သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ သမ္မတလောင်းအဖြစ် Trump ကို ရီပတ်ပလင်ကန်ပါတီတရားဝင်ရွေးချယ်


ရီပတ်ဘလီကင်ပါတီသမ္မတလောင်းအဖြစ် ပါတီက ထပ်မံရွေးချယ်လိုက်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) နဲ့ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် JD Vance (ဝဲ)
ရီပတ်ဘလီကင်ပါတီသမ္မတလောင်းအဖြစ် ပါတီက ထပ်မံရွေးချယ်လိုက်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) နဲ့ ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် JD Vance (ဝဲ)

၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီရဲ့သမ္မတလောင်းအဖြစ် Donald Trump ကို ပါတီညီလာခံကရွေးချယ်လိုက်ပါတယ်။

Milwaukee မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီညီလာခံမှာပဲ သူနဲ့အတူယှဥ်ပြိုင်မယ့်​ ဒုသမ္မတလောင်းအဖြစ် အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် JD Vance ကိုရွေးချယ်လိုက်ပါတယ်။ Hillbilly Elegy ဆိုတဲ့အရောင်းရဆုံး စာအုပ်ရေးသားထုတ်ဝေမှုကြောင့် နိုင်ငံတဝန်းထင်ရှားလာတဲ့ အသက် ၃၉ နှစ်အရွယ် Vance ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ Trump ကို ဆန့်ကျင်ကန့်ကွက်ခဲ့သူ တဦးလည်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သမ္မတတာဝန်ထမ်းဆောင်တဲ့အခါမှာတော့ Trump ရဲ့ ဆောင်ရွက်ချက်တွေကြောင့် သူ့ရဲ့အမြင်တွေပြောင်းလဲသွားခဲ့တယ်လို့ Vance ကပြောပါတယ်။ သူ့ရဲ့ပြောင်းလဲလာတဲ့အမြင်ကြောင့် ၂၀၂၂ ခုနှစ်က အထက်လွှတ်တော်အမတ်နေရာအတွက် ယှဥ်ပြိုင်တဲ့အခါမှာ Trump ရဲ့ ထောက်ခံမှုကိုရခဲ့တာဖြစ်ပါတယ်။ Vance ဟာခုတော့ Trump ရဲ့ သစ္စာခံတဦးဖြစ်ပြီး ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်တွေကိုရော Trump ရင်ဆိုင်နေရတဲ့ ရာဇဝတ်မှုစွဲချက်တွေရဲ့ တရားဝင်မှုအပေါ်မှာပါ မေးခွန်းထုတ်နေသူလည်းဖြစ်ပါတယ်။

၂၀၂၄ သမ္မတလောင်းအဖြစ် Trump ကို ရီပတ်ဘလီကန်ပါတီတရားဝင်ရွေးချယ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG