သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် ဘင်္ဂလားဒေ့ရှ်ရောက်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီး ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု နောက်ထပ်အဆင့်သစ် တခု တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီး ကလင်တန်ဟာ သူ့ရဲ့ တောင်အာရှခရီး အဆုံးသတ်အဖြစ် ဘင်္ဂလားဒေ့ရ်ှ ဒါကာ မြို့တော်ကို စနေနေ့ကရောက်လာပါတယ်။ စနေနေ့မှာပဲ ဝန်ကြီး ကလင်တန် ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နဲ့ တွေ့ဆုံဖို့ ရှိပြီး အတိုက်အခံခေါင်းဆောင် Begum Khalea Zia နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံဟာ မဟာဗျူဟာ နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အဓိကထား ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နှစ်ဘက်စလုံးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အားပေးရုံမက အမေရိကန် ဈေးကွက်ကိုလည်း ပိုပြီး ဝင်ရောက်ခွင့် ရချင်ကြောင်း ပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အင်မတန် ထူးခြား အရေးပါပါတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ နိုင်ငံတကာရေးရာ အကြံပေး ပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။ အမေရိကန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံလုံးဟာ အမြင်ကျယ်မှုနဲ့ လူမှု အကျိုးစီးပွား စိတ်ဝင်စားဆောင်ရွက်မှု တွေမှာ တူညီတဲ့အမြင်တွေ ရှိကြတယ်လို့ သမ္မတအကြံပေးပုဂ္ဂိုလ်က ပြောဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံကို အခြေအနေဆိုးစေမယ့် နိုင်ငံရေး အကွဲအပြဲတွေ အဆုံးသတ် စေအောင် တိုက်တွန်းဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး ကလင်တန် ဟာ ဘင်္ဂလားဒေ့ရှ် အခြေခံ လူတန်းစားတွေအကျိုး အတွက် အသေးစားချေးငွေလုပ်ငန်း Gramee ဘဏ်ကို စတင်ခဲ့သူ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Muhammad Yunnus နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG