သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရြယ္မေရာက္ခင္ လက္ထပ္မႈ အေမရိကန္မွာ က်ယ္္ျပန္႔ေနဆဲ


အရြယ္မေရာက္ခင္ လက္ထပ္မႈ ကို ဆႏၵျပေနသည့္ ကေလးတဦး

(Zawgyi/ Unicode)

လူအမ်ားစုအတြက္ကေတာ့ သူတို႔ လက္ထပ္ ထိမ္းျမားတဲ႔ ေန႔က ငယ္ငယ္က စိတ္ကူးယဥ္ခဲ႔သလို ျဖစ္လာၾကပါတယ္။ ဒါေပမယ့္လည္း အေမရိက တ၀န္းမွာေတာ့ ကေလးဘ၀ လက္ထပ္မႈ ျပသနာ ဆက္ၿပီး ရွိေနတာေၾကာင့္ သိန္းနဲ႔ခ်ီတဲ႔ အမ်ိဳးသမီးငယ္ေတြ အတြက္ လက္ထပ္ ထိမ္းျမားတဲ႔ ေန႔က ထိတ္လန္႔ေခ်ာက္ခ်ားဖြယ္ ေန႔ တခုလို ျဖစ္ေနပါတယ္။ Anush Avetisyan ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပထားပါတယ္။

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ ျပည္နယ္ Brooklyn က ေအာ္သိုေဒါသ္႔ ဂ်ဴးအသိုင္းအ၀ိုင္းမွာ ႀကီးျပင္းလာတဲ႔ Fraidy Reiss ကေတာ့ မိသားစုက သူ႔အေပၚ သစၥာေဖာက္တာလို႔ ေျပာပါတယ္။ ေယာက္်ားနဲ႔ ကြာရွင္းၿပီးတဲ႔ ေနာက္မွာေတာ့ အခက္အခဲ အားလံုးကို ေက်ာ္လႊားၿပီး ဘြဲ႔ရေအာင္ ယူပါတယ္၊ ေနာက္ ပိုက္ဆံစုၿပီး သမီး ၂ ေယာက္နဲ႔ အတူ အသိုင္းအ၀ိုင္းနဲ႔ ေ၀းရာကို ထြက္သြားခဲ႔ပါတယ္တဲ႔။

“ဆယ္စုႏွစ္ တခုေက်ာ္တဲ႔ အထိဘဲ က်မရဲ႕ မိသားစုနဲ႔ အသိုင္းအ၀ိုင္းက က်မကို ေသသြားၿပီလို႔ သတ္မွတ္ထားၾကဆဲပါ။”

အေတြ႔အႀကံဳ အရ Reiss ဟာ ကေလးဘ၀ လက္ထပ္မႈ၊ အတင္းအဓမၼ လက္ထပ္မႈနဲ႔ စီစဥ္ ထိမ္းျမားမႈေတြ ပေပ်ာက္ေရး လႈပ္ရွားသူ တဦး ျဖစ္လာခဲ႔ပါတယ္။ ကေလးဘ၀မွာ လက္ထပ္ ထိမ္းျမားေပးခံရၿပီး ဒုကၡေရာက္ရသူေတြကို ကူညီေပးတဲ႔ Unchainde At Last အဖြဲ႔ကို နယူးဂ်ာဆီမွာ တည္ေထာင္ခဲ႔ပါတယ္။ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ဒီလို လက္ထပ္ ေပးခံရမႈကေန လြတ္ေျမာက္လာသူ ၅၅၀ ေက်ာ္ရွိၿပီး Reiss ရဲ႕ ႀကိဳးပမ္းမႈေၾကာင့္ဘဲ နယူးဂ်ာဆီ ျပည္နယ္မွာ အသက္ ၁၈ ႏွစ္ေအာက္ လက္ထပ္ ထိမ္းျမားမႈကို တရား၀င္ တားျမစ္ခဲ႔ပါတယ္။

“သိပ္ကို တုန္လႈပ္ေခ်ာက္ခ်ားစရာ ေကာင္းပါတယ္။ ဒီအလုပ္ကို စၿပီး လုပ္တဲ႔ အခ်ိန္မွာ အသက္ ၁၈ ႏွစ္ေအာက္ လက္ထပ္ ထိမ္းျမားမႈက အေမရိကန္ ျပည္နယ္ ၅၀ အားလံုးမွာ တရား၀င္ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္ သတ္မွတ္ခ်က္က သိပ္ၿပီး အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အသက္ ၁၈ ႏွစ္ မျပည့္ခင္မွာ အတင္းအဓမၼ လက္ထပ္ ထိမ္းျမားမႈကေန ကိုယ့္ဘာသာ ကာကြယ္ႏုိင္တဲ႔ အခြင့္အေရး မရွိလို႔ပါ။”

အေမရိကန္ ျပည္နယ္ အမ်ားစုမွာေတာ့ လူငယ္ေတြ အေနနဲ႔ အသက္ ၁၆ ႏွစ္မွာ လက္ထပ္ခြင့္ ျပဳထားၿပီး ျပည္နယ္ ၂ ခုမွာေတာ့ အသက္ ၁၄ ႏွစ္မွာ လက္ထပ္ခြင့္ျပဳပါတယ္။ ျပည္နယ္ ၁၃ ခုမွာေတာ့ အသက္အရြယ္ ကန္႔သတ္ခ်က္ မရွိပါဘူး။ အိုင္ဒါဟို ျပည္နယ္မွာေတာ့ ကေလးဘ၀ လက္ထပ္မႈႏႈန္း အျမင့္ဆံုး ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ဒီမိုကရက္ လႊတ္ေတာ္ အမတ္ Melissa Wintrow က အနိမ့္ဆံုး အသက္ ၁၆ ႏွစ္ ျပည့္မွ လက္ထပ္ခြင့္ျပဳဖို႔ ႀကိဳးပမ္းခဲ႔ေပမယ့္ မေအာင္ျမင္ခဲ႔ပါဘူး။

“ျပည္နယ္ သမိုင္းေၾကာင္း အရေရာ ေရွးထံုး အစဥ္အလာေတြ အရပါ သင့္ေလ်ာ္မယ္လို႔ ယူဆၿပီး အနည္းဆံုး အသက္ ၁၆ ႏွစ္ သတ္မွတ္ဖို႔ က်မက အဆိုျပဳခဲ႔တာပါ။ ေနာက္ၿပီး ကိုယ့္ဆႏၵနဲ႔ အညီ လက္မွတ္ထိုးႏုိင္တဲ႔ အရြယ္၊ အဓမၼျပဳက်င့္မႈမ်ားဆိုင္ရာ ဥပေဒေတြနဲ႔လည္း ကိုက္ညီပါတယ္။”

၂၀၁၉ ခုႏွစ္မွာေတာ့ လူ၀ီစီယားနား ျပည္နယ္က လက္ထပ္ ထိမ္းျမားႏုိင္တဲ႔ အသက္ကို အနည္းဆံုး ၁၆ ႏွစ္ အျဖစ္ တိုးျမွင့္ သတ္မွတ္ခဲ႔ပါတယ္။ ဒါ႔အျပင္ အသက္မျပည့္ေသးသူ တဦးနဲ႔ လက္ထပ္မယ့္သူဟာလည္း အသက္ ၃ ႏွစ္ထက္ ပိုၿပီး မႀကီးရပါဘူး။ ဒီအေျပာင္းအလဲကို ဆန္႔က်င္တဲ႔ အထဲမွာ ပါတဲ႔ Louisiana Family Forum က Kathleen Benfield က အခုလို ေျပာပါတယ္။

“လူ၀ီစီယားနားမွာက လက္ထပ္ ထိမ္းျမားမႈကို ေလးစား တန္ဖိုးထားပါတယ္။ လက္ထပ္ ထိမ္းျမားမႈက သိပ္အေရးႀကီးပါတယ္။ က်မတို႔ ႏုိင္ငံ ဓေလ႔ထံုးစံနဲ႔ လူမႈ အသိုင္းအ၀ိုင္းရဲ႕ အေျခခံ အုတ္ျမစ္လည္း ျဖစ္ပါတယ္။ ကေလးေတြကို ႀကီးျပင္းေအာင္ ေကြ်းေမြးျပဳစု ေစာင့္ေရွာက္မႈမွာ အေထာက္အကူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လက္ထပ္ ထိမ္းျမားမႈက သိပ္ၿပီး အေရးႀကီးတယ္လို႔ က်မတို႔က ယူဆပါတယ္။ အသက္ ကန္႔သတ္ခ်က္ အေပၚ ေဆြးေႏြး ျငင္းခံုမႈေတြေၾကာင့္ လက္ထပ္ ထိမ္းျမားမႈရဲ႕ ဂုဏ္သေရကို ေလွ်ာ့ခ်လိုက္သလို ျဖစ္ေစၿပီး မေကာင္းျမင္ဘက္ကို ပိုၿပီး ေရာက္သြားေစပါတယ္။”

ကေလးဘ၀ လက္ထပ္မႈကို ဆန္႔က်င္ေနၾကတဲ႔ လႊတ္ေတာ္ အမတ္ေတြနဲ႔ တက္ၾကြ လႈပ္ရွားသူေတြကေတာ့ အခု ေဆြးေႏြး ျငင္းခံုမႈေတြက မိသားစု ဘ၀ ထူေထာင္မႈထက္ ပိုၿပီး ေလးနက္တဲ႔ ျပႆနာလို႔ ေျပာၾကပါတယ္။ အိုင္ဒါဟို ျပည္နယ္ လႊတ္ေတာ္ အမတ္ Melissa Wintrow က အခုလို ေျပာပါတယ္။

“ကေလးဘ၀ လက္ထပ္မႈ ႏႈန္းကို ၾကည့္ရင္ လူလတ္တန္းစား လူျဖဴေတြ ျဖစ္ေနပါတယ္။ အဲဒါက ျပႆနာပါ။ ႏုိင္ငံတြင္း က်ားမခြဲျခားမႈ သမိုင္းေၾကာင္းေပၚမွာ နက္နက္ရိႈင္းရိႈင္း အျမစ္တြယ္ေနတာ ျဖစ္ပါတယ္။ ကေလး အရြယ္မွာ သူတို႔ ဘ၀ တေလွ်ာက္လံုး အတြက္ ဆံုးျဖတ္ခ်က္ခ်ဖို႔ အထိ ဦးေႏွာက္ မဖြံ႔ၿဖိဳးေသးဘူး ဆိုတဲ႔ သုေတသန ေတြ႔ရွိခ်က္ေတြလည္း ရွိထားတာေၾကာင့္ ဒီလုပ္ရပ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ တခုလို႔ဘဲ က်မကေတာ့ ရႈျမင္ပါတယ္။”

Unchained At Last အဖြဲ႔က ေကာက္ယူထားတဲ႔ စစ္တမ္း အရေတာ့ ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၁၀ ျပည့္ႏွစ္ၾကား ကေလးငယ္ ၂၅၀,၀၀၀ ေက်ာ္ လက္ထပ္ခဲ႔ၾကၿပီး အမ်ားစုကေတာ့ မိန္းကေလးငယ္ေတြ ျဖစ္ၿပီး သူတို႔ထက္ အသက္ႀကီးတဲ႔ အမ်ိဳးသားေတြနဲ႔ လက္ထပ္ခဲ႔ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

အရွယ်မရောက်ခင် လက်ထပ်မှု အမေရိကန်မှာ ကျယ်ပြန့်နေဆဲ

(Zawgyi)


လူအများစုအတွက်ကတော့ သူတို့ လက်ထပ် ထိမ်းမြားတဲ့ နေ့က ငယ်ငယ်က စိတ်ကူးယဉ်ခဲ့သလို ဖြစ်လာကြပါတယ်။ ဒါပေမယ့်လည်း အမေရိက တဝန်းမှာတော့ ကလေးဘ၀ လက်ထပ်မှု ပြသနာ ဆက်ပြီး ရှိနေတာကြောင့် သိန်းနဲ့ချီတဲ့ အမျိုးသမီးငယ်တွေ အတွက် လက်ထပ် ထိမ်းမြားတဲ့ နေ့က ထိတ်လန့်ချောက်ချားဖွယ် နေ့ တခုလို ဖြစ်နေပါတယ်။ Anush Avetisyan ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် Brooklyn က အော်သိုဒေါသ့် ဂျူးအသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ Fraidy Reiss ကတော့ မိသားစုက သူ့အပေါ် သစ္စာဖောက်တာလို့ ပြောပါတယ်။ ယောက်ျားနဲ့ ကွာရှင်းပြီးတဲ့ နောက်မှာတော့ အခက်အခဲ အားလုံးကို ကျော်လွှားပြီး ဘွဲ့ရအောင် ယူပါတယ်၊ နောက် ပိုက်ဆံစုပြီး သမီး ၂ ယောက်နဲ့ အတူ အသိုင်းအဝိုင်းနဲ့ ဝေးရာကို ထွက်သွားခဲ့ပါတယ်တဲ့။

“ဆယ်စုနှစ် တခုကျော်တဲ့ အထိဘဲ ကျမရဲ့ မိသားစုနဲ့ အသိုင်းအဝိုင်းက ကျမကို သေသွားပြီလို့ သတ်မှတ်ထားကြဆဲပါ။”

အတွေ့အကြုံ အရ Reiss ဟာ ကလေးဘ၀ လက်ထပ်မှု၊ အတင်းအဓမ္မ လက်ထပ်မှုနဲ့ စီစဉ် ထိမ်းမြားမှုတွေ ပပျောက်ရေး လှုပ်ရှားသူ တဦး ဖြစ်လာခဲ့ပါတယ်။ ကလေးဘဝမှာ လက်ထပ် ထိမ်းမြားပေးခံရပြီး ဒုက္ခရောက်ရသူတွေကို ကူညီပေးတဲ့ Unchainde At Last အဖွဲ့ကို နယူးဂျာဆီမှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီလို လက်ထပ် ပေးခံရမှုကနေ လွတ်မြောက်လာသူ ၅၅၀ ကျော်ရှိပြီး Reiss ရဲ့ ကြိုးပမ်းမှုကြောင့်ဘဲ နယူးဂျာဆီ ပြည်နယ်မှာ အသက် ၁၈ နှစ်အောက် လက်ထပ် ထိမ်းမြားမှုကို တရားဝင် တားမြစ်ခဲ့ပါတယ်။

“သိပ်ကို တုန်လှုပ်ချောက်ချားစရာ ကောင်းပါတယ်။ ဒီအလုပ်ကို စပြီး လုပ်တဲ့ အချိန်မှာ အသက် ၁၈ နှစ်အောက် လက်ထပ် ထိမ်းမြားမှုက အမေရိကန် ပြည်နယ် ၅၀ အားလုံးမှာ တရားဝင်ဖြစ်ပါတယ်။ အသက် ၁၈ နှစ် သတ်မှတ်ချက်က သိပ်ပြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသက် ၁၈ နှစ် မပြည့်ခင်မှာ အတင်းအဓမ္မ လက်ထပ် ထိမ်းမြားမှုကနေ ကိုယ့်ဘာသာ ကာကွယ်နိုင်တဲ့ အခွင့်အရေး မရှိလို့ပါ။”

အမေရိကန် ပြည်နယ် အများစုမှာတော့ လူငယ်တွေ အနေနဲ့ အသက် ၁၆ နှစ်မှာ လက်ထပ်ခွင့် ပြုထားပြီး ပြည်နယ် ၂ ခုမှာတော့ အသက် ၁၄ နှစ်မှာ လက်ထပ်ခွင့်ပြုပါတယ်။ ပြည်နယ် ၁၃ ခုမှာတော့ အသက်အရွယ် ကန့်သတ်ချက် မရှိပါဘူး။ အိုင်ဒါဟို ပြည်နယ်မှာတော့ ကလေးဘ၀ လက်ထပ်မှုနှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒီမိုကရက် လွှတ်တော် အမတ် Melissa Wintrow က အနိမ့်ဆုံး အသက် ၁၆ နှစ် ပြည့်မှ လက်ထပ်ခွင့်ပြုဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“ပြည်နယ် သမိုင်းကြောင်း အရရော ရှေးထုံး အစဉ်အလာတွေ အရပါ သင့်လျော်မယ်လို့ ယူဆပြီး အနည်းဆုံး အသက် ၁၆ နှစ် သတ်မှတ်ဖို့ ကျမက အဆိုပြုခဲ့တာပါ။ နောက်ပြီး ကိုယ့်ဆန္ဒနဲ့ အညီ လက်မှတ်ထိုးနိုင်တဲ့ အရွယ်၊ အဓမ္မပြုကျင့်မှုများဆိုင်ရာ ဥပဒေတွေနဲ့လည်း ကိုက်ညီပါတယ်။”

၂၀၁၉ ခုနှစ်မှာတော့ လူဝီစီယားနား ပြည်နယ်က လက်ထပ် ထိမ်းမြားနိုင်တဲ့ အသက်ကို အနည်းဆုံး ၁၆ နှစ် အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် အသက်မပြည့်သေးသူ တဦးနဲ့ လက်ထပ်မယ့်သူဟာလည်း အသက် ၃ နှစ်ထက် ပိုပြီး မကြီးရပါဘူး။ ဒီအပြောင်းအလဲကို ဆန့်ကျင်တဲ့ အထဲမှာ ပါတဲ့ Louisiana Family Forum က Kathleen Benfield က အခုလို ပြောပါတယ်။

“လူဝီစီယားနားမှာက လက်ထပ် ထိမ်းမြားမှုကို လေးစား တန်ဖိုးထားပါတယ်။ လက်ထပ် ထိမ်းမြားမှုက သိပ်အရေးကြီးပါတယ်။ ကျမတို့ နိုင်ငံ ဓလေ့ထုံးစံနဲ့ လူမှု အသိုင်းအဝိုင်းရဲ့ အခြေခံ အုတ်မြစ်လည်း ဖြစ်ပါတယ်။ ကလေးတွေကို ကြီးပြင်းအောင် ကျွေးမွေးပြုစု စောင့်ရှောက်မှုမှာ အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ထပ် ထိမ်းမြားမှုက သိပ်ပြီး အရေးကြီးတယ်လို့ ကျမတို့က ယူဆပါတယ်။ အသက် ကန့်သတ်ချက် အပေါ် ဆွေးနွေး ငြင်းခုံမှုတွေကြောင့် လက်ထပ် ထိမ်းမြားမှုရဲ့ ဂုဏ်သရေကို လျှော့ချလိုက်သလို ဖြစ်စေပြီး မကောင်းမြင်ဘက်ကို ပိုပြီး ရောက်သွားစေပါတယ်။”

ကလေးဘ၀ လက်ထပ်မှုကို ဆန့်ကျင်နေကြတဲ့ လွှတ်တော် အမတ်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကတော့ အခု ဆွေးနွေး ငြင်းခုံမှုတွေက မိသားစု ဘ၀ ထူထောင်မှုထက် ပိုပြီး လေးနက်တဲ့ ပြဿနာလို့ ပြောကြပါတယ်။ အိုင်ဒါဟို ပြည်နယ် လွှတ်တော် အမတ် Melissa Wintrow က အခုလို ပြောပါတယ်။

“ကလေးဘ၀ လက်ထပ်မှု နှုန်းကို ကြည့်ရင် လူလတ်တန်းစား လူဖြူတွေ ဖြစ်နေပါတယ်။ အဲဒါက ပြဿနာပါ။ နိုင်ငံတွင်း ကျားမခွဲခြားမှု သမိုင်းကြောင်းပေါ်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာ ဖြစ်ပါတယ်။ ကလေး အရွယ်မှာ သူတို့ ဘ၀ တလျှောက်လုံး အတွက် ဆုံးဖြတ်ချက်ချဖို့ အထိ ဦးနှောက် မဖွံ့ဖြိုးသေးဘူး ဆိုတဲ့ သုတေသန တွေ့ရှိချက်တွေလည်း ရှိထားတာကြောင့် ဒီလုပ်ရပ်က လူ့အခွင့်အရေး ချိုးဖောက်မှု တခုလို့ဘဲ ကျမကတော့ ရှုမြင်ပါတယ်။”

Unchained At Last အဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်း အရတော့ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်ကြား ကလေးငယ် ၂၅၀,၀၀၀ ကျော် လက်ထပ်ခဲ့ကြပြီး အများစုကတော့ မိန်းကလေးငယ်တွေ ဖြစ်ပြီး သူတို့ထက် အသက်ကြီးတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG