သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေအပေါ် အမေရိကန်စိုးရိမ်


 (FB-US embassy Rangoon)
(FB-US embassy Rangoon)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်နေတာမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က အရပ်သားတွေအတွက် များစွာ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။သက်ဆိုင်သူအားလုံးအနေနဲ့ တိုက်ပွဲတွေရပ်တန့်ပြီး ပဋိပက္ခချုပ်ငြိမ်းရေးကို ဦးတည်ပြီးတော့ ထပ်ပြီး ကြိုးပမ်းဆောင်ရွက်ကြပါလို့ လည်း တိုက်တွန်းထားပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူ ၁၇,၀၀၀ ကျော်အတွက် လိုအပ်တဲ့ လူသားစာနာမှုအကူအညီတွေ အပြည့်အဝ ပေးနိုင်ဖို့ အာဏာပိုင်တွေက ခွင့်မပြုတဲ့အပေါ် များစွာ ပူပန်နေရတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အိုးအိမ်စွန့်ထွက်ပြေးနေရသူတွေဆီ အကူအညီတချို့ ရောက်နိုင်ဖို့ အာဏာပိုင်တွေက ခွင့်ပြုထားတာကို အသိအမှတ်ပြုတဲ့ အကြောင်းပြောထားပြီး အကူအညီ လိုအပ်ချက်က သိပ်ကြီးမားနေတုန်းပဲရှိတယ်လို့လည်း ထောက်ပြထားပါတယ်။

လူသားစာနာမှုှုအကူအညီပေးအဖွဲ့တွေ ဝင်ရာက်ခွင့်ကို ကန့်သတ်ထားတဲ့အတွက် ရခိုင်ပြည်နယ်တွင်း ၅ မြို့နယ်က လူပေါင်း ၉၅,၀၀၀ ဟာ ဒီနှစ် ဇန်နဝါရီလကစပြီး ကျန်းမာရေး၊ ပညာရေးနဲ့ သန့်ရှင်းတဲ့ရေတို့ မရနိုင်တဲ့အကြောင်း၊ အိုးအိမ်စွန့်ထွက်ပြေးသူ ၁၀၀,၀၀ ကျော်ရှိနေတဲ့ ကချင်နဲ့ ရှမ်းမြောက်တို့မှာလည်း လူသားစာနာမှုအကူအညီတွေ ပေးနိုင်ရေး အမြဲလို အဟန့်အတား ဖြစ်နေတဲ့အကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို လူသားစာနာမှုအကူအညီပေး အဖွဲ့အစည်းတွေ ဝင်ရောက် ကူညီလုပ်ဆောင်ခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို ရန်ကုန်မြို့၊ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG