သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားက IS စခန်းတွေကို ကန် ဗုံးကြဲ တိုက်ခိုက်


အမေရိကန် B-2 ဗုံးကျဲလေယာဉ်
အမေရိကန် B-2 ဗုံးကျဲလေယာဉ်

လစ်ဗျားနိုင်ငံ၊ Sirte မြို့ရဲ့ အနောက်တောင်ဘက် ၄၅ ကီလိုမီတာလောက်အကွာက IS အစွန်းရောက်အဖွဲ့ရဲ့ စခန်းတွေကို အမေရိကန် B-2 ဗုံးကျဲလေယာဉ်တွေနဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာဖြစ်ပြီး သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတ အနေနဲ့ ခွင့်ပြုချက်ပေးတဲ့ နောက်ဆုံး စစ်ရေးလုပ်ဆောင်ချက် ဖြစ်ဖွယ်ရှိပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက Sirte မြို့ကို ပြန်သိမ်းတဲ့အချိန် ထွက်ပြေးလွတ်မြောက်သွားတဲ့ အစွန်းရောက် အကြွင်းအကျန်တွေကို ရှင်းလင်းဖို့ ရည်ရွယ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ခိုက်မှုမှာ စခန်းနှစ်ခုကို ထိမှန်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG