သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ်များ ပထမဆုံး အကြိမ် စကားစစ်ထိုးပွဲ

Democratic party ကို ထောက်ခံသူများ။
Democratic party ကို ထောက်ခံသူများ။

အမေရိကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ကြမယ့် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်တွေရဲ့ စကားစစ်ထိုးပွဲတွေကို နှစ် ကြိမ်တိုင်တိုင် တွေ့မြင်ခဲ့ကြ ရပြီးနောက်၊ ၂၀၁၆ သမ္မတနေရာအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကိုတော့ ဒီကနေ့ အင်္ဂါနေ့ Las Vegas မှာ တွေ့မြင်ကြရမှာပါ။

စကားစစ်ထိုးပွဲမှာ ပါဝင်ကြမယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ၅ ယောက် အနက် အလယ်မှာရပ်ပြီး ဆွေးနွေးသွားမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hilary Clinton ဟာလည်း ကိုယ်စားလှယ်လောင်းတွေထဲက ထိပ်ဆုံးနေရာမှာ ရှိနေတဲ့အတွက် အဓိက အာရုံစိုက် ဆွေးနွေးခံရမယ့်သူ ဖြစ် လာမယ့် အလားအလာတွေ ရှိနေပါတယ်။

မကြာသေးခင်က လူထုစစ်တမ်းတွေမှာတော့ ဝန်ကြီးဟောင်း ကလင်တန်ဟာ ထောက်ခံမှု ၄၀ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပြီး၊ အဓိကပြိုင်ဖက်ဖြစ်တဲ့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ ထောက်ခံမှု ၂၅ ရာခိုင်နှုန်း ရရှိထားပါတယ်။

ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကြား ပြိုင်ဆိုင်မှုတွေနဲ့စာရင် ဒီမိုကရက်တွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေမှာတော့ တယောက်အကြောင်းတယောက် ပြောကြတာမျိုး သိပ်မတွေ့ရသလို၊ ဒီကနေ့ စကားစစ်ထိုးပွဲမှာလည်း သူတို့ရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ခဲ့တာတွေကိုပဲ နှိုင်းယှဉ်ပြောဆိုကြမှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်ဖက်တွေ ကြားမှာလည်း ကွာဟချက်တွေ ရှိနေကြတာပါ။ ဝန်ကြီးဟောင်း ကလင်တန်နဲ့ အဓိကပြိုင်ဖက် အထက်လွှတ်တော်အမတ် Sanders တို့နဲ့အတူ စကားစစ်ထိုးကြမယ့် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Martin O’Malley ဗာဂျီနီးယား အထက်လွှတ်တော် အမတ်ဟောင်း Jim Webb နဲ့ Rhode Island အထက်လွှတ်တော်အမတ် Lincoln Chafee တို့ကတော့ ထောက်ခံမှု ၁ ရာခိုင်နှုန်းလောက် ရဖို့ကိုတောင် ကြိုးစားနေကြရဆဲ ဖြစ်တယ်လို့ မကြာသေးခင်က လူထုစစ်တမ်းတွေမှာ ဖော်ပြကြပါတယ်။

This item is part of
XS
SM
MD
LG