သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ရန်စမှု တရုတ်သတိပေးဖို့ သမ္မတ အိုဘားမား တိုက်တွန်း


မြောက်ကိုရီးယား ရန်စမှု တရုတ်သတိပေးဖို့ သမ္မတ အိုဘားမား တိုက်တွန်း
မြောက်ကိုရီးယား ရန်စမှု တရုတ်သတိပေးဖို့ သမ္မတ အိုဘားမား တိုက်တွန်း

အမေရိကန် သမ္မတနဲ့ တရုတ်သမ္မတို့ ၂ ဦး ကိုရီးယားကျွန်းဆွယ် တင်းမာမှု တိုးနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ အိုဘားမား (Obama) ကတော့ တရုတ်သမ္မတကြီး ဟူဂျင်တောင်း (Hu Jintao) အနေနဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ရန်စတဲ့သဘော သက်ရောက်နေတာမို့ လုံး၀ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့ ပြတ်သားတဲ့ အမှာစကားကို ပါးစေလိုတဲ့အကြောင်း ပြောဆိုလိုက်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြပါတယ်။

တရုတ်သမ္မတ ဟူဂျင်တောင်းက သမ္မတ အိုဘားမားကို ဘေဂျင်းအချိန် တနင်္လာနေ့ မနက်ပိုင်း၊ ဝါရှင်တန်အချိန် တနင်္ဂနွေနေ့ ညပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပြီး ကိုရီးယားအရေးကို ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ဟူဂျင်တောင်းက သက်ဆိုင်သူတွေ အားလုံး အနေနဲ့ စိတ်အေးလက်အေးထားပြီး ဆင်ဆင်ခြင်ခြင် တုံ့ပြန်ကြဖို့ တိုက်တွန်းလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းတွေက ဖော်ပြလိုက်ပါတယ်။

တောင်ကိုရီးယား ရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေ့ကျင့်နေတဲ့ ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်လိုက်တဲ့ အချိန်မှာ အမေရိကန်နဲ့ တရုတ်သမ္မတ ၂ ဦးတို့ ဆွေးနွေးခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား ရေတပ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာကြောင့် မြောက်ကိုရီးယားဘက်က လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG