သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ကျူးဘား သံ ပြန်ဆက်ရေး မအောင်မြင်သေး


ကျူးဘားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အလံ။
ကျူးဘားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အလံ။

အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံသံရုံးတွေပြန်ဖွင့်ဖို့နဲ့ နှစ် (၅၀)ကျော် ပြတ်တောက် ခဲ့တဲ့ သံတမန်ဆက်ဆံရေး အပြည့်အ၀ ပြန်ပြီး တည်ဆောက်ဖို့ သဘောတူညီချက် အကုန်လုံး အတွက် ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ နှစ်နိုင်ငံ အရာရှိတွေ ရဲ့ ဆွေးနွေးပွဲ ဟာ အောင်မြင်မှုမရခဲ့ပါဘူး။

နှစ်ဘက်ဆွေးနွေး ညှိုနှိုင်းမှုတွေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ အကောင်းမြင်နေ ဆဲပဲရှိပေမယ့် အချို့အခြေအနေတွေကိုတော့ နှစ်ဘက်လုံး က ပြန်ပြီး ရှင်းလင်းဖို့ လိုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိ Roberta Jacoboson ကပြောပါတယ်။

အမေရိကန်နဲ့ကျူးဘားအရာရှိတွေဖြစ်တဲ့ Jacoboson နဲ့ Joaefina Vidal တို့နှစ်ဦးလုံးပြောဆိုချက်အရဆိုရင် အခုဆွေးနွေးပွဲမှာ အဓိကထားတဲ့ အချက်ကတော့ သံရုံးတွေရဲ့ လုပ်ငန်းတာဝန်တွေပဲဖြစ်ပါတယ်။

သဘောတူညီမှုတခုလုံးကို ကြေညာခြင်းမရှိသေးတဲ့အချိန်မှာ စေ့စပ်ညှိုနှိုင်းသူတွေဟာ တိုးတက်မှုတွေရှိလာဖို့ ဆက်ပြီးဆောင်ရွက်နေတယ်လို့ Vidal ကပြောပါတယ်။

ဒီသတင်းပတ်ဆွေးနွေးပွဲတွေဟာ ဧပြီလက Panama မှာကျင်းပခဲ့တဲ့ အမေရိကားတိုက်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ ကျူးဘားသမ္မတ Raul Castro တို့နှစ်ဦးတွေ့ဆုံပြီးနောက် ပထမဆုံး အကြိမ်နှစ်နိုင်ငံအဆင့်မြင့်အရာရှိတွေ တွေ့ဆုံညှိုနှိုင်းနေတာဖြစ်ပါတယ်။

အဲဒီလိုသမ္မတနှစ်ဦးတွေ့ဆုံပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ကျူးဘားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုကို အားပေးတဲ့ နိုင်ငံတွေ စာရင်းထဲကနေ ပယ်ဖျက်ဖို့ သူ့အနေနဲ့ ရည်ရွယ် ထားကြောင်း သမ္မတအိုဘားမားကထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG