သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်မဲဆန္ဒရှင် ၄၉ သန်း ကြိုတင်မဲပေးခဲ့ 


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝစ္စကွန်ဆင်ပြည်နည်၊ Milwaukee မြို့က ကြိုတင်မဲများ။ (အောက်တိုဘာ ၂၃၊ ၂၀၂၄)
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝစ္စကွန်ဆင်ပြည်နည်၊ Milwaukee မြို့က ကြိုတင်မဲများ။ (အောက်တိုဘာ ၂၃၊ ၂၀၂၄)

အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလတွေအတွင်း သမ္မတကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြတဲ့ လက်ရှိ ဒုသမ္မတ ကင်မလာ ဟဲရစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ကိုယ်စားလှယ်လောင်း ထရမ့်တို့ဟာ တယောက်ကိုတယောက် တိုင်းပြည်ကိုဦးဆောင်ဖို့ မသင့်ကြောင်း ပြောဆိုစည်းရုံးနေကြစဥ်မှာ မဲဆန္ဒရှင် ၄၉ သန်းကတော့ ကြိုတင်မဲ ပေးပြီးသွားခဲ့ပါပြီ။

၂၀၂၀ ခုနှစ်တုန်းက မဲပေးသူ ၁၅၅ သန်းရှိခဲ့တာမို့ သုံးပုံတပုံနီးနီး က မဲပေးပြီးခဲ့တာပါ။ ယခင် ၂၀၀၁ က ၂၀၀၉ အထိသမ္မတတာဝန်ယူခဲ့သူ ရီပတ်ဘလီကန် သမ္မတဟောင်း ဂျော့်ချ် ဒဘလျူ ဘုရှ်ရဲ့ သမီး Barbara Pierce Bush က ဒုတိယသမ္မတဟဲရစ်ကို အင်္ဂါနေ့က ထောက်ခံလိုက်ပါတယ်။ အဲဒီတုန်းက ဒုတိယသမ္မတ ဒစ်ချေနီရဲ့ သမီး ရီပတ်ဘလီကန်လွှတ်တော် အမတ်ဟောင်း Liz Cheney ကလည်း ဟဲရစ်ကို ထောက်ခံထားတာပါ။

နောက်ဆုံး လူထုစစ်တမ်းတွေအရ ဘယ်ပါတီကို ယိမ်းတယ်လို့ တိတိကျကျ မပြောနိုင်တဲ့ အဓိက ပြည်နယ်တွေမှာ နှစ်ယောက်စလုံး ထောက်ခံမှုက တူသလောက်နီးနီး ဖြစ်နေကြတာမို့ အဲဒီ ခုနစ်ပြည်နယ်က ထောင်ဂဏန်းမဲတွေကအဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။

နယူးယောက်မြို့ မဲဆွယ် စည်းရုံးရေးခရီးစဥ်မှာ သမ္မတထရမ့်နဲ့အတူ မဲဆွယ်ပေးသူတဦးက Puerto Rican ကျွန်းကို နောက်ပြောင်နှိမ့်ချပြောဆိုခဲ့တဲ့အတွက် အဓိက ပြည်နယ်တွေမှာ နေထိုင်နေကြတဲ့ Puerto Rican နဲ့ လက်တင်အမေရိကမျိုးဆက်မဲဆန္ဒရှင်တွေက အဆုံးအဖြတ်ဖြစ်နိုင်တယ်လို့လည်း ထင်မြင်သူတွေ ရှိလာနေကြပါတယ်။

ကန်မဲဆန္ဒရှင် ၄၉ သန်း ကြိုတင်မဲပေးခဲ့ 
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG