သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီးကြောင့် လူ ၁၅ ဦးသေဆုံး


အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက ကလ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်းမှာ တောမီးလောင်မှုတေ ွဖြစ်ပွါးခဲ့လို့လူအနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး လူနေအိမ်နဲ့ တခြား အဆောက်အဦး ထောင်နဲ့ချီပြီး မီးလောင်ကျွမ်းခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို ကြီးမားတဲ့ ဘေးဒုက္ခတခုပဲလို့သမ္မတ ဒေါ်နလ်ထရမ့်က ပြောဆိုလိုက်ပြီး ဒေါ်လာ သန်းနဲ့ချီပြီး မီးဘေး ကူညီကယ်ဆယ်ရေး အတွက် အစိုးရရဲ့ အရေးပေါ် အကူအညီတွေ ပေးသွားမယ်လို့လည်း ဆိုပါတယ်။

ကယ်လီဖိုးနီးယား ပြည်သူတွေနဲ့ အတူ ပြည်ထောင်စု အစိုးရက ရပ်တည်သွားမယ်လို့ ကလ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှုးကို သမ္မတထရမ့်က ပြောခဲ့ပါတယ်။

ဆန်ဖရန်စ္စကိုမြို့ရဲ့ မြောက်ဘက်က နာပါတောင်ကြားလို့ ခေါ်တဲ့ ကမ္ဘာကျော် ဝိုင်အရက် စိုက်ပျိုးထုတ်လုပ်ရေး ဒေသမှာ တနင်္လာနေ့က စခဲ့တဲ့ မီးလောင်မှုဟာ မနေ့က အထိ လောင်ကျွမ်းနေခဲ့ပြီး မီးသတ်သမားတွေ ကြိုးစား ငြိမ်းသတ်နေကြပေမဲ့ ခြောက်သွေ့တဲ့ အခြေအနေနဲ့ လေတိုက်မှုတွေ ရှိနေတာကြောင့် မီးတွေ မငြိမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ မီးဒဏ်ကြောင့် ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး မြေဧက ၁သိန်း ၁ သောင်းကျော် ပျက်စီးခဲ့ရပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ အသက် ၁၀၀ အရွယ်ရှိတဲ့ အမျိုးသားတဦးနဲ့ သူ့ရဲ့ဇနီး အသက် ၉၉ နှစ် အရွယ်အမျိုးသမီး တဦးတို့ ပါဝင်ခဲ့ကြပြီး မီးလောင်နေချိန်မှာ သူတို့နှစ်ဦးက အိမ်ထဲကနေ မီးလွတ်အောင် မထွက်နိုင်ခဲ့ကြပါဘူး။ အခုချိန်ထိတော့ ဘာ ကြောင့် ဒီမီးတွေ လောင်သလဲ ဆိုတာကို မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG