သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ အာကာသယာဥ္မွဴးေတြ ပုဂၢလိကပိုင္ အာကာသယာဥ္သံုးတဲ့ သမိုင္း၀င္ခရီးစဥ္ စတင္


SpaceX ဒုံးပ်ံနဲ႔ အာကာသထဲ လုိက္ပါမယ့္ အေမရိကန္ အာကာသယာဥ္မွဴး Douglas Hurley (ဝဲ) နဲ႔ Robert Behnken (ယာ)။ (ေမ ၃၀၊ ၂၀၂၀)

(Zawgyi / Unicode)

ပုဂၢလိက ကုမၸဏီက တည္ေဆာက္တဲ့ SpaceX ဒုံးပ်ံကို အသုံးျပဳၿပီး ပထမဆုံးအႀကိမ္အျဖစ္နဲ႔ အေမရိကန္ အာကာသယာဥ္မွဴး ၂ ဦး လိုက္ပါသြားတဲ့ အာကာသယာဥ္ကို စေန႔ေန႔ ေန႔လယ္ပုိင္းက အာကာသထဲ ေအာင္ေအာင္ျမင္ျမင္ လႊတ္တင္ႏုိင္ခဲ့ပါတယ္။

အာကာသယာဥ္မွဴး Doug Hurley နဲ႔ Bob Behnken တို႔ လိုက္ပါသြားတဲ့ အာကာသယာဥ္ကို စေနေန႔ ေဒသစံေတာ္ခ်ိန္ ေန႔လယ္ ၃ နာရီ ၂၂ မိနစ္မွာ ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ Kennedy Space Center အာကာသစခန္းကေန လႊတ္တင္ခဲ့တာပါ။

ဒုံးပ်ံ မလႊတ္တင္မီကေလးတင္မွာပဲ အာကာသယာဥ္မွဴး Hurley က ဒီဖေယာင္းတိုင္ကို မီးထြန္းညႇိၾကပါစို႔ ဆိုၿပီး တင္စား ေျပာသြားခဲ့ပါေသးတယ္။

ကမၻာ့ၿဂိဳဟ္ပတ္လမ္းထဲကို အခုလို ေအာင္ေအာင္ျမင္ျမင္ လႊတ္တင္ႏုိင္လို႔ ဒါဟာ ပုဂၢလိက ကုမၸဏီလုပ္ ဒုံးပ်ံနဲ႔ လႊတ္တင္တဲ့ ပထမဆုံး အာကာသခရီးစဥ္အျဖစ္ သမိုင္းတြင္သြားခဲ့ၿပီ ျဖစ္ပါတယ္။

၁၀ စုႏွစ္တခုနီးပါးအတြင္း အေမရိကန္ေျမေပၚကေန အာကာသယာဥ္ ျပန္လည္ပစ္လႊတ္ႏုိင္တာလည္း ျဖစ္ပါတယ္။

အေမရိကန္သမၼတ Donald Trump နဲ႔ ဒုတိယသမၼတ Mike Pence ဖေလာ္ရီဒါျပည္နယ္ကို ဒီအပတ္ထဲ ဒုတိယအႀကိမ္အျဖစ္ သြားေရာက္ၿပီး SpaceX ဒုံးပ်ံ ပစ္လႊတ္တာကို ၾကည့္႐ႈခဲ့ၾကပါတယ္။ သူတို႔နဲ႔အတူ အြန္လိုင္းက ၾကည့္႐ႈသူ ၃ သန္းေက်ာ္လည္း ဒီ ဒုံးပ်ံလႊတ္တင္တာကို ၾကည့္ခဲ့ၾကပါတယ္။

SpaceX ဒုံးပ်ံကို ကယ္လီဖိုးနီးယားအေျခစိုက္ ဘီလီယံနာသူေဌး Elon Musk ပိုင္တဲ့ SpaceX Aerospace က တည္ေဆာက္ခဲ့တာပါ။

SpaceX အာကာသယာဥ္ကို ဖေလာ္ရီဒါျပည္နယ္ ကေနဒီ အာကာသစခန္းကေန ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က လႊတ္တင္ဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္ ရာသီဥတု အေျခအေနေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။

ကမၻာပတ္လမ္းေၾကာင္းထဲမွာ လည္ပတ္ေနတဲ့ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းဆီ လူလိုက္ပါတဲ့ အာကာသယာဥ္ကို အေမရိကန္ေျမေပၚကေန လႊတ္တင္တာေတြကို ၂၀၁၁ ခုႏွစ္တည္းက ရပ္ဆိုင္းထားခဲ့တဲ့အတြက္ ႐ုရွားအာကာသေအဂ်င္စီနဲ႔ ပူးေပါင္းၿပီး အေမရိကန္ အာကာသယာဥ္မွဴးေတြကို အျပည္ျပည္ဆိုင္ရာ အာကာသစခန္းဆီ ေစလႊတ္ေနခဲ့တာပါ။

SpaceX Falcon 9 ဒုံးပ်ံကို ကမၻာပတ္လမ္းထဲ အခုလို ေအာင္ေအာင္ျမင္ျမင္နဲ႔ လႊတ္တင္ႏုိင္ခဲ့တာေၾကာင့္ ဒီဇိုင္းအသစ္ ျပဳလုပ္ထားတဲ့ Crew Dragon အာကာသယာဥ္ထဲ လိုက္ပါသြားတဲ့ အာကာသယာဥ္မွဴး Hurley နဲ႔ Behnken တို႔ ၂ ဦးဟာ ကမၻာပတ္လမ္းမွာ ၁၉ နာရီၾကာေအာင္ ေနၿပီးတဲ့ေနာက္ ႏုိင္ငံတကာ အာကာသစခန္းနဲ႔ ခ်ိတ္ဆက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

အမေရိကန် အာကာသယာဉ်မှူးတွေ ပုဂ္ဂလိကပိုင် အာကာသယာဉ်သုံးတဲ့ သမိုင်းဝင်ခရီးစဉ် စတင်

ပုဂ္ဂလိက ကုမ္ပဏီက တည်ဆောက်တဲ့ SpaceX ဒုံးပျံကို အသုံးပြုပြီး ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန် အာကာသယာဉ်မှူး ၂ ဦး လိုက်ပါသွားတဲ့ အာကာသယာဉ်ကို စနေ့နေ့ နေ့လယ်ပိုင်းက အာကာသထဲ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။

အာကာသယာဉ်မှူး Doug Hurley နဲ့ Bob Behnken တို့ လိုက်ပါသွားတဲ့ အာကာသယာဉ်ကို စနေနေ့ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ ၂၂ မိနစ်မှာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Kennedy Space Center အာကာသစခန်းကနေ လွှတ်တင်ခဲ့တာပါ။

ဒုံးပျံ မလွှတ်တင်မီကလေးတင်မှာပဲ အာကာသယာဉ်မှူး Hurley က ဒီဖယောင်းတိုင်ကို မီးထွန်းညှိကြပါစို့ ဆိုပြီး တင်စား ပြောသွားခဲ့ပါသေးတယ်။

ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲကို အခုလို အောင်အောင်မြင်မြင် လွှတ်တင်နိုင်လို့ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီလုပ် ဒုံးပျံနဲ့ လွှတ်တင်တဲ့ ပထမဆုံး အာကာသခရီးစဉ်အဖြစ် သမိုင်းတွင်သွားခဲ့ပြီ ဖြစ်ပါတယ်။

၁၀ စုနှစ်တခုနီးပါးအတွင်း အမေရိကန်မြေပေါ်ကနေ အာကာသယာဉ် ပြန်လည်ပစ်လွှတ်နိုင်တာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ ဒုတိယသမ္မတ Mike Pence ဖလော်ရီဒါပြည်နယ်ကို ဒီအပတ်ထဲ ဒုတိယအကြိမ်အဖြစ် သွားရောက်ပြီး SpaceX ဒုံးပျံ ပစ်လွှတ်တာကို ကြည့်ရှုခဲ့ကြပါတယ်။ သူတို့နဲ့အတူ အွန်လိုင်းက ကြည့်ရှုသူ ၃ သန်းကျော်လည်း ဒီ ဒုံးပျံလွှတ်တင်တာကို ကြည့်ခဲ့ကြပါတယ်။

SpaceX ဒုံးပျံကို ကယ်လီဖိုးနီးယားအခြေစိုက် ဘီလီယံနာသူဌေး Elon Musk ပိုင်တဲ့ SpaceX Aerospace က တည်ဆောက်ခဲ့တာပါ။

SpaceX အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တင်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လည်ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီ လူလိုက်ပါတဲ့ အာကာသယာဉ်ကို အမေရိကန်မြေပေါ်ကနေ လွှတ်တင်တာတွေကို ၂၀၁၁ ခုနှစ်တည်းက ရပ်ဆိုင်းထားခဲ့တဲ့အတွက် ရုရှားအာကာသအေဂျင်စီနဲ့ ပူးပေါင်းပြီး အမေရိကန် အာကာသယာဉ်မှူးတွေကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီ စေလွှတ်နေခဲ့တာပါ။

SpaceX Falcon 9 ဒုံးပျံကို ကမ္ဘာပတ်လမ်းထဲ အခုလို အောင်အောင်မြင်မြင်နဲ့ လွှတ်တင်နိုင်ခဲ့တာကြောင့် ဒီဇိုင်းအသစ် ပြုလုပ်ထားတဲ့ Crew Dragon အာကာသယာဉ်ထဲ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူး Hurley နဲ့ Behnken တို့ ၂ ဦးဟာ ကမ္ဘာပတ်လမ်းမှာ ၁၉ နာရီကြာအောင် နေပြီးတဲ့နောက် နိုင်ငံတကာ အာကာသစခန်းနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG