သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အပေါ် အရေးယူမှု အသစ် အိုဘားမား ကြေညာ


အမေရိကန်သမ္မတ အိုဘားမားနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကို ကွန်ပြူတာ ဆိုက်ဘာ ဖေါက်ထွင်း တိုက်ခိုက်မှုလုပ်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့သောကြာနေ့မှာ အမေရိကန်သမ္မတ Barack Obama က မြောက်ကိုရီးယား အပေါ် အရေးယူ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကို ပစ်မှတ်ထား ချမှတ်တဲ့ ဒဏ်ခတ်မှုဟာ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှု အပါအဝင် ရန်စတဲ့ လုပ်ရပ် အများအပြားအတွက် ပထမအဆင့်အနေနဲ့အရေးယူမှု လုပ်ဆောင်ခဲ့တာလို့ သမ္မတအိမ်ဖြူက ပြောပါတယ်။

အခု အသစ်ချမှတ်လိုက်တဲ့ အရေးယူမှုတွေဟာ အရင်ကတည်းက ချမှတ်ထားတဲ့ အရေးယူမှုတွေ အတွက် ပိုတင်းကြပ်လိုက်တာဖြစ်ပြီး၊ အရင်ကတည်းက လူပုဂ္ဂိုလ်တချို့ အတွက် အမေရိကန်ရဲ့ ဘဏ္ဍာငွေကြေးစံနစ်ကို လက်လှမ်းမမှီအောင် လုပ်ထားသလို အမေရိကန် နိုင်ငံသားတွေကို လည်း မြောက်ကိုရီးယား နဲ့ ဆက်သွယ်လုပ်ဆောင်မှု မလုပ်ဖို့ တားမြစ်ထားတာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ အရေးယူဒဏ်ခတ်မှု အများဆုံး အချမှတ်ခံနေရတဲ့ နိုင်ငံဖြစ်နေတာမို့ အခု သောကြာနေ့ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှုဟာ အရေးယူတာ သက်သက်မဟုတ်ပဲ ပြုပြင်ဖို့ လိုအပ်နေပြီဆိုတာ သိသာစေတဲ့ သဘောဖြစ်ပါတယ်။

အရေးယူခံရတဲ့ အဖွဲ့အစည်း ၃ ခုကတော့ မြောက်ကိုရီးယား ထောက်လှမ်းရေးရဲ့ RGB ဗျူရို၊ မြောက်ကိုရီးယားရဲ့ အစိုးရရဲ့ လက်နက် အဝယ်တော် ကိုရီးယား သတ္တုတူးဖေါ်ရေး ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနဲ့ သိပ္ပံဆိုင်ရာ သုတေသနအဖွဲ့ဖြစ်တဲ့ ကိုရီးယား Tangun ကော်ပိုရေးရှင်းတို့ ပါဝင်သလို အရေးယူခံရတဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကတော့ အဲဒီအဖွဲ့အစည်း ၃ ခုနဲ့ဖြစ်စေ မြောက်ကိုရီးယား အစိုးရနဲ့ ဖြစ်စေ တိုက်ရိုက် ဆက်နွယ်နေသူတွေ ဖြစ်ပါတယ်။

XS
SM
MD
LG