သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးတောင်းမယ့် ကန်အသုံးစရိတ်ထဲ မြန်မာကို ကူဖို့ပါဝင်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကွန်ဂရက်လွှတ်တော်ဆီ တင်သွင်းမယ့် ၂၀၁၅ ခုနှစ်အတွက် အစိုးရအဖွဲ့ ဘဏ္ဍာငွေ အသုံးစရိတ် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုပြု လျာထားချက်လည်း ပါဝင်ပါတယ်။

အစိုးရအဖွဲ့တခုလုံး အသုံးစရိတ်ထဲ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID တို့အတွက် အဆိုပြုအသုံးစရိတ်ကို လက်ရှိ ဘဏ္ဍာနှစ်ကထက် ၈% တိုးပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၄၀၀ ခွင့်ပြုဖို့ တင်ပြထားပါတယ်။

အခုလို တိုးပြီးတင်ပြထားတဲ့ အသုံးစရိတ်ထဲက တစိတ်တပိုင်းဟာ မြန်မာနိုင်ငံက အစိုးရအဖွဲ့သစ်ကို ကူညီထောက်ပံ့ဖို့ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုခေါင်းစဉ်တွေနဲ့ ကူညီမယ်ဆိုတာနဲ့ ရန်ပုံငွေပမာဏ ဘယ်လောက် အကူအညီ ပေးမယ်ဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။

၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်ဖြစ်ပြီး ရွေးကောက်ပွဲတွေပြီးတဲ့နောက် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာဖွယ် ရှိတဲ့အချိန်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG