အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ဟာ အခု စက်တင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြန်မာနိုင်ငံမှာ
ရောက်ရှိမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးမှု ပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လုံခြုံရေးရာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းစံထားတွေကို လေးစားလိုက်နာရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေ အရေးတကြီး ပိုင်းဖြတ်လုပ်ဆောင်ရမယ် ဆိုတာကို အလေးပေး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William Brownfield ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ တခြားလူနည်းစု
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ အပါအဝင် မြန်မာတာဝန်ရှိသူတွေနဲ့
တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
ဒီနောက် စက်တင်ဘာလ ၆ ရက်နေ့မှာတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Brownfield ဟာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၁၀နေ့အထိ ကြာမြင့်မယ့် အာရှခရီးစဉ်အတွင်းမှာတော့ မြန်မာအပြင် ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အာရှခရီးစဉ်အစဖြစ်ပြီး၊ အဲ့ဒီမှာတော့ မှုခင်းတရားရေးဆိုင်ရာ စွမ်းရည် ပြင်ဆင်တည်ဆောက်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စရပ်တွေကို ဖိလစ်ပိုင်တာဝန်ရှိသူတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်အမျိုးသား ရေကြောင်း ရဲတပ်ဖွဲ့အတွက် လေ့ကျင့်မှုသင်တန်း ဖွင့်ပွဲတခုမှာလည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားရင်တော့ အဲဒီမှာ တရားဥပဒေ ထိန်းကျောင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ သဘာဝတောရိုင်းများ ကုန်ကူးမှုကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာတော့ နိုင်ငံတကာနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။