သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့ကမ်းရိုးတန်း နှင်းမုန်တိုင်းကြမ်း


အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း ကျရာက်နေပြီး နေရာအတော်များများ မှာ နှင်းထုကြီးတွေ ကျရောက်ထားသလို လေပြင်းလဲတိုက်ခတ်နေပါတယ်။

နယူးယောက်မြို့မှာ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားပြီး ဆိုးရွားတဲ့ နှင်းမုန်တိုင်းကျရောက်သလို အခြေအနေမျိုး ရှိနေတာကြောင့် ဖြစ်နိုင်ရင် ဒေသခံတွေ အိမ်ထဲမှာနေကြဖို့ မြို့တော်ဝန် Bill de Blasio က နှိုးဆော်ထားပါတယ်။

နယူးယောက်မြို့ရဲ့ တချို့နေရာတွေမှာ နှင်းထု ၈ လက္မနီးပါး ကျထားပြီးပါပြီ။ မြို့ရဲ့ အဓိကလေဆိပ်တွေမှာ လေယာဉ်အဝင် အထွက်တွေကို ဆိုင်းငံ့ထားပြီးဖြစ်သလို နယူးယောက်နဲ့ကပ်လျက် နယူးဂျာစီပြည်နယ်က Newark လေဆိပ်မှာတော့ နှောင့်နှေး တာတွေရှိနေပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ အဆင်မပြေဖြစ်သွားပါတယ်။

ဖလော်ရီဒါပြည်နယ်ကနေ မြောက်ဘက်အစွန်ဆုံး မိန်းပြည်နယ်အထိ မုန်တိုင်းရိုက်ခတ်တဲ့ဒဏ်ကို ခံနေကြရပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်မှာ နှင်းတောထဲ ကား လမ်းချော်သွားတာကြောင့် လူနှစ်ယောက် သေဆုံးပါတယ်။ မက်ဆာချူး ဆက်ပြည်နယ် အရှေ့ပိုင်းနဲ့ Rhode Island ပြည်နယ်တွေမှာလဲ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားကြရပါတယ်။ တချို့အချိန် တွေမှာ တနာရီကို ၃ လက်မနီးပါး နှင်းကျတာကြောင့် နေရာတချို့မှာ နှင်းထု ၁၇ လက္မကျော်ထိ ရောက်သွားနိုင်ပါတယ်။

အမေရိကန်နဲ့အိမ်နီးချင်း ကနေဒါနိုင်ငံမှာလဲ နှင်းမုန်တိုင်းရိုက်ခတ်တဲ့ဒဏ်ကို ခံနေကြရပါတယ်။ စံချိန်တင်လောက်အောင် အပူ ချိန် ကျသွားတာကြောင့် အမေရိကန်နဲ့ကနေဒါ နှစ်နိုင်ငံကြားက နာမည်ကျော် နိုင်ရာဂရာရေတံခွန်ကြီးမှာ တစိတ်တပိုင်း ရေခဲနေ ပါတယ်။

ဗုဒ္ဓဟူးနေ့ကစတဲ့ နှင်းမုန်တိုင်းနဲ့ ဆိုးရွားတဲ့အခြေအနေတွေဟာ အနည်းဆုံး သောကြာနေ့မနက်ပိုင်းထိတော့ ဆက်ရှိနေ မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG