တ႐ုတ္နည္းပညာနဲ႔ ဆက္သြယ္ေရးကုမၸဏီႀကီးေတြ ျဖစ္ၾကတဲ့ Huawei နဲ႔ ZTE က ထုတ္တဲ့ ဆက္သြယ္ေရးပစၥည္းေတြ အပါအဝင္ အမ်ိဳးသားလုံၿခဳံေရးကို သိသိသာသာ ၿခိမ္းေျခာက္ေနတယ္လို႔ ယူဆရတဲ့ တ႐ုတ္ႏိုင္ငံထုတ္ ဆက္သြယ္ေရး ပစၥည္းကိရိယာေတြကို အေမရိကန္ျပည္ေထာင္စုထဲ တင္သြင္းခြင့္ ပိတ္ပင္လိုက္တဲ့အေၾကာင္း အေမရိကန္အစိုးရ တာဝန္ရွိသူေတြက မေန႔ေသာၾကာေန႔က ေၾကညာပါတယ္။
Huawei နဲ႔ ZTE ကုမၸဏီေတြကို အမ်ိဳးသားလုံၿခံဳေရးအတြက္ ၿခိမ္းေျခာက္မႈ ရွိေနတဲ့ ကုမၸဏီစာရင္းမွာ ဖက္ဒရယ္အစိုးရ ဆက္သြယ္ေရး ေကာ္မရွင္ FCC က အေစာပိုင္းကတည္းက ထည့္သြင္းထားတာပါ။ အခုေနာက္ဆုံးကေတာ့ ဒီကုမၸဏီေတြက ဆက္သြယ္ေရး ပစၥည္းကိရိယာအားလုံးကို တင္သြင္းခြင့္ အၿပီးပိတ္လိုက္တာျဖစ္ပါတယ္။
အေမရိကန္ရဲ႕ ဆက္သြယ္ေရး ကြန္ရက္ေတြမွာ တ႐ုတ္နည္းပညာ ကုမၸဏီေတြ ပါဝင္လို႔မရေအာင္ အေမရိကန္က ကန႔္သတ္ခ်က္ေတြ ဆက္တိုက္ ခ်မွတ္လာေနတာျဖစ္ၿပီး ကမာၻ႔စီးပြားေရး အင္အားႀကီး ႏွစ္ႏိုင္ငံအၾကား အခ်ိန္အေတာ္ၾကာ တင္းမာမႈေတြ ဆက္ရွိေနခ်ိန္မွာ အခုလို ထပ္တိုး ကန႔္သတ္လိုက္တာလည္း ျဖစ္ပါတယ္။
တ႐ုတ္ ဆက္သြယ္ေရးနဲ႔ နည္းပညာကုမၸဏီႀကီးေတြနဲ႔ ပတ္သက္တဲ့ သတိေပးခ်က္ေတြကို အေမရိကန္အစိုးရ အရာရွိေတြက ၿပီးခဲ့တဲ့ ႏွစ္ပိုင္းေတြကတည္းက စၿပီး သတိေပးလာခဲ့တာပါ။ ယုံၾကည္စိတ္ခ်ရမႈ မရွိတဲ့ ဆက္သြယ္ေရး ပစၥည္းကိရိယာေတြကို အေမရိကန္ နယ္နိမိတ္အတြင္း အသုံးျပဳခြင့္ ပိတ္ပင္ၿပီး အမ်ိဳးသားလုံၿခံဳေရးကို အခိုင္အမာ ကာကြယ္ေပးသြားမွာ ျဖစ္တယ္လို႔ ဖက္ဒရယ္အစိုးရ ဆက္သြယ္ေရးေကာ္မရွင္ FCC ဥကၠ႒ Jessica Rosenworcel က ေၾကညာခ်က္ထဲမွာ ေျပာဆိုပါတယ္။
=== Unicode =====
တရုတ်နည်းပညာနဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Huawei နဲ့ ZTE က ထုတ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ အပါအဝင် အမျိုးသားလုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်နေတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေကို အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းခွင့် ပိတ်ပင်လိုက်တဲ့အကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက မနေ့သောကြာနေ့က ကြေညာပါတယ်။
Huawei နဲ့ ZTE ကုမ္ပဏီတွေကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ရှိနေတဲ့ ကုမ္ပဏီစာရင်းမှာ ဖက်ဒရယ်အစိုးရ ဆက်သွယ်ရေး ကော်မရှင် FCC က အစောပိုင်းကတည်းက ထည့်သွင်းထားတာပါ။ အခုနောက်ဆုံးကတော့ ဒီကုမ္ပဏီတွေက ဆက်သွယ်ရေး ပစ္စည်းကိရိယာအားလုံးကို တင်သွင်းခွင့် အပြီးပိတ်လိုက်တာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေမှာ တရုတ်နည်းပညာ ကုမ္ပဏီတွေ ပါဝင်လို့မရအောင် အမေရိကန်က ကန့်သတ်ချက်တွေ ဆက်တိုက် ချမှတ်လာနေတာဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား အချိန်အတော်ကြာ တင်းမာမှုတွေ ဆက်ရှိနေချိန်မှာ အခုလို ထပ်တိုး ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။
တရုတ် ဆက်သွယ်ရေးနဲ့ နည်းပညာကုမ္ပဏီကြီးတွေနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို အမေရိကန်အစိုးရ အရာရှိတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတည်းက စပြီး သတိပေးလာခဲ့တာပါ။ ယုံကြည်စိတ်ချရမှု မရှိတဲ့ ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေကို အမေရိကန် နယ်နိမိတ်အတွင်း အသုံးပြုခွင့် ပိတ်ပင်ပြီး အမျိုးသားလုံခြုံရေးကို အခိုင်အမာ ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ ဖက်ဒရယ်အစိုးရ ဆက်သွယ်ရေးကော်မရှင် FCC ဥက္ကဋ္ဌ Jessica Rosenworcel က ကြေညာချက်ထဲမှာ ပြောဆိုပါတယ်။