ James Mattis က ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းရှင်းရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သွားမယ်ဆိုတဲ့ တရုတ်ရဲ့ မူဝါဒဟာ အမေရိကန်၊ ဂျန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မူဝါဒတခုဖြစ်တယ်လို့ Mattis က ချီးချူးပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာရှိတဲ့ ကျွန်းတွေအပေါ် တရုတ်တို့ရဲ့ စစ်ရေးချဲ့ထွင်မှုနဲ့ လူလုပ်ကျွန်း တည်ဆောက်နေတာတွေကိုတော့ Mattis က သိသိသာသာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာ ပိုင်နက် ချဲ့ထွင်မှုတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီသလို စစ်ရေးပုံသဏ္ဍန် လူလုပ်ကျွန်းတွေတည်ဆောက်နေတဲ့ တိုင်းပြည်တွေကို ကျနော်တို့ ကန့်ကွက်ကြောင်းနဲ့ ဒီလို နိုင်ငံရေးအရ တဖက်သတ် နိုင်ထက်စီးနင်း ပြောင်းလဲလုပ်ဆောင်မှုတွေကို ကျနော်တို့ လုံးဝလက်ခံမှာမဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး James Mattis က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG