သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်မွမ်းမံချက်


အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြုပြင်မွမ်းမံသည့် ကြေညာချက် (၁၇ မေ၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ OFAC ခေါ် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးအဖွဲ့က အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပြဌာန်းချက် ၃၁၊ CFR အပိုဒ်ခွဲ ၅၃၇ ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ပြီး SDN ခေါ် ပိတ်ဆို့အရေးယူခံ စာရင်းကိုလည်း ပြင်ဆင် ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများတိုးမြှင့်ရေး၊ မြန်မာနိုင်ငံအတွင်း ကုန်စည် စီးဆင်းဖြန့်ဝေမှု အဆင်ပြေနိုင်စေရေး၊ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် အမေရိကန် နိုင်ငံသားများ ငွေကြေးလွဲပြောင်းမှုများ လုပ်ဆောင်နိုင်ရေးအပြင် မူလ ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းတွင် ပါဝင်နေသည့် ဘဏ္ဍာရေးဌာနများနှင့် ပတ်သက်သော ငွေအလွဲအပြောင်းကိစ္စအများစုကို ခွင့်ပြုနိုင်ရေး စသည်တို့အတွက် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်ဟု OFAC က ကြေညာသည်။

ထို့အပြင် OFAC အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံ အစိုးရပိုင် စီးပွားလုပ်ငန်းဌာန ၇ ခုနှင့် အစိုးရဘဏ် ၃ ခုကိုပါ SDN ပိတ်ဆို့အရေးယူခံ အမည်စာရင်းမှ ပယ်ဖျက်ပေးလိုက်သည်။ ယခု ပယ်ဖျက်ပေးမှုနှင့်အတူ မူလ ကန့်သတ် ပိတ်ဆို့မှုတွင် ပါဝင်နေသည့် ဘဏ္ဍာရေးဌာနများမှ ငွေကြေးအလွှဲအပြောင်း လုပ်ငန်းအများစုကိုလည်း ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် OFAC ၏ ကန့်သတ်ချက်ထားရှိသည့် ဘဏ်အနည်းငယ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပိုမို တိုးတက် ပေါ်ထွန်းလာစေရေး အားပေးနိုင်ရန်အပြင် လက်ရှိ ပိတ်ဆို့ ဒဏ်ခတ်ခံထားရဆဲဖြစ်သည့် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများနှင့် စစ်တပ်ကို ဆက်လက် တွန်းအားပေးနိုင်ရေး ရည်ရွယ်သည့် အနေဖြင့် ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ ဆက်လက် ထားရှိမည်။ မူလကတည်းက ဒဏ်ခတ်ထားသည့် ကုမ္ပဏီများအပြင် နောက်ထပ် ကုမ္ပဏီ ၆ ခုကိုလည်း SDN စာရင်းတွင် ထပ်မံ တိုးချဲ့လိုက်သည်။ ၎င်းတို့မှာ စတီဗင်လောနှင့် Asia World ကုမ္ပဏီက ၅၀% နှင့်အထက် ပိုင်ဆိုင်မှု ရှိသည့် ကုမ္ပဏီ ၆ ခု ဖြစ်သည်။

ယေဘုယျ အားဖြင့် ယခုထုတ်ပြန်လိုက်သည့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်သည့် စီးပွားရေး တိုးတက်မှုများ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့မှု ပေးရန်နှင့် တချိန်တည်းမှာပင် ဖိအားပေးရန် လိုအပ်နေသေးသည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားရန် အမေရိကန် အစိုးရ၏ ရည်ရွယ်ချက်ကို ဖော်ပြထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍ ရင်းနှီးလုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ပိုမို ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရေး ရှင်းလင်းချက်များလည်း ပါဝင်သည်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း သမိုင်းဝင် ရွေးကောက်ပွဲနဲ့ အတူ ဒီမိုကရေစီ နည်းလမ်းကျ အစိုးရ အဖွဲ့ တခုအဖြစ် ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုတွေကို အခိုင်အမာ အထောက်အခံ ပေးမယ့်အပြင် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ပိတ်ဆို့ အရေးယူခံနေရတဲ့ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေကို ကျင့်ဝတ်နဲ့ လုပ်ကိုင်မှု နည်းလမ်းများ ပြောင်းလာစေရေး ဆက်ပြီး ဖိအားပေးဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်” ဟု အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးနဲ့ အကြမ်းဖက် လုပ်ငန်းများ ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ ယာယီ လက်ထောက်ဝန်ကြီး Adam J Szubin က ပြောသည်။

“အခုလုပ်ငန်းစဉ်တွေ အရ ပွင့်လင်းလာတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ကုန်သွယ်မှု ပိုမို တိုးပွားလာစေမှာ ဖြစ်ပြီး မြန်မာ အစိုးရနဲ့ ပြည်သူတွေ အတွက် အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မယ့် အနာဂတ်ကို လျှောက်လှမ်းနိုင်စေမှာ ဖြစ်တယ်” ဟုလည်း မစ္စတာ Szubin က ပြောသည်။

မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်အရေးယူမှု ပြုပြင်မွမ်းမံချက်များ

OFAC ရုံးအဖွဲ့ အနေနှင့် ယနေ့ ထုတ်ပြန်ခဲ့သည့် ပြုပြင်မွမ်းမံချက်များတွင် - မြန်မာနိုင်ငံအတွင်း နေထိုင်သည့် အမေရိကန် နိုင်ငံသားများ အတွက် ငွေကြေး အထုတ်အသွင်းများ ပြုလုပ်နိုင်စေမည့် အထွေထွေ ခွင့်ပြုချက် လိုင်စင် ထည့်သွင်းခြင်း - ကုန်သွယ်မှုများနှင့် ပတ်သက်သည့် လက်ရှိ ခွင့်ပြုထားသည့် အထွေထွေ လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြှင့်ခြင်းနှင့် လုပ်ငန်းဘောင် ချဲ့ထွင်ခြင်း၊ ဘဏ်လုပ်ငန်း တချို့တွင် လက်ရှိ ရှိပြီးသား အထွေထွေ လုပ်ငန်း လိုင်စင်များကို မွမ်းမံ ပြဌာန်းပေးခြင်း စသည်တို့ ပါဝင်သည်။

(OFAC ၏ လုပ်ငန်းလိုင်စင် ဆိုသည်မှာ ငွေကြေးနှင့် အလဲအလှယ် လုပ်ငန်းများတွင် ခွင့်ပြုထားသည့် လုပ်ငန်းကဏ္ဍများကို ဆိုလိုသည်။ ခွင်ပြုချက် မရှိသည့် ကဏ္ဍများကို ဆက်လက် တားဆီးထားဆဲ ဖြစ်သည်။ အထွေထွေ လုပ်ငန်းလိုင်စင်နှင့် အတိအကျ သတ်မှတ်ထားသော လိုင်စင်ဟု လုပ်ငန်းလိုင်စင် ၂ မျိုး သတ်မှတ်ထားသည်။ အထွေထွေ လုပ်ငန်းလိုင်စင်တွင် လုပ်ငန်းတရပ်ချင်းစီအတွက် သီးခြား လိုင်စင်များ လျှောက်ထားရန် မလိုဘဲ စည်းကမ်းသတ်မှတ်ချက်များ အပေါ် မူတည်ပြီး ငွေကြေးအလွှဲအပြောင်း လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရန် ခွင့်ပြုထားသည်။)

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် အမေရိကန် နိုင်ငံသားများ အတွက် ငွေကြေး အလွှဲအပြောင်းများ လုပ်ဆောင်နိုင်မည့် အထွေထွေ လုပ်ငန်းလိုင်စင်

မြန်မာနိုင်ငံ အတွင်း နေထိုင်သည့် အမေရိကန် နိုင်ငံသား တဦးချင်းစီ အနေဖြင့် မူလက ကန့်သတ်ခံထားရသည့် ငွေကြေး အလွှဲအပြောင်း ကိစ္စများတွင် ဖြေလျှော့မှုများကို OFAC က အထွေထွေ လိုင်စင် အဖြစ် တိုးမြှင့်ပေးလိုက်သည်။ ၄င်းတို့တွင် ကိုယ်ပိုင်သုံး အတွက် ပစ္စည်းနှင့် ၀န်ဆောင်မှုများ ၀ယ်ယူခြင်း၊ နေထိုင်မှု အသုံးစာရိတ်နှင့် ငှားရမ်းခများ ပေးဆောင်ခြင်း စသည်တို့ ပါဝင်သည်။ ဤသို့ တိုးချဲ့ ပေးခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ၀င်ထွက် သွားလာ လုပ်ပိုင်ခွင့် ပေးထားပြီး ဖြစ်သည့် မူလ စည်းကမ်းချက်များအပြင် အမေရိကန် နိုင်ငံသားများ အနေနှင့်ရော မြန်မာနိုင်ငံသားများ အတွက်ပါ နှစ်ဘက် ပိုမို ပူးပေါင်းလုပ်ကိုင်နိုင်ခွင့် အခွင့်အလမ်းများ တိုးပွားလာစေပါသည်။

ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ငွေကြေး အလွှဲအပြောင်းများကို ခွင့်ပြုသော အထွေထွေ လုပ်ငန်းလိုင်စင်

ကုန်သွယ်ရေးနှင့် ဆက်စပ်၍ ငွေကြေးအလွှဲအပြောင်းများ ပြုလုပ်ရန် စည်းကမ်း ပြုပြင်ပြောင်းလဲမှု ၂ ရပ်ကို OFAC က ကြေညာလိုက်သည်။

၁။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကနဦး ၆ လတာ ကာလအဖြစ် ပြဌာန်းပေးထားခဲ့သော အထွေထွေ လိုင်စင် (၂၀) ကို အချိန် အကန့်အသတ်မရှိ တိုးချဲ့ ပေးလိုက်သည်။ ဤပြဌာန်းချက်အရ မြန်မာနိုင်ငံ အတွင်း OFAC ၏ ကန့်သတ်မှုနှင့် ဒဏ်ခတ်ခံရဆဲ လူပုဂ္ဂိုလ်၊ လုပ်ငန်းများနှင့် ဆက်နွယ်မှုမှအပ သာမန် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

၂။ ကုန်သွယ်ရေး လုပ်ငန်း ငွေကြေး အလွှဲအပြောင်းများ ပိုမို လွယ်ကူစေရန်နှင့် မြန်မာပြည်တွင်း ကုန်စည် စီးဆင်း သယ်ပို့မှု လုပ်ငန်းများ ချောမွေ့စေရေးအတွက် ငွေကြေးလွှဲပြောင်း လုပ်ပိုင်ခွင့် အထွေထွေ ခွင့်ပြုချက်တခုကို OFAC က ထပ်မံ တိုးချဲ့ ထုတ်ပြန် ပေးလိုက်သည်။ ၎င်းတွင် မြန်မာနိုင်ငံ အတွင်း ကုန်သိုလှောင်ရုံ တခုမှ အခြား ဒေသတွင်း ဖြန့်ချိရေး ဌာနများသို့ ပို့ဆောင်ရန် ငွေအလွှဲအပြောင်း ခွင်ပြုချက်လည်း အပါအ၀င်ဖြစ်သည်။

အထက်ပါ ပြုပြင် မွမ်းမံချက်များအရ မြန်မာနိုင်ငံတွင်း ပို့ကုန်နှင့် ပြည်တွင်း ကုန်သွယ်မှု လုပ်ငန်းများ ပိုမို အဆင်ပြေ ချောမွေ့လာစေပြီး အမေရိကန်နှင့် မြန်မာ ပို့ကုန်လုပ်ငန်းရှင်များ အတွက် ကုန်သွယ်မှု အခွင့်အလမ်းများ ပိုမို တိုးတက်လာစေမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများအတွက် အထွေထွေ လုပ်ငန်းလိုင်စင် ပြုပြင်သတ်မှတ်ပေးခြင်း

မြန်မာနိုင်ငံ အတွင်းရှိ ဘဏ္ဍာရေး လုပ်ငန်းရပ်များနှင့် ငွေအလွှဲအပြောင်း ကိစ္စရပ်များ အပေါ် လက်ရှိ အကန့်အသတ်ဖြင့် ခွင့်ပြုထားသည့် အထွေထွေ လုပ်ငန်းလိုင်စင်ကို OFAC က ပြုပြင် ပြဌာန်းလိုက်သည်။ ယခု အထွေထွေ လိုင်စင် ခွင့်ပြုချက်တွင် ပါဝင်သည့် ဘဏ် ၂ ခုမှာ MEB မြန်မာ့စီးပွားရေးဘဏ်နှင့် MICB မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်သည်။ ၄င်းဘဏ် ၂ ခု စလုံးကို ကန့်သတ်စာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းဘဏ်များနှင့် အတားအဆီးမရှိ ဆက်သွယ် ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ OFAC အနေဖြင့် မူလပိတ်ဆို့ခံ စာရင်းတွင် ရှိနေခဲ့သည့် အခြားဘဏ် ၂ ခုကိုလည်း ကန့်သတ် အထွေထွေ လုပ်ငန်းလိုင်စင် စာရင်းသို့ ထည့်သွင်း ပေးလိုက်သည်။ ၄င်းတို့မှာ အင်းဝဘဏ်နှင့် မြ၀တီဘဏ်တို့ ဖြစ်သည်။ ယခုကဲ့သို့ တိုးချဲ့ ထည့်သွင်းခြင်း အားဖြင့် ပြုပြင်ပြဌာန်းမှုများ စတင် အသက်ဝင်မည့် မေလ ၁၈ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ အတွင်းရှိ ဘဏ္ဍာရေးဌာနများ အားလုံးနှင့် ငွေအလွှဲအပြောင်း ကိစ္စအများစုကို လွတ်လပ်စွာ လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။ မြန်မာပြည်သူများ အတွက်လည်း စီးပွားရေး အခွင့်အလမ်းများနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်လာစေရေး ပိုမိုအားပေးနိုင်မည် ဖြစ်သည်။

အစိုးရပိုင်ဘဏ်များနှင့် အစိုးရပိုင် လုပ်ငန်းဌာနကြီးများကို ပိတ်ဆို့စာရင်းမှ ပယ်ဖျက်ခြင်း

အစိုးရပိုင် လုပ်ငန်းဌာနကြီး ၇ ခုကို SDN ပိတ်ဆို့ဒဏ်ခတ် စာရင်းမှ OFAC က ယနေ့ ပယ်ဖျက်လိုက်သည်။

၁။ မြန်မာ့ သစ်လုပ်ငန်း

၂။ မြန်မာ့ ပုလဲလုပ်ငန်း

၃။ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်း

၎။ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း

၅။ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း

၆။ အမှတ် (၃) သတ္တုတွင်း လုပ်ငန်း

၇။ သမ၀ါယမ ပို့ကုန် သွင်းကုန် လုပ်ငန်း

အစိုးရပိုင်ဘဏ် ၃ ခုကို SDN ပိတ်ဆို့ခံ စာရင်းမှ OFAC က ဖယ်ရှားပေးလိုက်သည်။ ၄င်းတို့မှာ

၁။ မြန်မာ့စီးပွားရေးဘဏ် (MEB)

၂။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)

၃။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)

ဤသို့ စာရင်းမှ ဖယ်ရှားပေးခြင်းအားဖြင့် မြန်မာနိုင်ငံ အတွင်း အပြောင်းအလဲများကို လိုက်လျော ညီထွေစွာ အသိအမှတ်ပြု ကူညီထောက်ပံ့ပေးနိုင်မည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်များအား ပံ့ပိုးပေးနိုင်မည်။ ယခု စာရင်းတွင် ပါရှိသည့် အချို့သော ဌာနနှင့် ဘဏ်များမှာ အစိုးရသစ်အဖွဲ့တွင်း ပြုပြင်ဖွဲ့စည်းခဲ့သည့် အရပ်သား ၀န်ကြီးဌာန အချို့ လက်အောက်သို့ ပြောင်းလဲရောက်ရှိခြင်း သို့မဟုတ် ပယ်ဖျက်ထားပြီးလည်း ဖြစ်သည်။

စတီဗင်လောနှင့် အေးရှားဝေါလ် ကုမ္ပဏီက ၅၀% နှင့်အထက်ပိုမို ပိုင်ဆိုင်သည့် ကုမ္ပဏီများ သတ်မှတ်ဒဏ်ခတ်ခြင်း

ပြီးခဲ့သည့် ၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို OFAC က သိသိသာသာကြီး လျော့ချထားခဲ့ပြီး ဖြစ်သည်။ ကျန်ရှိနေသေးသော ပိတ်ဆို့ခံ လူပုဂ္ဂိုလ်နှင့် လုပ်ငန်းများမှာ ၎င်းတို့၏ မြန်မာနိုင်ငံရေးပြောင်းလဲမှု အပေါ် အနှောက်အယှက် ဖြစ်စေမှုများ ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ၊ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးကုန်သွယ်မှုများတွင် ပါဝင်မှု စသည့် အချက်များကြောင့် ဆက်လက် ပိတ်ဆို့ထားရခြင်း ဖြစ်သည်။

OFAC ၏ ယနေ့ ထုတ်ပြန်ချက်တွင် ယင်းသို့ စတီဗင်လော (သို့မဟုတ်) အေးရှားဝေါလ် ကုမ္ပဏီက ၅၀% နှင့် အထက် ပိုင်ဆိုင်သည့် ကုမ္ပဏီ ၆ ခုကို အမည်ဖော်ထုတ်၍ ပိတ်ဆို့မှုစာရင်းတွင် ထပ်မံ ထည့်သွင်းလိုက်သည်။ ယခင်စစ်အစိုးရအား ထောက်ပံ့မှုများ ပေးနေခဲ့သည့် စတီဗင်လောနှင့် အေးရှားဝေါလ် ကုမ္ပဏီကို ၂၀၀၈ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းကပင် အမိန့်ကြေညာစာ အမှတ် - ၁၃၄၄၈ ဖြင့် OFAC က ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။

စတီဗင်လောနှင့် အေးရှားဝေါလ်ကုမ္ပဏီက ၅၀% နှင့်အထက် ပိုင်ဆိုင်သည့် ကုမ္ပဏီ (၆) ခုမှာ -

၁။ Asia Mega Link Co., Ltd.

၂။ Asia Mega Link Services Co., Ltd.

၃။ Pioneer Aerodrome Services Co., Ltd.

၎။ Green Asia Services Co., Ltd.

၅။ Global World Insurance Co., Ltd.

၆။ Shwe Na Wah Company Ltd.

ယနေ့ထုတ်ပြန်သည့် ပြုပြင် ကန့်သတ်ချက်များတွင် ပါဝင်သည့် ကုမ္ပဏီများ၏ အမေရိကန်ပြည်ထောင်စုအတွင်း ထားရှိသော ပိုင်ဆိုင်မှုများ၊ ရင်းနှီးမြုပ်နှံမှုများ၊ အမေရိကန်နိုင်ငံသားတို့နှင့် ဆက်စပ် ပိုင်ဆိုင်မှုများ အားလုံးကို လွဲပြောင်းမှု ထိန်းချုပ်ထားရမည် ဖြစ်ပြီး ၊ အမေရိကန်နိုင်ငံသားများအနေနှင့် ၎င်းကုမ္ပဏီများနှင့် စီးပွား ဆက်စပ်လုပ်ကိုင်ခြင်း ၊ ငွေအလွဲအပြောင်း လုပ်ကိုင်ခြင်းများ အားလုံးကိုလည်း တားမြစ်လိုက်သည်။ ယခု ကန့်သတ်ချက်မှာ မြန်မာအစိုးရ ၊ (သို့မဟုတ်) မြန်မာ ပြည်သူ ပြည်သားများသို့ ပစ်မှတ်ထား ရည်ရွယ်ခြင်း မဟုတ်ပဲ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် ငွေကြေးဆိုင်ရာ ဌာနများသို့ လုပ်ငန်းဆိုင်ရာ ရှင်းလင်းချက်များအဖြစ် ကန့်သတ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အစိုးရအနေဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ၀င်ရောက် လုပ်ကိုင်သည့် ပုဂ္ဂလိက လုပ်ငန်းများ တိုးပွားလာရေး အားပေးနိုင်ရန်နှင့် တချိန်တည်းမှာပင် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှု စည်းကမ်းချက်များကို လိုက်နာနိုင်စေရေးအတွက် SDN ခေါ် ပိတ်ဆို့ ဒဏ်ခတ်မှုစာရင်းကို အခါအားလျော်စွာ ပြင်ဆင် ဖော်ပြပေးသွားမည် ဖြစ်သည်။

U.S. Treasury Department

Office of Public Affairs

Embargoed for 10:30 AM EDT: May 17, 2016

CONTACT: Betsy Bourassa, Treasury Public Affairs (202) 622-2960

TREASURY AMENDS BURMESE SANCTIONS REGULATIONS, IDENTIFIES BLOCKED COMPANIES OWNED BY DESIGNATED PERSONS, AND DELISTS SEVERAL BURMESE STATE-OWNED ENTITIES

Regulatory Amendments Support Burma’s Political Reforms and Economic Growth; Designations and Delistings Provide Information to Facilitate Sanctions Compliance and Support Broader U.S. Foreign Policy Goals

WASHINGTON – Today, the U.S. Department of the Treasury’s Office of Foreign Assets Control (OFAC) amended the Burmese Sanctions Regulations, 31 C.F.R. part 537 (“the Regulations”), and updated the Specially Designated Nationals and Blocked Persons (SDN) List. Specifically, OFAC issued regulatory amendments intended to support trade with Burma; facilitate the movement of goods within Burma; allow certain transactions related to U.S. individuals residing in Burma; and allow most transactions involving designated financial institutions. In addition, OFAC, in consultation with the Department of State, removed seven state-owned enterprises and three state-owned banks from the SDN List. Taken in concert with the regulatory amendments to allow most transactions with designated financial institutions, this leaves few OFAC restrictions remaining related to banks in Burma. To incentivize further democratic reforms and maintain pressure on targeted individuals and entities and the military, certain sanctions remain in place. As such, OFAC identified as blocked and added to the SDN List six companies that are owned 50 percent or more by Steven Law or Asia World Co. Ltd. (“Asia World”), persons who remain on the SDN List. More broadly, these actions demonstrate the Administration’s support for continued political reforms and broad-based economic growth in Burma, while also maintaining sanctions pressure where needed, and providing the private sector with further clarity to effectively engage in Burma.

“Burma reached a historic milestone over the last year by holding competitive elections and peacefully transitioning to a democratically-elected government. Our actions today demonstrate our strong support for this political and economic progress while continuing to pressure designated persons in Burma to change their behavior,” said Adam J. Szubin, Acting Under Secretary for Terrorism and Financial Intelligence. “These steps will help to facilitate trade with non-sanctioned businesses and, in turn, help the people and Government of Burma achieve a more inclusive and prosperous future.”

Amendments to the Burmese Sanctions Regulations

Today, OFAC added a general license authorizing transactions related to U.S. individuals residing in Burma, extended and expanded an existing general license authorizing trade-related transactions, and updated an existing general license authorizing certain banking services. As background, an OFAC license is an authorization to engage in a transaction that otherwise would be prohibited. There are two types of licenses: general licenses and specific licenses. A general license broadly authorizes a particular type of transaction, subject to certain conditions, without the need to individually apply for a specific license.

General license authorizing personal transactions related to U.S. persons residing in Burma

OFAC added a general license that allows U.S. persons to conduct most transactions otherwise prohibited by the Regulations that are ordinarily incident to U.S. individuals residing in Burma. This includes paying rent and other living expenses and buying goods and services for personal use.

This complements the existing exemption in the Regulations for travel to or from Burma and will make it easier for U.S. persons to reside and work in Burma, which will increase opportunities for U.S. and Burmese persons to engage with each other.

General licenses authorizing trade-related transactions

OFAC made two regulatory amendments related to trade-related transactions. First, OFAC extended indefinitely General License 20. Initially issued for a six-month period in December 2015, this general license is now incorporated into the Regulations. It authorizes transactions that are ordinarily incident to exports to or from Burma that are otherwise prohibited involving an individual or company that is designated or otherwise blocked by OFAC’s sanctions. Second, to further support trade-related transactions, OFAC expanded this authorization by adding a general license permitting certain transactions incident to the movement of goods within Burma. This includes transactions such as transporting goods from a warehouse in Burma for further distribution to retail outlets in Burma.

Together, these amendments will facilitate commerce into and throughout Burma, in turn bolstering trade and commercial opportunities for U.S. and Burmese exporters.

Updating the general license authorizing certain banking services

OFAC is also updating an existing general license that authorizes most transactions involving all currently designated financial institutions in Burma. Two of the financial institutions that were included in this license – Myanma Economic Bank and Myanma Investment and Commercial Bank – are being delisted today. As engagement with them is no longer prohibited, this authorization is no longer needed and these two financial institutions are being removed from the general license. Concurrently, OFAC is adding to the general license two other Burmese financial institutions that are currently designated – Innwa Bank and Myawaddy Bank – thereby authorizing most transactions involving all Burmese financial institutions once the amendment takes effect on May 18.

This amendment will help encourage trade and increase economic opportunities for the Burmese people.

Removal of state-owned banks and state-owned enterprises

In addition, OFAC today removed seven state-owned enterprises from the SDN List: Myanmar Timber Enterprise; Myanmar Pearl Enterprise; Myanmar Gem Enterprise; No. 1 Mining Enterprise; No. 2 Mining Enterprise; No. 3 Mining Enterprise; and Co-Operative Export-Import Enterprise. In addition, OFAC removed three state-owned banks from the SDN List: Myanma Economic Bank; Myanmar Foreign Trade Bank; and Myanma Investment and Commercial Bank.

These removals support U.S. foreign policy goals and acknowledge the changing circumstances in Burma. The entities being removed are organized under civilian line ministries or no longer exist.

Identifications of Companies owned 50 percent or more by Steven Law or Asia World

OFAC has eased significantly sanctions on Burma over the past four years. The remaining sanctions on Burmese individuals and entities are primarily intended to target those who obstruct political reform in Burma, commit human rights abuses in Burma, or propagate military trade with North Korea.

Also today, OFAC identified as blocked and added to the SDN list six companies that are owned 50 percent or more by persons on the SDN List: Steven Law and Asia World. Steven Law and Asia World were designated by OFAC pursuant to Executive Order 13448 in February 2008 for providing support to the Government of Burma, which was then dominated by the former military regime.

The companies being identified as owned 50 percent or more by Asia World are Asia Mega Link Co., Ltd., Asia Mega Link Services Co., Ltd., Pioneer Aerodrome Services Co., Ltd., Green Asia Services Co., Ltd., and Global World Insurance Company Limited. Shwe Nar Wah Company Limited is being identified for being owned 50 percent or more by Asia World or Steven Law.

Today’s action helps clarify that any property or interests in property of the identified companies that are or come within the United States, or that are in the possession or control of U.S. persons, should be frozen, and that it is prohibited for U.S. persons to engage in transactions or to do business with the identified companies. These identifications are not targeted at the Government or people of Burma. They are intended to provide additional clarity for companies and financial services firms doing business in Burma. The U.S. government is committed to updating the SDN List to assist the private sector as it increases its engagement in the Burmese market and seeks to comply with U.S. sanctions.

For the updated Burmese Sanctions Regulations, click here.

For identifying information related to today’s action, click here.

For OFAC’s Frequently Asked Questions on the Burma Sanctions Program, click here.

XS
SM
MD
LG