သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican အများစုဦးဆောင်တဲ့ ကန်လွှတ်တော် စတင်ကျင်းပ


အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ အင်္ဂါနေ့ လွှတ်တော် ပြန်စပြီဖြစ်ပြီး၊ အထက်လွှတ်တော်ကိုရော အောက်လွှတ်တော်ကိုပါ Republican တွေက ထိန်းချုပ်ထားပါတယ်။ သူတို့က သမ္မတ အိုဘားမားရဲ့ မူဝါဒသစ်ကို ပြန်ပြောင်းပစ်ဖို့ ဆုံးဖြတ်ထားပါတယ်။

မနှစ် နိုဝင်ဘာလမှာ သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပပြီးတော့ Republican နှစ်အကြာအတွင်း အမတ်နေရာ အများဆုံး ရရှိခဲ့တဲ့နောက် အောက်လွှတ်တော်ရဲ့ ၂ နှစ်သက်တမ်းကို အခု စတင်တာဖြစ်ပါတယ်။ အောက်လွှွတ်တော်အမတ် ၄၃၅ နေရာမှာ ၂၄၆ နေရာ အနိုင်ရခဲ့ပြီးတော့ ဒါဟာ နှစ်ပေါင်း ၇၀ အတွင်း Republican တွေအဖို့ အမတ်နေရာ အများစုအတွက် အကြီးမားဆုံး အနိုင်ရမှုလည်းဖြစ်ပါတယ်။

အထက်လွှတ်တော် အမတ်နေရာ ၁၀၀ မှာလည်း ၅၅ နေရာ အနိုင်ရခဲ့ပါတယ်။ အထက်လွှတ်တော်ရဲ့ အဓိက လုပ်ငန်းတာဝန်ကတော့ Keystone ရေနံပိုက်လိုင်းကိစ္စကို ခွင့်ပြုပေးဖို့ ဖြစ်တယ်လို့ အခု တက်လာတဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က CNN သတင်းဌာနကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အဲဒါဆိုရင် အလုပ်နေရာတွေ အများကြီး ဖန်တီးပေးနိုင်မယ်လို့ သူတို့ကို ထောက်ခံသူတွေက ပြောဆိုပြီး၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြားနိုင်ငံတွေကို စွမ်းအင်အရ မှီခိုအားကိုးနေစရာလည်း မလိုတော့ပါဘူးတဲ့။

အတိုက်အခံ Democrat တွေကတော့ ဒါဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကပ်ဘေးဆိုးကြီး ကျလာနိုင်တဲ့ အန္တရာယ်ရှိပြီး ရလာမယ့် အလုပ်နေရာတွေဟာလည်း အချို့ဟာ ယာယီသဘောအတွက်ပဲ ဖြစ်လိမ့်မယ်ဆိုပြီး ပြောဆိုပါတယ်။

XS
SM
MD
LG