သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက်ပါတဲ့ ကန်အစိုးရအသုံးစရိတ် လွှတ်တော်အတည်ပြု

အမေရိကန်လွှတ်တော် အဆောက်အဦး
အမေရိကန်လွှတ်တော် အဆောက်အဦး

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို လွှတ်တော်မှာ အတည်ပြုလိုက်နိုင်ပြီမို့ မကြာခင် သမ္မတ Joe Biden လက်မှတ်ထိုး ပြဌာန်မယ်လို့ မျှော်လင့်ရပါတယ်။

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ လနဲ့ချီ အပြန်ပြန်အလှန်လှန် အခြေအတင်ဆွေးနွေး ပြင်ဆင်ခဲ့ပြီးနောက် စနေနေ့ အစောပိုင်းမှာ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၁.၂ ထြီလျံ သုံးစွဲမယ့် အမေရိကန်အစိုးရအသုံးစရိတ်ထဲမှာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးရေး အကူအညီပေးဖို့ လျာထားတဲ့ ဘတ်ဂျက်လည်း ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၂၁ သန်းပေးဖို့ လျာထားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အတည်ပြုထားတဲ့ Burma Act ဥပဒေအရ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ စစ်ပွဲပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ အစိုးရက ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်ကို လွှတ်တော်မှာ အတည်ပြုခဲ့နိုင်ပြီမို့ ဘဏ္ဍာနှစ် မကုန်ဆုံးချိန်အထိ အစိုးလုပ်ငန်းတွေ ဆက်လက် လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။ နောက်ဆုံးအတည်ပြုလိုက်တဲ့ ၂၀၂၄ အသုံးစရိတ်ထဲမှာ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်အတွက် စစ်ရေးအထောက်အပံ့ပေးမယ့် အကူအညီတွေတော့ မပါဝင်ပါဘူး။

This item is part of

Forum

XS
SM
MD
LG