သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ခုထိမရွေးနိုင် 


USA-CONGRESS/HOUSE
USA-CONGRESS/HOUSE

[[Zawgyi/Unicode]]

အမေရိကန်လွှတ်တော်မှာ အောက်လွှတ်တော် ဥက္ကဋ္ဌရွေးချယ်ဖို့မဲခွဲမှုတွေ သုံးရက်ဆက်တိုက် မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ဒီနေ့ သောကြာနေ့ နေ့ခင်းမှာ လွှတ်တော်အမတ်တွေ နောက်တကြိမ် ထပ်မံ မဲပေးကြဖို့ ရှိနေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Kevin McCarthy ကို အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်ရွေးချယ်ဖို့ အကြိမ်ကြိမ် အဆိုပြုမဲပေးခဲ့ကြပေမဲ့ ရီပတ်ဘလစ်ကန် ကွန်ဆာဗေးတစ်အမြင်ပြင်းထန်တဲ့ အမတ် ၂၀ လောက်က အပြင်းအထန် ဆက်ကန့်ကွက်နေတာကြောင့် လိုအပ်တဲ့ မဲအရေအတွက် မရဘဲ ဖြစ်နေတာပါ။ McCarthy ဟာ ကွန်ဆာဗေးတစ် အယူအဆကို ခိုင်ခိုင်မာမာ စွဲကိုင်သူမဟုတ်ဘူးလို့ သူတို့ကပြောပြီး ကန့်ကွက်နေကြတာပါ။

McCarthy ဟာ ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော် အမတ်အဖြစ် ၁၆ နှစ် တာဝန်ယူခဲ့သလို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းကာလအတွင်း ရီပတ်ဘလစ်ကန် လူနည်းစုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့သူပါ။ အသစ်ဖွဲ့စည်းတဲ့လွှတ်တော်မှာ သူ့ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့ ကြာသပတေးနေ့အထိ ၁၁ ကြိမ် မဲခွဲခဲ့ပေမဲ့ မအောင်မြင်သေးတာကြောင့် ဒီကနေ့ ထပ်ပြီး မဲပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့ လွှတ်တော် ကိုယ်စားလှယ် ၄၃၅ ယောက်ထဲက ထောက်ခံမဲ ၂၁၈ မဲ ရရှိဖို့ လိုအပ်ပေမဲ့ အမတ် ၂၀၀ လောက်ရဲ့ ထောက်ခံမှုကိုပဲ လောလောဆယ် ရရှိထားပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ဟာ သမ္မတနဲ့ဒုသမ္မတပြီးရင် အမြင့်ဆုံးတာဝန် ဖြစ်ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌကို‌ ပါတီတွင်းအမတ်တွေ ကန့်ကွက်လို့ မတင်မြှောက်နိုင်တာ အမေရိကန်သမိုင်းမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံး ဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဌ ရွေးပွဲ မပြီးပြတ်
please wait

No media source currently available

0:00 0:02:38 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]

အမရေိကနျအောကျလှှတျတောျဥက်ကဋ်ဌ ခုထိမရှေးနိုငျ





XS
SM
MD
LG