သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးဆွေးနွေးပွဲ မအောင်မြင်သတင်း သမ္မတ Trump ပယ်ချ


အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping (နိုဝင်ဘာ၊ ၀၉၊ ၂၀၁၇)
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping (နိုဝင်ဘာ၊ ၀၉၊ ၂၀၁၇)

တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ရကြောင်း ပြောဆိုနေတာတွေကို အမေရိကန်သမ္မတ Donald Trump က ပယ်ချလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ် ဖြစ်နေပြီလို့ အများက ပြောနေပေမဲ့လည်း သမ္မတ Trump ကတော့ ကတောက်ကဆ ဖြစ်ကြတဲ့ သဘောမျိုးအဖြစ်နဲ့သာ ပြောဆိုခဲ့တာပါ။

သဘောတူညီချက် ရရှိလုနီးပါး ဖြစ်ခဲ့ပြီးမှ တရုတ်နိုင်ငံဘက်က ပျက်ကွက်ခဲ့ကြောင်း သမ္မတ Trump က မနေ့တုန်းကပဲ အိမ်ဖြူတော်မှာ ပြောဆိုသွားတာပါ။ ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန်တွေ တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာလည်း သမ္မတက ကာကွယ်ပြောဆိုသွားပါတယ်။

အပြန်အလှန်အနေနဲ့ တရုတ်နိုင်ငံက ဒေါ်လာဘီလီယံ ၆၀ တန်ဖိုးရှိတဲ့ အမေရိကန် သွင်းကုန်တွေအပေါ် ဇွန်လ ၁ ရက်နေ့ကစလို့ အခွန်တွေတိုးကောက်ဖို့ ကြေညာလိုက်ပြီးနောက် တနင်္လာနေ့တုန်းက အစုရှယ်ယာဈေးကွက်မှာ ဈေးတွေ ထိုးကျခဲ့တာနဲ့ ပတ်သက်လို့တော့ တစုံတရာ ပြောဆိုသွားတာ မရှိပါဘူး။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို လနဲ့ချီဆွေးနွေးနေပြီး ပြီးခဲ့တဲ့ သောကြာနေ့က နောက်ဆုံးအကြိမ်ဆွေးနွေးမှု အဆုံးသတ်ခဲ့ပေမဲ့ သဘောတူညီချက်တော့ မရခဲ့ကြပါဘူး။

သမ္မတ Trump ကတော့ အရင်က အခွန်တွေ တိုးမကောက်ရသေးတဲ့ ဒေါ်လာဘီလီယံ ၃၀၀ လောက်တန်ဖိုးရှိတဲ့ တရုတ်ကုန်တွေအပေါ် နောက်ထပ် အခွန်တွေ တိုးမြှင့်ကောက်ခံသွားဖို့ သတိပေးထားပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့လည်း တနင်္လာနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

ကုန်သွယ်ရေးဆွေးနွေးပွဲမအောင်မြင်သတင်း သမ္မတ Trump ပယ်ချ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG