သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကွန်ဂရက်အမတ် ကျင့်ဝတ်ချိုးဖောက်

ကွန်ဂရက်စ် လွှတ်တော်အမတ် ချားလ်စ် ရန်ဂဲလ်။
ကွန်ဂရက်စ် လွှတ်တော်အမတ် ချားလ်စ် ရန်ဂဲလ်။

အမေရိကန်စစ်ပြန် ဥပဒေပြု လွှတ်တော်အမတ် တယောက်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ကြောင်း သတင်းတွေအရ သိရှိရပါတယ်။

နယူးယောက်ခ်ပြည်နယ် ကွန်ဂရက်စ် လွှတ်တော်အမတ် ချားလ်စ် ရန်ဂဲလ် (Charles Rangel) ဟာ ဘဏ္ဏာရေးဆိုင်ရာကျင့်ဝတ် ဖောက်ဖျက်မှု အများဆုံး ပါဝင်ပတ်သက်တဲ့ အမှု ၁၁ ခု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို ဂုဏ်ပြု အမည်ပေးထားတဲ့ Public Policy ခေါ် ပြည်သူ့မူဝါဒဆိုင်ရာ ကောလိပ်စင်တာအတွက် အလွဲသုံးစား ရန်ပုံငွေ မတည်မှုနဲ့ သူပိုင်ဆိုင်တဲ့ အိမ်ရာကို ငှားရမ်းရရှိတဲ့ ဝင်ငွေကို ထိန်ချန်မှုတို့ ဒီကျင့်ဝတ်ဖောက်ဖျက်မှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် လွှတ်တော် ကျင့်ဝတ်ကော်မတီ အဖွဲ့ရဲ့ ကြားနာပွဲကို အသက် ၈၀ ရှိပြီဖြစ်တဲ့ ကိုယ်စားလှယ်က တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

သူ့မှာ ချေပဖို့ ရှေ့နေ မရှိဘူးလို့ ဖွင့်ဟကြေညာချက် အပြီးမှာ တနင်္လာနေ့ ကြားနာပွဲ ပထမပိုင်းအပြီး သူက ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာခင် ပြုလုပ်မယ့် ကျင့်ဝတ်ကော်မတီရဲ့ ကြားနာမှု အပြည့်အစုံကနေ တရားဝင်ပြစ်ဒဏ် ဒါမှမဟုတ် ငွေဒဏ်မျိုးတွေ ပါဝင်တဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး အဲဒီဆုံးဖြတ်ချက်ပေါ်မှာ အခြေခံပြီး လွှတ်တော်က အပြစ်ပေး အရေးယူတဲ့ ကိစ္စကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

This item is part of
XS
SM
MD
LG