သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကြွေးမြီကိစ္စ အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မည်

အမေရိကန် ကြွေးမြီကိစ္စ အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မည်
အမေရိကန် ကြွေးမြီကိစ္စ အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မည်

အမေရိကန်အစိုးရ အသုံးစရိတ် လျှော့ချရေးနဲ့ ချေးယူနိုင်တဲ့ ငွေပမာဏ ကန့်သတ်ချက် တိုးမြှင့်ရေး ဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ဒီနေ့ အထက်လွှတ်တော်မှာ မကြာခင် မဲခွဲ ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အစိုးရက အများဆုံး ချေးယူနိုင်တဲ့ ကန့်သတ်ချက် ကုန်ဆုံးဖို့ ၁၂ နာရီ အလိုမှာ အထက်လွှတ်တော်က အခုလို ဥပဒေကြမ်းကို အတည်ပြုရေး မဲပေးကြမှာ ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။

ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီအကြား တဘက်နဲ့တဘက် အပေးအယူ အလျှော့အတင်းတွေနဲ့ ညှိနှိုင်းခဲ့ရတဲ့ ဒီဥပဒေကြမ်းကို မနေ့ တနင်္လာနေ့ညက အောက်လွှတ်တော်မှာ မဲခွဲခဲ့ကြရာ ၂၆၅ မဲ၊ ၁၆၁ မဲနဲ့ အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အောက်လွှတ်တော်က ဒီဥပဒေကြမ်းကို အတည်ပြုပေးနိုင်ခဲ့တာဟာ နှစ်ဘက် ညှိနှိုင်းမှုတွေအတွက် အကြီးအကျယ် အစမ်းသပ်ခံလိုက်တာပဲ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က ဒီနေ့ အတည်ပြုပေးနိုင်ခဲ့မယ်ဆိုရင် သမ္မတ အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းဖို့ပဲ ရှိပါတော့တယ်။

ဒီဥပဒေကြမ်းအရ ၂၀၁၂ ခုနှစ်အထိ အစိုးရက ဆက်လက် ငွေချေးနိုင်ပြီး လာမယ့် ၁၀ နှစ်အတွင်း အသုံးစရိတ် ၁ ထရီလီယံဒေါ်လာ နီးပါးကို လျှော့ချဖို့ ဖြစ်ပါတယ်။ နောက်ထပ် အသုံးစရိတ် ၁.၅ ထရီလီယံဒေါ်လာ လျှော့ချနိုင်ရေး နည်းလမ်းတွေ ရှာဖွေကြဖို့အတွက် ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ဘတ်ဂျက်ကော်မတီ ဖွဲ့စည်းရေးကိုလည်း အဲဒီ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG