သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး

ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး
ခိုးထားတဲ့ ဒေါ်လာ ၁ သန်းနဲ့ ကွန်ပြူတာ Hackers အုပ်စု အလှူပေး

Anonymous အမည်မသိသူများလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အုပ်စုတစ်ခုက ပရဟိတအဖွဲ့အစည်းတွေကို ဒေါ်လာ တစ်သန်း လှူဒါန်းဖို့အတွက် အွန်လိုင်းလုံခြုံရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုဆီကနေ အီးမေးလိပ်စာတွေနဲ့ အကြွေးဝယ်ကဒ်တွေရဲ့ သတင်းအချက်အလက် ထောင်ပေါင်းများစွာကို ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။

Stratfor ဆိုတဲ့ အွန်လိုင်းလုံခြုံရေးကုမ္ပဏီဟာ သူတို့ဆီမှာ အလုပ်အပ်ထားသူတွေရဲ့ သတင်းအချက်အလက် တွေကို တခြားလူ မသိနိုင်အောင် encrypt လို့ခေါ်တဲ့ ပုံဖျက်ဖုံးအုပ်တဲ့ နည်းပညာကိုသုံးပြီး လုံခြုံအောင် မလုပ်နိုင်ခဲ့တာကြောင့် ခိုးယူဖို့ လွယ်ကူသွားစေခဲ့တယ်လို့ မခံချိမခံသာဖြစ်အောင်ပြောပြီး ဒီကနေ့မှာ အွန်လိုင်းကနေ ထုတ်ပြန် ကြေညာထားပါတယ်။

Stratfor ကုမ္ပဏီမှာ အလုပ်အပ်ထားတဲ့သူတွေထဲမှာ ပင်တဂွန်စစ်ဌာနချုပ်၊ အမေရိကန်လေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ခိုးယူထားတဲ့ သတင်းအချက်အလက်တွေကို သုံးပြီး ကြက်ခြေနီ၊ CARE နဲ့ Save the Children အဖွဲ့တွေကို အလှူငွေတွေ ပို့ခဲ့တယ်လို့ Anonymous အဖွဲ့က ဆိုပါတယ်။

ထင်ရှားကျော်ကြား သူတွေဆီကနေ ခိုးယူထားတဲ့ သတင်း အချက်အလက်တွေကို သုံးပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပစ်မယ်လို့လည်း အဲဒီအဖွဲ့က အခိုင်အမာ ပြောထားပါတယ်။

အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ ကွန်ပြူတာစနစ်တွေထဲကို ခိုးဝင် ထွင်းဖောက်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သူတို့လုပ်တာလို့ Anonymous အဖွဲ့က ပြောပါတယ်။

This item is part of
XS
SM
MD
LG