သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရဘတ်ဂျက် ပြေလည်ဖို့ လက္ခဏာမတွေ့ရသေး


သမ္မတအိမ်ဖြူတော်နားက ဝန်ထမ်းသက်သာဆိုင်မှာ နေ့လည်စာ ဆဲန်းဒွစ်ချ်ဝယ်စားနေကြတဲ့ အမေရိကန်သမ္မတနဲ့ ဒုသမ္မတ နှစ်ဦး။ (အောက်တိုဘာ ၄၊ ၂၀၁၃)
သမ္မတအိမ်ဖြူတော်နားက ဝန်ထမ်းသက်သာဆိုင်မှာ နေ့လည်စာ ဆဲန်းဒွစ်ချ်ဝယ်စားနေကြတဲ့ အမေရိကန်သမ္မတနဲ့ ဒုသမ္မတ နှစ်ဦး။ (အောက်တိုဘာ ၄၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုအစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်ဆိုင်းထားရပြီး သောင်မတင်ရေမကျ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေဟာ အဆုံးသတ်မယ့်လက္ခဏာ မတွေ့ရသေးပါဘူး။

သမ္မတအိုဘားမားနဲ့ အတိုက်အခံ Republican တွေကြား အသုံးစရိတ်ပြဿနာ ဘဝင်မကျ ဖြစ်နေကြတာကြောင့် ပြည်ထောင်စု အစိုးရဝန်ထမ်းအင်အား သုံးပုံတပုံခန့် လူဦးရေအားဖြင့် ၈ သိန်းကျော်ဟာ အလုပ်ခွင်မလာရဘဲ နားနေကြရပါတယ်။ အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေ အတော်များများလည်း ဆိုင်းငံ့ထားရပါတယ်။

အလုပ်ခွင်မလာကြရတဲ့၊ ရုံးမတက်ရတဲ့ ဝန်ထမ်းတွေကို သက်သာတဲ့ဈေးနဲ့ ရောင်းပေးနေတဲ့ ဝါရှင်တန်ဒီစီက Sandwich စားသောက်ဆိုင်တဆိုင်ကို သမ္မတအိုဘားမားနဲ့ ဒုသမ္မတဂျိုးဘိုင်ဒင်တို့ သွားရောက်ပြီး အလုပ်မတက်ရတဲ့ ဝန်ထမ်းတွေနဲ့အတူ အားပေးခဲ့ကြပါတယ်။ အစိုးရရုံးတွေ အားလုံးပြန်ဖွင့်နိုင်အောင်၊ လုပ်ငန်းတွေလည်ပတ်နိုင်အောင် Republican တွေထိန်းချုပ်တဲ့ အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ John Boehner အနေနဲ့ မပြီးပြတ်နိုင်တဲ့ အသုံးစရိတ်အရေး ချွင်းချက်မပါဘဲ မဲခွဲကြပါရန် သမ္မတအိုဘားမားက အဲဒီစားသောက်ဆိုင်ကနေပဲ တိုက်တွန်းလိုက်ပါတယ်။

ခုချိန်ထိတော့ Republican တွေက သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ပြင်ဆင်မှသာ ဒါမှမဟုတ် အကြုံးဝင်မယ့်ရက်ကို ရွှေ့ဆိုင်းမှသာ အသုံးစရိတ်ဘတ်ဂျက်ကို အတည်ပြုနိုင်မယ်လို့ တင်းခံနေကြတာဖြစ်ပါတယ်။

သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကတော့ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အကြုံးဝင် သက်ရောက်မှုရှိနေပါပြီ။
XS
SM
MD
LG