သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ၆ နိုင်ငံကို အမေရိကန် စစ်လက်နက်အကူ ကြိုတင်ပေး


နေတိုး မဟာမိတ်နိုင်ငံတွေအပေါ် ရုရှားနိုင်ငံနဲ့ တခြားအကြမ်းဖက် အဖွဲ့တွေရဲ့ ခြိမ်းချောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ဘော်လတစ်နိုင်ငံတွေ အပါအဝင် ဥရောပတိုက်အတွင်းက နိုင်ငံပေါင်း ၆ နိုင်ငံမှာ တင့်ကား အစီး ၂၅၀ နဲ့ တခြား လက်နက်ကြီးတွေကို အမေရိကန် ပြည်ထောင်စုက ကြိုတင် ချထားမှာ ဖြစ်ပါတယ်။

အဲဒီလို လက်နက်တွေ ချထားမယ့် အစီအစဉ်ကို ဘော်လတစ်နိုင်ငံတွေဖြစ်ကြတဲ့ Estonia, Lithuania နဲ့ Latvia အပါအဝင် Bulgaria, Romania နဲ့ Poland နိုင်ငံတို့က သဘောတူလိုက်ကြပြီး ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က Estonia နိုင်ငံမြို့တော် Tallinn မြို့မှာ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။

ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ရုရှားက မနှစ်က သိမ်းပိုက်လိုက်ပြီးတဲ့နောက်ပိုင်း နေတိုး မဟာမိတ် တပ်ဖွဲ့အနေနဲ့ စစ်ရေး လေ့ကျင့်မှုတွေနဲ့ တပ်ဖွဲ့ဝင်တွေ ပြောင်းရွေ့ နေရာချထားတဲ့ အစီအစဉ်တွေ တိုးမြင့် လုပ်ဆောင်ဖို့နဲ့ အရေးပေါ် အခြေအနေနဲ့ ကြုံလာရင် ထုတ်သုံးလို့ရနိုင်မယ့် စစ်လက်နက်တွေ သိုလှောင်ထားရေးတို့အတွက် နေတိုး ခေါင်းဆောင်တွေက သဘောထားကြပါတယ်။

ကြိုတင် ချထားမယ့် အဲဒီ စစ်လက်နက် ပစ္စည်းတွေ ဘယ်နေရာမှာ ထားမယ်ဆိုတာကို အတိအကျ မပြောပေမယ့် အဲဒါတွေဟာ မရွေ့ မပြောင်းနိုင်တဲ့ အနေအထားမျိုး မဟုတ်သလို၊ ပိုမို ကောင်းမွန်တဲ့ သင်တန်းပို့ချရေးကို လုပ်ဆောင်နိုင်မှာဖြစ်သလို ဥရောပတိုက်အတွင်း တပ်ဖွဲ့တွေ ရွှေ့ပြောင်းရေးအတွက် လွယ်ကူစေမယ်လို့ ဝန်ကြီး ကာတာက ပြောပါတယ်။

XS
SM
MD
LG