အမေရိကန်ပြည်ထောင်စုအတွင်းမှာ တရားမဝင်ဝင်ရောက်လာသူတွေရော၊ ဒုက္ခ သည် ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ ဝင်ရောက် လာသူတွေပါ သန်းနဲ့ ချီပြီးရှိနေပါတယ်။ ဒီလို အခြေအနေမှာ မကြာခင်ကမှ ဘော့စတွန် မာရသွန်ပြေး ပွဲမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သူတွေဟာ အခုလို ပြည်ပက ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေ ဖြစ်နေတာကြောင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေနဲ့ ပတ်သက်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေဟာ ပြည်တွင်း အလုပ်အကိုင် ကာကွယ်ရေးအတွက်သာမက နိုင်ငံတော် လုံခြုံရေးအတွက်ပါ ထည့်သွင်း စဉ်းစား ရမယ့် ကိစ္စတရပ် ဖြစ်လာနေပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ တရားမဝင်ဝင်ရောက်လာသူတွေနဲ့ ဗီဇာသက်တမ်း ကုန်ပြီး ဆက်လက် နေထိုင်နေသူ လူပေါင်း ၁၁ သန်းလောက်ရဲ့ အရေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို အမေရိကန်လွှွတ်တော်အတွင်းမှာ အာဏာရ ဒီမိုကရက်နဲ့ အတိုက်အခံ ရီပတ်ဘလီကင် ပါတီတို့ကြားမှာ အဓိက အခြေအတင် ဆွေးနွေးစရာ ကိစ္စရပ် ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းကို ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ မခင်ဖြူထွေး သုံးသပ် တင်ပြပေးထားပါတယ်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြင်ဆင်ရေး
