သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်တွင်း ဒီမိုကရက် လွှမ်းမိုးမှု စိန်ခေါ်ခံရပြီ


လွှတ်တော်တွင်း ဒီမိုကရက် လွှမ်းမိုးမှု စိန်ခေါ်ခံရပြီ
လွှတ်တော်တွင်း ဒီမိုကရက် လွှမ်းမိုးမှု စိန်ခေါ်ခံရပြီ

အမေရိကန်နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲကို ဒီနေ့ အင်္ဂါနေ့မှာ ကျင်းပတာမို့ ပြည်နယ် အများအပြားမှာ မဲပေးနေကြပြီ ဖြစ်ပါတယ်။ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ဥပဒေပြု ပြဋ္ဌာန်းမှု ဆိုင်ရာတွေဟာ ဒီရွေးကောက်ပွဲ ရလဒ်ကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံတဝန်း မဲပေးသူတွေဟာ အစိုးရကျောင်းတွေ၊ လူထုစုဝေးရာ ခန်းမကြီးတွေမှာ မဲပေးဖို့အတွက် တန်းစီနေကြပါတယ်။ အများပြည်သူ ရုံးပိတ်ရက်မဟုတ်တဲ့ အင်္ဂါနေ့မှာပဲ မဲပေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။

မကြာခင်ကမှ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ရီပတ်ဘလီကန် ပါတီက အများစု အမတ်ရပြီး ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အမတ်နေရာ ၃၉ နေရာကို ရီပတ်ဘလီကန်တွေ ရနိုင်ခြေရှိကြောင်း ပြသနေပါတယ်။

အကဲခတ် စောင့်ကြည့်သူ အများအပြားကတော့ ရီပတ်ဘလီကန် ပါတီဝင်တွေဟာ အမတ်နေရာ ၅၀၊ ဒါမှမဟုတ် ဒီ့ထက်ပိုပြီး ရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အထက်လွှတ်တော်မှာလည်း အမတ်နေရာ အများအပြားကို ရီပတ်ဘလီကန်တွေက ရနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ အများစုအမတ် ရဖို့တော့ လိုနေနိုင်ပါတယ်။

နီဗားဒါးပြည်နယ် အမတ်ဖြစ်တဲ့ အထက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် ဟယ်ရီ ရိဒ် အပါအဝင် ဝါရင့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အတော်များများဟာ ဝင်ငွေအခွန် လျှော့ပေါ့ရေးနဲ့ အစိုးရ အသုံးစရိတ် ဖြတ်တောက်ဖို့အတွက် လှုံ့ဆော်နေတဲ့ တီးပါတီက ရီပတ်ဘလီကန် ပါတီကို ထောက်ခံမှုကြောင့် အကြီးအကျယ် စိန်ခေါ်မှုကို ခံနေကြရပါတယ်။

သြဇာကြီးမား၊ ထင်ရှားတဲ့ ရီပတ်ဘလီကန် ပါတီဝင်တွေထဲက ဘယ်သူပဲနိုင်နိုင် လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားအတွက် သူ့ရဲ့ ကနဦး အစပျိုး ဆောင်ရွက်မှုတွေကို ထောက်ခံမှု ရဖို့အတွက် ပိုပြီး အခက်အခဲတွေ တွေ့လာစေမှာ ဖြစ်ပါတယ်။

XS
SM
MD
LG