သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘဏ္ဍာရေး အကြပ်အတည်း ညှိုနှိုင်းမှု အလားအလာကောင်း


သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney (အောက်တိုဘာ ၁၀၊ ၂၀၁၃)
သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney (အောက်တိုဘာ ၁၀၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးတွေမပျက်မကွက် ပေးဆပ်နိုင်ရေးအတွက် ရန်ပုံငွေ ကန့်သတ်ထားတာထက် တိုးပြီးသတ်မှတ်ရေး အလားအလာရှိတဲ့ လှုပ်ရှားမှုတွေ ကြာသပတေးနေ့က တွေ့ခဲ့ရပါတယ်။ အောက်လွှတ်တော် Republican အမတ်တွေက ရန်ပုံငွေ ကန့်သတ်ချက်ကို သီတင်း ၆ ပတ် စာ တိုးပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီကမ်းလှမ်းချက် အသေးစိတ်မှာ ဘယ်အချက်တွေ ပါဝင်သလဲ ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။

သမ္မတအိုဘားမားကတော့ ဒီကမ်းလှမ်းချက်ကြောင့် အားတက်တယ်လို့ ဆိုတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကပြောပါတယ်။ အောက် လွှတ်တော်မှာ ခေါင်းအေးအေး ထားတဲ့သူတွေက အနိုင်ရသွားပုံရတယ်လို့လည်း ဆိုပါတယ်။ ရန်ပုံငွေကန့်သတ်ချက်ကို ရေတို တိုးပေမယ့် Republican တွေရဲ့ ကမ်းလှမ်းချက်တွေကို သမ္မတ အနေနဲ့ သဘောတူဖို့အလားအလာများပေမဲ့ ဘာခြွင်းချက်မှ ပူးတွဲ မထားမှသာ လက်ခံမှာဖြစ်တယ်လို့ Jay Carney ကပြောပါတယ်။

သမ္မတ အိုဘားမားနဲ့ ရီပတ်ပလင်ပါတီခေါင်းဆောင်တွေဟာ အိမ်ဖြူတော်မှာ ကြာသပတေးနေ့ ညနေခင်းက တွေ့ဆုံခဲ့ပေမဲ့ အစည်းအဝေးပွဲအပြီးမှာ ရီပတ်ပလင်ဘက်ကရော ဒီမိုကရက်တွေဘက်ကပါ
တစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူး။

အိမ်ဖြူတော်ကတော့ ဒီဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက် မချနိုင်သေးပေမဲ့လို့ သမ္မတအနေနဲ့ ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ တိုးတက်မှုရှိအောင် ဆက်ပြီးဆွေးနွေးသွားမယ်လို့ပြောပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ရုံးက သမ္မတနဲ့ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ အကြောင်း ဒီဝါရှင်တန်ည ဒီအချိန်မှာ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ လူများစုခေါင်းဆောင် Harry Ried ကတော့ Republican တွေရဲ့ ကမ်းလှမ်း ချက်ထဲမှာ လေနဲ့အတူ ဘာတွေပါ လာမလဲ ဆိုတာ စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ အစိုးရ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မှသာ Republican တွေ နဲ့ စေ့စပ်ဆွေးနွေးနိုင်မယ်လို့လည်း Harry Ried ကပြောပါတယ်။ အစိုးရလုပ်ငန်း အများစု ရပ်ဆိုင်းထားရတာ ဒီနေ့ ၁၂ ရက်မြောက်ခဲ့ပြီး တနိုင်ငံလုံး ဂယက်ရိုက်နေပါတယ်။

ရန်ပုံငွေ ကန့်သတ်ချက်တိုးပေမယ့် အလားအလာကြောင့် ကြာသပတေးနေ့ အမေရိကန် အစုရှယ်ယာဈေး ၂% ကျော် ထိုးတက်ခဲ့ပါတယ်။
XS
SM
MD
LG