သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွားရေးပြုပြင်ပြောင်းလဲမှု အမေရိကန်တို့ စိတ်မရှည်


တရုတ်စီးပွားရေးပြုပြင်ပြောင်းလဲမှု အမေရိကန်တို့ စိတ်မရှည်

တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာမူဝါဒတွေ ပြုပြင်ပြောင်းလဲရာမှာ နှေးကွေးလွန်းတဲ့အတွက် အမေရိကန်တွေ အနေနဲ့ စိတ်မရှည်၊ စိတ်ပျက်စရာတွေ ပိုများလာနေတယ်လို့ မနေ့တုန်းကပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားက တရုတ်သမ္မတ ဟူကျင်းတောင်ကို ပြောလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနေတဲ့ ဟိုနိုလူလူမှာ တရုတ်သမ္မတနဲ့ အတူထိုင်ပြီး တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရေးကြီးတဲ့အကြောင်း ပြောဆိုလိုက်တာပါ။

တရုတ်သမ္မတကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုလုပ်ဆောင်ဖို့ အပြန်အလှန် တောင်းဆိုခဲ့သလို တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား အဓိကကျတဲ့ စိုးရိမ်မကင်းဖြစ်စရာ အခြေအနေတွေကို အပြန်အလှန် လေးစားဖို့နဲ့ အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စတွေကို သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG