သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရယန္တရား ပြန်ဖွင့်ရေး ဆွေးနွေးမှု အဆင်မပြေသေး


အမေရိကန်အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားတာ တနင်္ဂနွေ မနေ့ကထိ ၁၆ရက် ကြာလာပြီဖြစ်ပေမယ့် သမ္မတထရမ့်နဲ့ လွှတ်တော်ကြား ညှိနှိုင်းမှုတွေ အဆင်မပြေကြသေးပါဘူး။ ဒါဟာ အမေရိကန် အစိုးရယန္တရားတွေ ရပ်နားခဲ့တဲ့ သမိုင်းတလျှောက် ရက်ရှည်ကြာစွာ ရပ်နားတဲ့ဖြစ်ရပ်တွေ ထဲက တခုဖြစ်လာပါတယ်။

သမ္မတထရမ့်ဘက်ကလည်း အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တံတိုင်း ကာရံဖို့ သူတောင်းထားတဲ့ ဒေါ်လာ ၅ ဘီလျံကျော်ကိစ္စကိုလည်း အလျှော့ပေးမှာ မဟုတ်ဘူးလို့ မေရီလန်းပြည်နယ်ထဲက Camp David ကို မသွားခင် သတင်းထောက်တွေကို ပြောပါတယ်။

Camp David သမ္မတ အပန်းဖြေစခန်းမှာ သူ့ရဲ့အကြီးတန်း အရာရှိတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စအပါဝင် အခြားကိစ္စတွေကိုပါ ဆွေးနွေးမယ်လို့ သူ့တွစ်တာ အကောင့်ကမှာ မနေ့ကရေးပါတယ်။ နယ်စပ်လုံခြုံရေးအတွက် တံတိုင်းကာဖို့ ဒီမိုကရက်တွေဘက်ကသာ သဘောတူလိုက်မယ်ဆိုရင် အစိုးရလုပ်ငန်းတွေ ပြန်စနိုင်မှာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် အစိုးရလုပ်ငန်းရပ်ဆိုင်းမှုက ပိုကြာသွားနိုင်တယ်လို့လည်း သူကဆိုပါတယ်။

သမ္မတက တောင်းဆိုနေတဲ့ တံတိုင်းတည်ဆောက်ရေး ကုန်ကျငွေကိစ္စကို ရှောင်ရှားပြီး အစိုးရလုပ်ငန်းတွေ ပြန်စနိုင်မယ့် အခြားနည်းလမ်း ရှာဖွေဖို့ ဒုသမ္မတ Mike Pence အပါဝင် အိမ်ဖြူတော် အကြီးတန်းအရာရှိတွေနဲ့ လွှတ်တေ်ာထဲက အဓိကခေါင်းဆောင်တွေ တွေ့ဆုံမယ့် တနင်္ဂနွေ ဆွေးနွေးပွဲကနေ ရလဒ်ကောင်း တစုံတရာ ရရှိလိမ့်မယ်လို့တော့ သူမထင်ကြောင်းလည်း သမ္မတထရမ့်က ပြောပါတယ်။

တံတိုင်းကာရံရေး မပါပဲ - နယ်စပ်လုံခြုံရေးမှာ သုံးစွဲဖို့ ဒီမိုကရက်တွေဘက်က ဒေါ်လာ(၁.၃)ဘီလျံ ကမ်းလှမ်းခဲ့ပေမယ့် သမ္မတထရမ့်က ဒါကို လက်မခံပါဘူး။ နယ်စပ်တံတိုင်းကာတာဟာ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်ပြီး၊ တရားမဝင် ခိုးဝင်လာသူတွေကို တားဆီးရာမှာ ထိရောက်မှုမရှိဘူးလို့ ဒီမိုကရက်တွေဘက်က တုံ့ပြန်ပါတယ်။

လတ်တလောမှာ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားတဲ့အတွက် အစိုးရဝန်ထမ်း ၈ သိန်းလောက် အလုပ်ဆင်းခွင့်မရတာ၊ ဒါမှမဟုတ် အလုပ်ဆင်းပေမဲ့ လစာမရပဲ ဖြစ်နေသလို၊ အစိုးရ ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ အမျိုးသားပြတိုက် အပန်းဖြေဥယျာဉ်လို နေရာတွေလည်း ပိတ်ထားရပါတယ်။

ကန်အစိုးရယန္တရား ပြန်ဖွင့်ရေး ဆွေးနွေးမှု အဆင်မပြေသေး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG