သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့ခြမ်းဝင်လာမယ့် ဆောင်းမုန်တိုင်း


အင်အားပြင်းနှင်းမုန်တိုင်း။ (ဇန်နဝါရ-၂၀၁၈)
အင်အားပြင်းနှင်းမုန်တိုင်း။ (ဇန်နဝါရ-၂၀၁၈)

အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့ အင်အားပြင်း ဆောင်းရာသီမုန်တိုင်း ဝင်ရောက်လာမယ့် အမေရိကန် အရှေ့ဖက်ခြမ်းမှာ လူပေါင်းသန်း ၄၀ လောက် ကြိုတင်ပြင်ဆင်နေကြရပါတယ်။ Massachusetts ပြည်နယ် Boston မြို့မှာ စင်တီမီတာ ၂၀ ကျော် နှင်းကျမယ်လို့ ခန့်မှန်းထားပြီး၊ ဟာရီကိန်း မုန်တိုင်းလို အရှိန်ပြင်းတဲ့ လေပြင်းတွေဟာ New England ကမ်းရိုးတမ်းကနေ ကနေဒါ နိုင်ငံဘက်အထိ ဖြတ်သန်း တိုက်ခတ်လိမ့်မယ်လို့လည်း ခန့်မှန်းထားတာပါ။

Virginia ကနေ Maine ပြည်နယ်အထိ ကမ်းရိုးတန်းဒေသ တလျှောက်က မြို့တွေမှာလည်း မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဝါရှင်တန်ဒီစီ အပါအအဝင် ဆီးနှင်းနဲ့ အအေးဒဏ်သင့်မယ့် ဒေသတွေက အစိုးရရုံးတွေလည်း ဒီကနေ့ နောက်ကျဖွင့်ဖို့ ကြေညာထားသလို၊ ကျောင်းတွေ တော်တော်များများလည်း ပိတ်ထားရပါတယ်။ ၂၄ နာရီအတွင်း လေဖိအား ရုတ်တရက် ကျဆင်းပြီး လေပြင်းတွေ တိုက်ခိုက်နိုင်တာကြောင့် မိုးလေဝသ ကျွမ်းကျင်သူတွေက အင်အားပြင်းတဲ့ ဗုံးတလုံးလို မုန်တိုင်းကို တင်စားပြောဆိုနေကြတာပါ။

အင်အားပြင်း မုန်တိုင်းကြောင့် ဆောင်းရာသီ အအေးဒဏ် မကြုံဘူးတဲ့ အမေရိကန် အရှေ့တောင်ဘက် ဒေသတွေမှာပါ ဆီးနှင်းကျဆင်းတာတွေ ကြုံခဲ့ရပါတယ်။ Florida ပြည်နယ် Tallahassee မြို့မှာလည်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မနေ့တုန်းက နှင်းကျခဲ့တာပါ။ Georgia နဲ့ တောင်၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာလည်း အအေးဒဏ်ကြောင့် အဝေးပြေးလမ်းတွေမှာ ရေခဲတွေ ဖုံးလွှမ်းတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

Minnesota ပြည်နယ်မှာ မနေ့တုန်းက ရေခဲမှတ်အောက် ၁၉ ဒီဂရီ Celsius အထိ ကျဆင်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု နေရာတော်တော်များများမှာ ဒီသီတင်းပတ် နှောင်းပိုင်းမှာလည်း အန္တရာယ်ရှိလောက်တဲ့ အအေးဒဏ်ကို ခံစားရလိမ့်မယ်လို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG