သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US-Bangla လေကြောင်းလေယာဉ် နီပေါလ်နိုင်ငံမှာ ပျက်ကျ၊ ၄၀ သေဆုံး


ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒါကာကနေ ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်တစင်း နီပေါလ် နိုင်ငံ ခတ္တမန္ဒု လေယာဉ်ကွင်းမှာ ဆင်းသက်ခဲ့တာမှာ ပျက်ကျပြီး မီးလောင်သွားတာကြောင့် အနည်းဆုံး လူပေါင်း ၄၀ သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာတော့ အမှုထမ်း ၄ ဦး အပါအဝင် ၇၁ ဦး လိုက်ပါသွားကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံ ဒါကာ အခြေစိုက် U.S.-Bangla လေကြောင်းလိုင်း ပြောခွင့်ရက ပြောပါတယ်။ ခရီးသည် ၆၇ ဦးထဲမှာတော့ ဘင်္ဂလားဒေရှ့် နိုင်ငံသား ၃၂ ယောက်၊ နီပေါလ် နိုင်ငံသား ၃၃ ယောက်၊ တရုတ် ၁ ယောက်နဲ့ မော်လ်ဒိုက် နိုင်ငံသား ၁ ဦးတို့ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG